Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ထိုင်ဝမ်ကျွန်းတဝိုက် စစ်ရေးလေ့ကျင့်မှုတွေ အောင်အောင်မြင်မြင် ပြီးဆုံးပြီလို့ တရုတ် ကြေညာ

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု အစီအမံတွေမှာ ပဲ့ထိန်း ဒုံးကျည်တွေ ၄ ရက်ဆက်တိုက် ပစ်လွှတ်ခဲ့တာအပြင် ရေငုပ်သင်္ဘော ရှာဖွေ ဖျက်ဆီးရေးနဲ့ ပင်လယ်ပြင်မှာ စီးနင်းတိုက်ခိုက်ရေး ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ အင်အား အလုံးအရင်းနဲ့ ပြုလုပ်ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှု အစီအစဉ်တွေ ပြီးဆုံးသွားပြီလို့ တရုတ် စစ်တပ်က ကြေညာခဲ့ပါတယ်။

တရုတ်က လက်အောက်ခံ ပိုင်နက် နယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် ကိုယ်ပိုင် အုပ်ချုပ်မှုနဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်ကို အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီ လာရောက် လည်ပတ်ခဲ့တဲ့ အခုလဆန်းပိုင်း ကတည်းက တရုတ်ရေတပ်နဲ့ လေတပ်ဟာ ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး စစ်ရေး လေ့ကျင့်နေခဲ့တာပါ။

ပလော့စီရဲ့ ခရီးစဉ်ကို ဆန့်ကျင် ကန့်ကွက်ကြောင်း ပြသခဲ့တဲ့ စစ်ရေး လေ့ကျင့်မှုတွေမှာ တရုတ်ရဲ့ စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ ရာနဲ့ချီ ပါဝင်ခဲ့သလို ပဲ့ထိန်းဒုံးကျည်တွေကိုလည်း လက်တွေ့ ပစ်ခတ်ခဲ့ပါတယ်။ ထိုင်ဝမ်ကတော့ တရုတ်ရဲ့ အင်အားပြ စစ်ရေး လေ့ကျင့်မှုတွေဟာ ကျူးကျော်စစ် ဆင်နွှဲဖို့ ပြင်ဆင်နေတဲ့ သဘောမျိုးလို့ စွပ်စွဲခဲ့ပါတယ်။ ပလော့စီရဲ့ ခရီးစဉ်ကို အကြောင်းပြပြီး စစ်ရေးလေ့ကျင့်တယ် ဆိုတာက အကြောင်းပြချက် သက်သက်သာ ဖြစ်တယ်လို့ ထိုင်ဝမ် အစိုးရက ပြောပါတယ်။

ဩဂုတ် ၁၀ ရက်မှာတော့ တရုတ်စစ်တပ်က ထိုင်ဝမ် ရေလက်ကြားတဝိုက် စစ်ရေး လေ့ကျင့်မှုတွေ အဆုံးသတ်ပြီး ပုံမှန် ကင်းလှည့်မှုတွေသာ လုပ်ဆောင်သွားတော့မယ်လို့ ကြေညာပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အကောင်အထည် ဖော်ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှုတွေကလည်း အပြည့်အဝ အောင်မြင်ခဲ့ကြောင်း တရုတ် စစ်ဘက် အရာရှိကြီးတွေက ပြောပါတယ်။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု အစီအမံတွေမှာ ပဲ့ထိန်း ဒုံးကျည်တွေ ၄ ရက်ဆက်တိုက် ပစ်လွှတ်ခဲ့တာအပြင် ရေငုပ်သင်္ဘော ရှာဖွေ ဖျက်ဆီးရေးနဲ့ ပင်လယ်ပြင်မှာ စီးနင်းတိုက်ခိုက်ရေး ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။

အမေရိကန်ကတော့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကျွန်းကို လက်တွေ့ တိုက်ခိုက်ပြီး သိမ်းယူတဲ့ သရုပ်တူ အပြင်အဆင်မျိုးတွေ ဖြစ်နေကြောင်း စွပ်စွဲပြီး ဒါဟာ ရမ်းကားပြီး အဆင်အခြင် ကင်းမဲ့တဲ့ လုပ်ရပ်မျိုးလို့ ဝေဖန်ထားပါတယ်။

တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်လိုက်ပြီလို့ ကြေညာတဲ့ နေ့မှာတောင် ထိုင်ဝမ် ရေလက်ကြားထဲမှာ တရုတ် စစ်လေယာဉ် ၃၆ စီးနဲ့ စစ်သင်္ဘော ၁၀ စီးလောက် လှုပ်ရှားနေဆဲလို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

တကယ့် ကျည်အစစ်၊ လက်နက် အစစ်တွေကို အသုံးပြုပြီး ဒုံးကျည် ပစ်ခတ်မှုတွေကိုပါ ထည့်သွင်းထားတဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ပလော့စီရဲ့ ခရီးစဉ်ကြောင့်လို့ အကြောင်းပြထားပေမယ့် တကယ်တမ်းတော့ တရုတ်ရဲ့ ကျူးကျော်စစ်ပွဲ ဖော်ဆောင်လိုတဲ့ သဘောထား အမှန်ကို ထင်ဟပ်စေတယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

မြေရှားသတ္တုကို လျှပ်စစ်ကားတွေ ၊ စမတ်ဖုန်းတွေ ၊ လျှပ်စစ်လေရဟတ်တွေအပါအဝင် လျှပ်စစ်ပစ္စည်းတွေမှာ အသုံးပြုတာဖြစ်ပါတယ်။

နိုင်ငံတကာ

ဝူရဲ့ လှည့်ဖျားမှုတွေ အလိမ်ပေါ်မယ့် ပြဿနာတွေက နှစ်ဆန်းပိုင်းလောက်မှာ အစပြုလာပါတယ်။ အဲဒီတုန်းက ဝူဟာ သူနဲ့ တွဲနေတဲ့ ဝမ်ဆိုတဲ့ အမျိုးသားကို အစ်ကိုအဖြစ် ဟန်ဆောင်ပေးဖို့ အကူအညီ တောင်းခဲ့ပါတယ်။

နိုင်ငံတကာ

အိုးယန်ရဲ့ ဟိုတယ်ခန်း ပြတင်းပေါက်တွေက အတွင်းဖက်ကနေ ပိတ်ထားဆဲ ဖြစ်သလို ဖောက်ထွင်း ဝင်လာတဲ့ လက္ခဏာမျိုး၊ ခိုက်ရန် ဖြစ်ပွားထားတဲ့ လက္ခဏာမျိုးလည်း မတွေ့ရပါဘူး။ သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ မရှိဘူးလို့ ဆိုပါတယ်။