Hi, what are you looking for?
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က စတင်ပြီးတန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ဒီကနေ့ ဒီဇင်ဘာ ၂၇ရက် မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ နဲ့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်က သစ်ဖုလတောင်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြားက အရေးပါတဲ့ တပ်စခန်းကို သိမ်းနိုင်ခဲ့တာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၅ရက်မှာ သတင်းဖော်ပြပါတယ်။
နိုဝင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People’s Spring ဖားကန့်မှာ မနေ့ညပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သုံးပန်းအများအပြားကို KIA ၊KPDF ပူးပေါင်းတပ်က ဖမ်းမိခဲ့ပါတယ်။ ဆန်းကြွယ်နဲ့ ရှရော်ခရွာကို စစ်တပ်စစ်ကြောင်းဝင်လာလို့ ည၇နာရီခန့်ကစပြီး ညနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တာလို့ဒေသခံအချို့ကပြောပါတယ်။ “ စစ်ကြောင်းဝင်လာလို့ပိတ်ဆော်တာပါ။စစ်တပ်ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပါ ချတာ။ လေယာဉ်လည်းလာတယ်။ တိုက်ပွဲမှာတော့ ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေပါ...