Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အာဖဂန်မှာ အမြောက်ဆန်ဟောင်းနဲ့ ဆော့ကစားကြရာက ပေါက်ကွဲမှုဖြစ်လို့ ကလေး ၄ ဦးသေ

အာဖဂန်ဟာ စစ်ပွဲတွေရဲ့ဒဏ်ကို ဆယ်စုနှစ်တွေနဲ့ချီ သက်ရောက် ခံစားခဲ့ရတဲ့ နိုင်ငံ တစ်ခုဖြစ်ပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက် ပစ္စည်း အကြွင်းအကျန် အစအနတွေ အမြောက်အမြားက လူနေ ဧရိယာတွေနဲ့ မနီးမဝေးမှာ ကြွင်းကျန်နေဆဲပါ။

အာဖဂန် နစ္စတန်က ကျောင်းတစ်ကျောင်းမှာ မပေါက်ကွဲသေးတဲ့ အမြောက်ကျည်ဆန်ဟောင်း တစ်ခုကို ဆော့ကစားကြရာက ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ် ၄ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ကလေးတွေဟာ အဲဒီ ဗုံးဆန်အဟောင်းကြီးကို ဆရာ၊ ဆရာမတွေ မသိဘဲ ကျောင်းထဲထိ သယ်လာကြတာလို့ ရဲတွေက ပြောပါတယ်။ နောက်တော့ ကျောင်းမှာ ရှိနေတဲ့ တခြား ကလေးတွေနဲ့ အတူ ဆော့ကစားကြရင်း ထပေါက်ကွဲခဲ့တာပါ။ ဒီဖြစ်စဉ်ကြောင့် ကလေး ၄ ဦး သေဆုံးပြီး နောက်ထပ် ၃ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

ဟယ်လ်မန် ပြည်နယ် ရဲချုပ်ရုံးက ဘာသာရေးကျောင်း တစ်ခုမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် သေဆုံးတဲ့ ကလေးတွေဟာ အသက် ၇ နှစ်နဲ့ ၁၄ နှစ်ကြား အရွယ်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အာဖဂန်ဟာ စစ်ပွဲတွေရဲ့ဒဏ်ကို ဆယ်စုနှစ်တွေနဲ့ချီ သက်ရောက် ခံစားခဲ့ရတဲ့ နိုင်ငံ တစ်ခုဖြစ်ပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက် ပစ္စည်း အကြွင်းအကျန် အစအနတွေ အမြောက်အမြားက လူနေ ဧရိယာတွေနဲ့ မနီးမဝေးမှာ ကြွင်းကျန်နေဆဲပါ။

ဆင်းရဲနွမ်းပါးတဲ့ အာဖဂန် မိသားစုတွေမှာ ကလေးငယ်တွေက သံတိုသံစတွေ လိုက်ကောက်ပြီး ပြန်ရောင်းလို့ရတဲ့ ငွေနဲ့ မိသားစုကို ထောက်ပံ့လေ့ ရှိတာကြောင့် ဒီလို စစ်လက်နက် အကြွင်းအကျန်တွေရဲ့ အန္တရာယ်က အရမ်း ကြောက်စရာ ကောင်းနေပါတယ်။ အရင်ကလည်း စစ်လက်နက် အဟောင်းတွေ ပေါက်ကွဲလို့ အာဖဂန်မှာ အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးတာမျိုး သတင်းတွေ ကြားခဲ့ဖူးပါတယ်။

အခု သီတင်းပတ်ကုန် ဖြစ်စဉ်မှာတော့ ကလေးငယ် ၃ ဦးဟာ ပေါက်ကွဲတဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ် မိန်းကလေး တစ်ယောက်ကတော့ ဒဏ်ရာတွေ ပြင်းလွန်းတာကြောင့် ဆေးရုံ အရောက်မှ ကွယ်လွန်သွားခဲ့တာပါ။ ဒဏ်ရာရထားတဲ့ တခြား ကလေးငယ်တွေကိုတော့ လက်ရှ်ကာဂါးဟ်က ဆေးရုံတစ်ခုမှာ ဆက်လက် ကုသပေးနေဆဲလို့ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲမှာ ၄နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ အပြင်းအထန် ဒဏ်ရာရသူများပြားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ MA-3 သေနတ် (၁)လတ် ၊ ခဲယမ်း နှင့်ကျည်ဆန်များကို သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြခဲ့သည်။

သတင်း

အဆိုပါဖြစ်စဥ်တွင် ရွှေဘိုခရိုင်တပ်ရင်း(၇)၊ တန့်ဆည် နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ.(ပ.လ.ဖ)၊ မြောက်ပိုင်းမဟာမိတ်ဖွဲ့(ဓူဝံ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိကာ မစိုးရိမ်ရကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းကို ဆက် လက်စောင့်ကြည့်နေဆဲ ဖြစ်ပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း PDF Taung Dwin Region မင်းကင်းတပ်ဖွဲ့က ဖော်ပြသည်။

သတင်း

ပျူစောထီးပစ်ခတ်ခံရသည့် တက်တူရွာသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုအားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး မီးရှို့ဖျက်ဆီးခြင်းများ ခံခဲ့ရဖူးသည်။