Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

နိုင်ငံတကာရေးရာ လေ့လာသူတွေကတော့ မြောက်ကိုရီးယားက ဝါဒဖြန့် စကားတိုင်းကို အတည်ယူလို့ မရပေမယ့် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ပဲ့ထိန်းဒုံးတွေ စမ်းသပ်နေတယ် ဆိုတာကို ပေါ့ပေါ့ဆဆတော့ မတွက်သင့်ဘူးလို့ ဆိုပါတယ်။

နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်နိုင်တဲ့ မဟာဗျူဟာ ဒုံးကျည်နှစ်စင်း စမ်းသပ်မှုကို ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းကိုယ်တိုင် ကြီးကြပ် ကွပ်ကဲခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ဒုံးကျည်တွေကို အောက်တိုဘာ ၁၂ ရက်နေ့က အောင်အောင်မြင်မြင် ပစ်လွှတ် စမ်းသပ်နိုင်ခဲ့ပြီး ကိုရီးယား ပြည်သူ့ တပ်မတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို အထင်အရှား မြှင့်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။ ပြီးတော့ ဒုံးကျည် စမ်းသပ်မှု ရလဒ်တွေ အပေါ်မှာလည်း ခေါင်းဆောင်ကြီး ကင်မ်က အထူးတလည် နှစ်ထောင်းအားရ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်လောက်ကစလို့ ဒုံးကျည် စမ်းသပ်မှုတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ အောက်တိုဘာ ၁၂ ရက်က ထပ်မံပစ်လွှတ်တဲ့ ပဲ့ထိန်း ဒုံးကျည်တွေကတော့ ကီလိုမိတာ ၂၀၀၀ လောက်ထိ ပျံသန်းပြီး ပင်လယ်ပြင်ထဲ ကျရောက်သွားခဲ့ပါတယ်။

KCNAက ဒုံးကျည်နှစ်စင်းဟာ ရည်မှန်း ပစ်မှတ်တွေကို တည့်တည့်မတ်မတ် ထိမှန်ခဲ့တယ်လို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေတော့ မထုတ်ပြန်ပါဘူး။ အခု ဒုံးကျည် စမ်းသပ်မှုတွေဟာ မြောက်ကိုရီးယားရဲ့ ရန်သူတွေအတွက် နောက်တစ်ကြိမ် လေးလေးနက်နက် သတိပေးလိုက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် ကိုရီးယား ကျွန်းဆွယ်နဲ့ ဆက်စပ် ဒေသတွေ လုံခြုံရေးအတွက် အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေ ပူးပေါင်း လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာရေးရာ လေ့လာသူတွေကတော့ မြောက်ကိုရီးယားက ဝါဒဖြန့် စကားတိုင်းကို အတည်ယူလို့ မရပေမယ့် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ပဲ့ထိန်းဒုံးတွေ စမ်းသပ်နေတယ် ဆိုတာကို ပေါ့ပေါ့ဆဆတော့ မတွက်သင့်ဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်တွေ၊ နျူကလီးယား လက်နက်တွေ စမ်းသပ်တာမျိုး မလုပ်ဖို့ ကုလသမဂ္ဂရဲ့ အရေးယူ တားမြစ်မှုကို မလိုက်နာဘဲ မဟာဗျူဟာ ဒုံးကျည်တွေ ဆက်တိုက် ပစ်လွှတ်ခဲ့သလို အခုနှစ် မကုန်ခင် နျူကလီးယားဗုံးတစ်လုံး စမ်းသပ်ဖောက်ခွဲဖွယ် ရှိနေကြောင်း ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

နိုင်ငံတကာ

KCNAရဲ့ ဖော်ပြချက်အရ နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေကို အခုနောက်ဆုံး စမ်းသပ်ခဲ့တဲ့ အစီအစဉ် အားလုံးကို ကင်မ်ကိုယ်တိုင် ကြီးကြပ် ကွပ်ကဲခဲ့ကြောင်းလည်း သိရပါတယ်။

ဗီဒီယို

သူရည်ညွှန်းတာက ရုရှား သိမ်းပိုက်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်က တံတားတစ်စင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကို ဆိုလိုတာပါ။ ပူတင်က အဲဒီကိစ္စဟာ ယူကရိန်း ကျူးလွန်တဲ့ အကြမ်းဖက်မှုလို့ စွပ်စွဲထားပေမယ့် ယူကရိန်းကတော့ ဝန်ခံတာ၊ ငြင်းဆန်တာ ဘာတစ်ခုမှ မရှိဘဲ နှုတ်ဆိတ်နေပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည်တွေဟာ အရပ်ဖက် လေကြောင်း ပျံသန်းမှုတွေကို ထိခိုက်နိုင်တယ်လို့ ဝေဖန် စွပ်စွဲနေခြင်းက အမေရိကန်နဲ့ အပေါင်းအပါတွေရဲ့ နောက်ကွယ်က ပုံကြီးချဲ့ သွေးထိုးမှုသာ ဖြစ်တယ်လို့လည်း KCNAက တုံ့ပြန်ပါတယ်။

ဗီဒီယို

နောက်ပိုင်းမှာတော့ မြောက်ကိုရီးယား လေယာဉ်တွေဟာ သရုပ်တူ ဗုံးကြဲလေ့ကျင့်မှု တစ်ခုကို ပြုလုပ်ပြီး လှည့်ပြန်သွားခဲ့ကြပါတယ်။ တောင်ကိုရီးယား လေတပ်ကတော့ နောက်ထပ် နာရီပိုင်းလောက်ထိ အသင့်အနေအထား တပ်လှန့်ပြီး အခြေအနေကို ဆက်စောင့်ကြည့်ခဲ့ပါတယ်။