Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဘိုင်ဒန်က ပူတင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှာ မဟုတ်ကြောင်း အိမ်ဖြူတော်ပြော

သမ္မတ ဘိုင်ဒန်က ရုရှားအနေနဲ့ စစ်ပွဲကို အမှန်တကယ် အဆုံးသတ်ချင်တယ်ဆိုရင် စားပွဲဝိုင်းမှာ ဆွေးနွေးဖို့ လေးလေးနက်နက် ကမ်းလှမ်းမှုမျိုးကို ယုံကြည်ထိုက်တဲ့ အတိုင်းအတာမျိုးထိ ပြသဖို့ လိုတယ်လို့ ယုံကြည်ထားကြောင်း ဂျင်းပီယေးက ဆိုပါတယ်။

G-20 ညီလာခံမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဆန္ဒမရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သွားပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က နောက်လမှာ ပြုလုပ်မယ့် ညီလာခံကြီးမှာ ပူတင် အနေနဲ့ အမေရိကန် အပါအဝင် အနောက် မဟာမိတ် နိုင်ငံတွေဖက်ကသာ ကမ်းလှမ်းလာရင် ယူကရိန်းအရေးကို ဆွေးနွေးသွားဖို့ လမ်းဖွင့်ထားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ကာရင်ဂျင်းပီယေးကတော့ ရုရှားက ထိန်းသိမ်းထားတဲ့ အမေရိကန် အမျိုးသမီး ဘတ်စကက်ဘောကြယ်ပွင့် ဘရစ်နီ ဂရင်နာ လွတ်မြောက်ရေး ကိစ္စအတွက်တောင် ပူတင်နဲ့ မျက်နှာချင်းဆိုင်ဖို့ ဘိုင်ဒန်က ဆန္ဒမရှိကြောင်း ယတိပြတ် ပြောဆိုသွားပါတယ်။

သမ္မတ ဘိုင်ဒန်က ရုရှားအနေနဲ့ စစ်ပွဲကို အမှန်တကယ် အဆုံးသတ်ချင်တယ်ဆိုရင် စားပွဲဝိုင်းမှာ ဆွေးနွေးဖို့ လေးလေးနက်နက် ကမ်းလှမ်းမှုမျိုးကို ယုံကြည်ထိုက်တဲ့ အတိုင်းအတာမျိုးထိ ပြသဖို့ လိုတယ်လို့ ယုံကြည်ထားကြောင်း ဂျင်းပီယေးက ဆိုပါတယ်။

အစောပိုင်းတုန်းက ဘိုင်ဒန်ဟာ CNNနဲ့ အင်တာဗျူးမှာ သူ့အနေနဲ့ ပူတင်ကို တွေ့ဆုံမှာ မဟုတ်ကြောင်း၊ ခြွင်းချက်အဖြစ် ဂရင်နာကို လွှတ်ပေးဖို့ ရုရှားက ကမ်းလှမ်းလာရင်တော့ စဉ်းစားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဂရင်နာဟာ ဖေဖော်ဝါရီလတုန်းက မော်စကိုမှာရှိတဲ့ လေဆိပ်တစ်ခုမှာ ဆေးခြောက်အဆီပါတဲ့ အီလက်ထရောနစ် စီးကရက်ကို သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရာက ဖမ်းဆီး ခံခဲ့ရပြီး ထောင်ဒဏ် ၉ နှစ် ချမှတ် ခံထားရပါတယ်။ ဂရင်နာက သူ့ပြစ်ဒဏ်ကို အယူခံ ဝင်ထားပြီး ရုရှား တရားရုံး တစ်ခုက အဲဒီ အယူခံကို အောက်တိုဘာ ၂၅ ရက်မှာ ကြားနာမယ်လို့ ရက်ချိန်း သတ်မှတ်ထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

ဗီဒီယို

သူရည်ညွှန်းတာက ရုရှား သိမ်းပိုက်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်က တံတားတစ်စင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကို ဆိုလိုတာပါ။ ပူတင်က အဲဒီကိစ္စဟာ ယူကရိန်း ကျူးလွန်တဲ့ အကြမ်းဖက်မှုလို့ စွပ်စွဲထားပေမယ့် ယူကရိန်းကတော့ ဝန်ခံတာ၊ ငြင်းဆန်တာ ဘာတစ်ခုမှ မရှိဘဲ နှုတ်ဆိတ်နေပါတယ်။

သတင်း

အဆိုပါ ကမ်းလှမ်းချက်တွင် လက်ရှိ နိုင်ငံတဝန်း ၌ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်များကို ဖော်ပြထားခြင်းမပြုပေ။

နိုင်ငံတကာ

ရုရှားရဲ့ လုပ်ရပ်ကို နိုင်ငံတကာက အသိအမှတ် မပြုသလို အနောက်မဟာမိတ် နိုင်ငံတွေနဲ့ ယူကရိန်း အစိုးရက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ရုရှားရဲ့ လုပ်ရပ်ဟာ တရားမဝင်သလို တင်းမာမှုတွေကို ပိုမို ဆိုးရွားစေလိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ ကတည်းက အမေရိကန် အစိုးရ အရာရှိတွေဟာ ရုရှားအနေနဲ့ စစ်မြေပြင်မှာ ဆက်တိုက်လိုလို ဝက်ဝက်ကွဲ အရေးနိမ့်လာမှုတွေကြောင့် နျူကလီးယား အပါအဝင် ဖျက်ဆီးအား ပြင်းထန်တဲ့ စစ်လက်နက်တွေ ထုတ်သုံးကောင်း သုံးလာနိုင်တယ်လို့ အစဉ်တစိုက် သတိပေးလာခဲ့ပါတယ်။