Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ရုရှား လက်အောက် ကျရောက်ခဲ့တဲ့ နယ်မြေတချို့ကို ယူကရိန်း ပြန်လည် သိမ်းယူလာနိုင်

ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်မြေတချို့ကို ထိန်းချုပ် သိမ်းပိုက်ထားပါတယ်။ ယူကရိန်း စစ်တပ်ဟာ အဲဒီနယ်မြေတွေ ပြန်ရဖို့အတွက် တန်ပြန်ထိုးစစ် အစပြုဖို့ သီတင်းပတ်ပေါင်းများစွာ ပြင်ဆင်ခဲ့ပြီး မကြာသေးခင် ရက်ပိုင်းမှာတော့ တောင်ပိုင်း ဒေသတွေမှာ ထိုးစစ်တွေ စတင်နိုင်ခဲ့တာပါ။

နိုင်ငံ တောင်ပိုင်းမှာ စတင်ဆင်နွှဲနေတဲ့ တန်ပြန် စစ်ဆင်ရေးတွေအတွင်း ရုရှားလက်အောက် ကျရောက်နေတဲ့ မြို့တွေကို ဆက်တိုက် ပြန်လည် သိမ်းယူနေနိုင်ကြောင်း ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။

တစ်ပတ်လောက် အတွင်းမှာတင် နိုင်ငံတောင်ပိုင်းက မြို့ငယ် ၃ ခုဟာ ယူကရိန်း တပ်တွေ လက်အောက် ပြန်လည် ကျရောက်ခဲ့ပြီး ရုရှားရဲ့ ဒေသခံ လုံခြုံရေး အေဂျင်စီ တစ်ခုကိုလည်း ဖျက်စီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်မြေတချို့ကို ထိန်းချုပ် သိမ်းပိုက်ထားပါတယ်။ ယူကရိန်း စစ်တပ်ဟာ အဲဒီနယ်မြေတွေ ပြန်ရဖို့အတွက် တန်ပြန်ထိုးစစ် အစပြုဖို့ သီတင်းပတ်ပေါင်းများစွာ ပြင်ဆင်ခဲ့ပြီး မကြာသေးခင် ရက်ပိုင်းမှာတော့ တောင်ပိုင်း ဒေသတွေမှာ ထိုးစစ်တွေ စတင်နိုင်ခဲ့တာပါ။

အစောပိုင်းမှာ ယူကရိန်း အစိုးရက ထိုးစစ်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့ပေမယ့် အခုတော့ စစ်ဆင်ရေးတွေ အောင်မြင်နေကြောင်း ထုတ်ပြောလာခဲ့ပါတယ်။ အခုဆိုရင် ခါဆွန် ပြည်နယ်ထဲက မြို့ငယ် ၃ ခုမှာ ရုရှားအလံတွေ ဖြုတ်ချပြီး ယူကရိန်း အလံတွေ ပြန်လည် လွှင့်ထူနိုင်ခဲ့ပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဆိုပါတယ်။

ယူကရိန်း သမ္မတရုံးက ခါဆွန်မှာရှိတဲ့ မြို့နယ် အုပ်ချုပ်ရေးရုံး တစ်ခုမှာ ယူကရိန်း စစ်သားတွေက နိုင်ငံတော်အလံ တက်ပြီး လွှင့်ထူနေတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ထုတ်ပြန် ပြသခဲ့ပါတယ်။ ယူကရိန်းတပ်တွေ ပြန်လည် ထိန်းချုပ်လိုက်တဲ့ အဲဒီ ဗိုင်ဆော့ကိုပိုင်လာဆိုတဲ့ မြို့ငယ်လေးဟာ ပြည်နယ်မြို့တော် ခါဆွန်ရဲ့ မြောက်ဖက်မှာ တည်ရှိနေပါတယ်။

ယူကရိန်းဟာ နိုင်ငံအရှေ့ပိုင်း ဒေသတွေမှာ ရုရှားရဲ့ ကြမ်းတမ်းလှတဲ့ လက်နက်ကြီး ပစ်ခတ်မှုဒဏ်တွေကို အလူးအလဲ ခံစားခဲ့ရပြီးတဲ့နောက် အခုအခါ တန်ပြန် ထိုးစစ်တွေ ပြန်စနေပြီလို့လည်း သိရပါတယ်။ ယူကရိန်း သမ္မတရဲ့ အကြံပေး ပုဂ္ဂိုလ် မစ်ခ်ဟိုင်လို ပိုဒိုလ်ယက်ခ်က ရုရှား သိမ်းပိုက်ထားရာ ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ တခြားဒေသတွေက ပြည်သူတွေ အနေနဲ့ ဗုံးခိုကျင်းတွေ ကြိုတင် ပြင်ဆင်ထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ နောင်တစ်ချိန်မှာ ယူကရိန်းရဲ့ နယ်မြေ အားလုံးဟာ ယူကရိန်းလက်ထဲ ပြန်ရောက်လာစေရမယ်လို့လည်း သူက Twitterမှာ ရေးသားထားခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဩဂုတ်အတွင်း စစ်ကောင်စီတပ်က လေကြာင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့၍ အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ဒစ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

ဆောင်းပါး

❝ဒုက္ခသည်ရေးရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဂျပန်ရဲ့ အထိုက်အလျောက် ဖြေလျှော့မှုတွေဟာ ယူကရိန်းနဲ့ မြန်မာကြားမှာ ညီမျှမှု မရှိသလို နိုင်ငံရေး သဘောတရားတွေလည်း ကိန်းအောင်းနေနိုင်တယ်လို့ တိုကျိုမြို့တော်က နိုင်ငံတကာ ခရစ်ယာန် တက္ကသိုလ်ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ ပါမောက္ခ စတီဖန် နက်ဂီက ထောက်ပြပါတယ် ❞

နိုင်ငံတကာ

ရုရှား စုံထောက်တွေကတော့ မာဂါနော့ဗ် သေဆုံးမှု အကြောင်းရင်းမှန်ကို သိရှိဖို့ အခင်းဖြစ်ရာ နေရာကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့သာ မတင်မကျ ပြောဆိုထားပါတယ်။

ဗီဒီယို

ရုရှားစစ်တပ်မှာ အမြဲတမ်း တပ်ဖွဲ့ဝင် အရေအတွက် အပြောင်းအလဲကို ကြေညာတာက ၅ နှစ်အတွင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။