Hi, what are you looking for?
တအာင်းတပ်မတော်(TNLA) အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ရာထူးရယူမှုကို ဂုဏ်ပြု သဝဏ်လွှာပေးပို့တဲ့လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆေးတက္ကသိုလ်(မန္တလေး) ကြားကာလတက္ကသိုလ်ကောင်စီ ဧပြီ ၁၆ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး TNLAနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း အပြီးတိုင်ရပ်ဆိုင်းလိုက်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ဖွဲ့စည်းတဲ့အစိုးရအဖွဲ့ကို ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာဟာ PSLF/TNLA တစ်စုတစ်ဖွဲ့တည်းရဲ့ သဘောထားသာဖြစ်ပြီး တအာင်းပြည်ပညာရေးကောင်စီ(TLEC) ရဲ့ ရပ်တည်ချက် သဘောထားမဟုတ်ကြောင်း အတိအလင်း ရှင်းလင်းအပ်ပါတယ်လို့ TLEC က ဧပြီ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။
■ တော်လှန်ရေးလမ်းကြောင်းပေါ်မှာမားမားမတ်မတ် ပြန်လည်ရပ်တည်ရန်အပါအဝင်TNLAလိုက်နာပေးရန်အချက်(၃)ချက်ကို တောင်းဆို ဧပြီ-၁၆၊၂၀၂၆။နေ့သစ်/People’s Spring သင်္ကြန်ပွဲတော်ကာလအတွင်းမှာ အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့သတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို တအာင်းတပ်မတော်(PSLF/TNLA)က ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့တာဟာ တအာင်းပြည်သူလူထုရဲ့ နိုင်ငံရေး မျှော်မှန်းချက်၊ရပ်တည်ချက်နဲ့ လုံးဝ(လုံးဝ)ဆန့်ကျင်ကွဲလွဲနေတာကြောင့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSNက အချက်(၃)ကို...