Hi, what are you looking for?
"မကြာခင် အထိန်းသိမ်းခံထားရတဲ့ ရဲဘော်တွေအားလုံး လက်နက်နဲ့အတူမိခင်တပ်ရင်းဆီ ပြန်ရောက်မှာပါ။ကျနော်တို့ တော်လှန်ညီအကိုတွေ နားလည်မှုလွဲတာ အနည်းအကျဉ်းပဲရှိပါတယ်။ တခုပြောချင်တာက စစ်အာဏာရှင်နဲ့စစ်လော်ဘီတွေ အရမ်းဝမ်းသာမနေပါနဲ့။ ခင်ဗျားတို့ကို ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုတွေ တဆုံးအထိတိုက်မှာမပူပါနဲ့" - ဗျူဟာ (၃၃) နည်းဗျူဟာမှူး စောဒါးကို
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အထူးတိုင်းစစ်ဌာန ၊အမှတ်(၃၃) နည်းဗျူဟာ ရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီးနဲ့ PDFတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊တပ်မဟာ(၄)၊ တပ်ရင်း(၁၂)က ထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်အား နှစ်ဖက်စလုံးနဲ့ ချိတ်ဆက်ညှိနှိုင်းနေကြောင်း အထူးတိုင်းစစ်ဌာန၊ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက အသိပေးပါတယ်။