Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ယာဉ်မတော်တဆမှု ဖြစ်ခဲ့တဲ့ ယူကရိန်း သမ္မတ

ယူကရိန်းရဲ့ တန်ပြန် ထိုးစစ်ကြောင့် ရုရှားတပ်တွေဟာ ခါကော့ဗ်ပြည်နယ်ကနေ ဆုတ်ခွာခဲ့ရပြီး အရှေ့ဖျား ပိုကျတဲ့ ဒွန်းဘက်စ် ပြည်နယ်ထဲမှာ ခံစစ်အတွက် စုရုံးပြင်ဆင်နေရကြောင်းလည်း သိရပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ကိယက်ဗ်မြို့တော်မှာ သမ္မတယာဉ်တန်း ဖြတ်သန်း မောင်းနှင်နေတုန်း အိမ်စီးကား တစ်စီးက သမ္မတရဲ့ စီးတော်ယာဉ်ကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။ ဇီလန်စကီးကို ဆရာဝန် တစ်ယောက်က ကျန်းမာရေး စစ်ဆေးမှုတွေ ချက်ချင်း လုပ်ဆောင်ပေးခဲ့ပြီး ဘာပြဿနာမှ မရှိဘူးလို့ အတည်ပြုခဲ့ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရ အရာရှိ ဆာဂျီ နစ်ကီဖော်ရော့ဗ်က ပြောပါတယ်။

သမ္မတ ယာဉ်တန်းကို ဝင်တိုက်မိတဲ့ ယာဉ်မောင်းကိုလည်း အခင်းဖြစ်တဲ့ နေရာမှာ ကနဦး စစ်ဆေးကုသမှုတွေ ပြုလုပ်ပေးပြီးတဲ့နောက် ဆေးရုံကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ ယူကရိန်း ယာဉ်ထိန်းရဲ ဌာနက တာဝန်ယူ စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ ဆိုပါတယ်။

အသက် ၄၄ နှစ်အရွယ် သမ္မတ ဇီလန်စကီးဟာ ရုရှားစစ်တပ် လက်ထဲကနေ ယူကရိန်း ပြန်လည် သိမ်းယူထားရာ အစ်ဇ်ယမ်မြို့ရဲ့ ရှေ့တန်း စစ်မြေပြင်ထိ သွားရောက်စစ်ဆေးခဲ့ပြီး အပြန်မှာ အခုလို ယာဉ်မတော်တဆမှု ကြုံခဲ့တာ ဖြစ်ပါတယ်။

အစ်ဇ်ယမ်ကို ရောက်ရှိခဲ့တဲ့ ခရီးစဉ် အတောအတွင်း ဇီလန်စကီးဟာ ရွပ်ရွပ်ချွံချွံ အမှုထမ်းပေးခဲ့တဲ့ ယူကရိန်း စစ်သည်တွေကို ကျေးဇူးတင်စကား အလေးအနက် ပြောခဲ့ပြီး မြို့ထဲက အလံတင် အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ယူကရိန်းဟာ နိုင်ငံအရှေ့ပိုင်း နယ်မြေတွေမှာ စစ်ရေးအရ သိသိသာသာ အသာစီး ပြန်ရလာနေပြီး ရုရှားလက်ထဲ ကျရောက်နေတဲ့ နယ်မြေတွေကို ဆက်တိုက် သိမ်းယူနိုင်ခဲ့ပါတယ်။

ယူကရိန်းရဲ့ တန်ပြန် ထိုးစစ်ကြောင့် ရုရှားတပ်တွေဟာ ခါကော့ဗ်ပြည်နယ်ကနေ ဆုတ်ခွာခဲ့ရပြီး အရှေ့ဖျား ပိုကျတဲ့ ဒွန်းဘက်စ် ပြည်နယ်ထဲမှာ ခံစစ်အတွက် စုရုံးပြင်ဆင်နေရကြောင်းလည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

ဂူတာရက်စ်ဟာ ပူတင်ဆီ ဖုန်းမဆက်ခင် ဩဂုတ် လလယ်လောက်တုန်းကလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ သွားရောက် တွေ့ဆုံခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ဒီအခြေအနေတွေက ရုရှားအပေါ် ယူကရိန်းက အောင်ပွဲ ခံနိုင်ခြေ ရှိနေတယ်ဆိုတဲ့ အယူအဆကို တွန်းအားပေးခဲ့ပြီး ယူကရိန်းအတွက် စစ်လက်နက် ပံ့ပိုးပေးနေတဲ့ မဟာမိတ်တွေကိုလည်း အားတက်လာစေလိမ့်မယ်လို့ နိုင်ငံတကာရေးရာ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

နိုင်ငံတကာ

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီဂေါ် ကိုနာရှန်ကော့ဗ်ကတော့ ယူကရိန်း အရှေ့ပိုင်း ဒွန်းညက်စ် ဒေသမှာ အင်အား ပြန်စုဖို့အတွက် ခါကစ်ဗ်က တပ်တွေကို ရုပ်သိမ်းစေခဲ့တာသာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

နိုင်ငံတကာ

အခုဆိုရင် ရုရှားလက်အောက် ရောက်နေတဲ့ မြို့ငယ်ရွာငယ်ပေါင်း ၃၀ ကျော်လောက်ထိ ယူကရိန်း တပ်တွေက လွတ်လပ်ရေး ဆောင်ယူပေးနိုင်ခဲ့ပြီလို့ ဇီလန်စကီးက ဆိုပါတယ်။ ယူကရိန်း တပ်တွေဟာ ခါကစ်ဗ် ဒေသမှာ အဓိက အာရုံစိုက်ပြီး တန်ပြန် ထိုးစစ်တွေ ဆင်နွှဲနေတာ ဖြစ်ပါတယ်။