Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချဖို့ အမေရိကန် သဘောတူ၊ တရုတ် ဒေါသထွက်

ထိုင်ဝမ်က ဒေါ်လာ ၁.၁ ဘီလီယံနဲ့ ဝယ်ယူဖို့ အဆိုပြုထားတဲ့ လက်နက်တွေထဲမှာ ကျွန်းနိုင်ငံဆီ ဦးတည်လာတဲ့ တိုက်ခိုက်မှုတွေကို ကြိုတင် ခြေရာခံ ထောက်လှမ်းနိုင်တဲ့ ရေဒါစနစ် တစ်ခုနဲ့ လေကြောင်း၊ ရေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေ ပါဝင်နေပါတယ်။

ထိုင်ဝမ်ကို ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး စစ်လက်နက်တွေ ရောင်းချဖို့ အမေရိကန်က သဘောတူလိုက်တဲ့အပေါ် တရုတ်က ခါးခါးသီးသီး တုံ့ပြန်ခဲ့ပါတယ်။

ထိုင်ဝမ်က ဒေါ်လာ ၁.၁ ဘီလီယံနဲ့ ဝယ်ယူဖို့ အဆိုပြုထားတဲ့ လက်နက်တွေထဲမှာ ကျွန်းနိုင်ငံဆီ ဦးတည်လာတဲ့ တိုက်ခိုက်မှုတွေကို ကြိုတင် ခြေရာခံ ထောက်လှမ်းနိုင်တဲ့ ရေဒါစနစ် တစ်ခုနဲ့ လေကြောင်း၊ ရေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေ ပါဝင်နေပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သိမ်းသွင်း သတ်မှတ်ထားချင်တာကြောင့် အမေရိကန်က အခုလို စစ်လက်နက်တွေ ရောင်းချမယ့်အပေါ် အကြီးအကျယ် ဒေါသထွက်နေခဲ့ပါတယ်။ မကြာသေးခင်ကလည်း အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီက ထိုင်ဝမ်ကို သွားရောက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်ခဲ့ပါသေးတယ်။

ထိုင်ဝမ်ကို စစ်လက်နက်တွေ ရောင်းချမယ့် သဘောတူညီမှုကို ပြန်မရုပ်သိမ်းရင် အမေရိကန် အစိုးရ အနေနဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံလာရစေမယ်လို့ ဝါရှင်တန် အခြေစိုက် တရုတ်သံရုံးက သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ သံရုံး ပြောရေးဆိုခွင့်ရ အရာရှိ လျူပန်ယုက အမေရိကန် အစိုးရရဲ့ လုပ်ဆောင်မှုတွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးဆိုးရွားရွား သက်ရောက် ထိခိုက်စေလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

ထိုင်ဝမ်ကို အမေရိကန်က စစ်လက်နက်တွေ ရောင်းပေးတာနဲ့ ပတ်သက်လို့ တရုတ်ဖက်က တရားဝင် နည်းလမ်းတွေနဲ့ လိုအပ်သလို တုံ့ပြန် စီမံသွားမယ်လို့လည်း သူက ဆိုပါတယ်။ အမေရိကန်က ရောင်းချပေးမယ့်ထဲမှာ ဒေါ်လာ ၆၅၅ သန်းတန် ကြိုတင် ထောက်လှမ်း အချက်ပေး ရေဒါစနစ် တစ်ခုနဲ့ ဒေါ်လာ ၃၅၅ သန်းတန် Harpoon ဒုံးကျည် အစင်း ၆၀ တို့ ပါဝင်ပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ထိုင်ဝမ် ရေလက်ကြားတဝိုက် ချဉ်းကပ်လာမယ့် ရန်သူ့ သင်္ဘောတွေကို တိုက်ခိုက် နှစ်မြှုပ်ပစ်နိုင်စွမ်း ရှိနေပါတယ်။

အမေရိကန်က ပေးပို့မယ့် လက်နက်တွေထဲမှာ မြေပြင်ကနေ ဝေဟင်ကိုရော၊ ဝေဟင်ကနေ ဝေဟင်ကိုပါ ပစ်ခတ်နိုင်မယ့် ဒေါ်လာ ၈၅.၆ သန်းတန် Sidewinder ဒုံးကျည်တွေလည်း ပါဝင်လိမ့်မယ်လို့ ပင်တဂွန် စစ်ဦးစီး ဌာနချုပ်က ထုတ်ပြန်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီ လက်နက် အရောင်းအဝယ် သဘောတူညီမှုဟာ ထိုင်ဝမ်ရဲ့ လုံခြုံရေးအတွက အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာမယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

၎င်းအနေဖြင့် ထိုင်းနိုင်ငံဘက်သို့ အလုပ်ရှာပြီး မိဘကို ပြန်လည်ထောက်ပံရန် စိတ်ကူးထားကြောင်းလည်း တပ်သား သန့်ဇင်အောင်က ပြောကြားခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်သားရဲ့ ရှေ့ဆက်ရည်မှန်းချက်နဲ့ပတ်သက်ပြီး ကေအဲန်ယူ-မူတြော်ခရိုင်တာဝန်ရှိသူတွေအနေနဲ့ သေသေချာချာစီမံဆောင်ရွက်ပေးနေတယ်လို့လည်း ခရိုင်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

သတင်း

CDM များကိုဆက်လက်ကြိုဆိုသွားမည်ဖြစ်ပြီး လက်နက်အပြည့်အစုံပါရှိမှုပေါ်မူတည်၍ ထိုက် တန်စွာ ဂုဏ်ပြုပေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံတကာ

ဒီအတောအတွင်း NATO မဟာမိတ် အဖွဲ့ အကြီးအကဲ ဂျန်စ်စတိုလ်တန်ဘက်ဂ်ဟာ ကနေဒါနဲ့ ဆက်စပ်နေတဲ့ အာတိတ် ဒေသကို သွားရောက် လည်ပတ်ခဲ့ရာမှာ ရုရှားရဲ့ ဒေသတွင်း စစ်ရေး လှုပ်ရှားမှုတွေဟာ NATO အတွက် မဟာဗျူဟာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။