သတင်း
သတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေပါက စစ်ကောင်စီ ဘက်တော်သားများ အဖြစ် သတ်မှတ်၍ အချိန်နေရာမရွေး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထီးလင်း YDFက ထုတ်ပြန်သည်။
Hi, what are you looking for?
သတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေပါက စစ်ကောင်စီ ဘက်တော်သားများ အဖြစ် သတ်မှတ်၍ အချိန်နေရာမရွေး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထီးလင်း YDFက ထုတ်ပြန်သည်။
ဖြစ်စဥ်အရ ဇူလိုင် ၂၈ ရက်တွင် ကျောမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပုထိုးလုံ (၁၂) မဂ္ဂါဝပ်သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအလုပ်ရုံအား YDF တပ်ရင်း (၁၂) မှ ဝင်ရောက်စီးနင်းခဲ့ရာ ကားလေးစီးနှင့်သေနတ်အတို တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း အသိ ပေးသည်။
ထိုတည်နေရာမှာရွှေစွန်ညိုတပ်ရင်းစခန်းခွဲတစ်ခုနှင့်အလွန်နီးကပ်ခဲ့ပြီး CDF-မင်းတပ် နှင့်တိုက်ပွဲတွင်အထိနာ၍ဆုတ်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် ဇွန်လ ၃၀ရက်နေ့တွင် ရွှေစွန်ညိုတပ်ရင်းစခန်းခွဲသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးသွားကြောင်း အသိပေးသည်။
"နယ်မြေစိုးမိုးမှုကို သူတို့ တောက်လျှောက်လုပ်နေတယ်။အဓိကတော့ ပြည်သူတွေ စစ်ဘေးရှောင်နေရတာတွေကြောင့် စိတ်အားမငယ်ဖို့ပါပဲ။မြေပြင်စစ်ရေးအရ အချိန်မရွေးတိုက်ပွဲတွေ ပြင်းထန်ဖို့လည်း ရှိနေတယ်"ဟု ၎င်းက ပြောသည်။
စစ်ကောင်စီကယောဒေသတိုက်ပွဲတွင်စစ်သားများသေဆုံးမှုကိုမထုတ်ပြန်ပေ။စစ်ကောင်စီက တိုက်ပွဲများတွင် စစ်သားများသေဆုံးထိခိုက်ပြီး အထိနာလျှင်ထုတ်ပြန်လေ့လည်းမရှိပေ။
အင်အား ၁၀၀ခန့် ရှိသော စစ်ကောင်စီတပ်သည် မေလ ၂၆ ရက် ညနေပိုင်းကစ၍ မြစ်သာဆည်တစ်ဝိုက်တွင် တပ်စွဲခဲ့ကာ တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးပါ အရန်သင့်ထားရှိထားသည်ဟု ဂန့်ဂေါမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
"YDF နဲ့ PDF စိုးမိုးနယ်မြေကို သူတို့ ပြန်ယူဖို့ ကြိုးစားနေတယ်။ဒါပေမယ့် မြေပြင် စစ် ကြောင်းက နေမလာပဲ ဝေဟင်ကနေ သုံးသွားတာ တွေက ရန်သူ စခ တပ်တွေ မြေပြင်စိုးမိုး မှုမရှိဘူးဆိုတာ သက်သေပဲ"ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
CDF မင်းတပ်ကလည်း " YDF ၏ မဟာမိတ်ကောင်း ပီသမှု ၊ သတ္တိရှိမှုများနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရှိသည့်တိုင် အတူတကွဆက်လက်ပူးပေါင်း တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း " သ၀ဏ်လွှာကို ပေးပို့ခဲ့သည်။
တိုက်ပွဲအတွင်း YDF(ထီးလင်း) ဘက်မှအထိ အခိုက်အကျအဆုံးမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သွေးကွက်များကိုတွေ့ရသော်လည်း ထိခိုက်မှုများကိုမူ အတိအ ကျမသိရသေးဟု ဖော်ပြသည်။
ဧပြီကစ၍ ထီးလင်းမြို့နယ်သို့ အင်အား ၁၀၀ကျော်ပါ တပ်မ(၁၁)စစ်ကြောင်းဝင်ရောက်ခဲ့ပြီး မြို့၏အနောက်ဘက်တစ်ကြောကို စစ်ထိုးခဲ့ကာ မေလ ၅ရက်တွင် ထီးလင်းမြို့ပေါ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။