Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အမေရိကန် လေ့ကျင့်ပေးထားတဲ့ အာဖဂန် ကွန်မန်ဒိုဟောင်းတွေကို ယူကရိန်း စစ်ပွဲအတွက် ရုရှား ငှားရမ်းအသုံးပြုနေ

ရုရှားကို အာဖဂန် ကွန်မန်ဒိုဟောင်း ဘယ်နှယောက်ထိ ရောက်ရှိနေပြီလဲ ဆိုတာကို မသိရသေးပေမယ့် နောက်ထပ် ၄၀၀ လောက်ကတော့ ရုရှားဆီက ကမ်းလှမ်းမှုတွေ ရရှိထားပြီး စဉ်းစားနေဆဲလို့လည်း သိရပါတယ်။

အမေရိကန်က လေ့ကျင့်ပေးထားတဲ့ အာဖဂန်နစ္စတန် ကွန်မန်ဒို စစ်သားဟောင်းတွေကို ယူကရိန်း စစ်ပွဲအတွက် ရုရှားက ငှားရမ်း အသုံးပြုနေကြောင်း သိရပါတယ်။

အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းသွားပြီး တာလီဘန် စစ်သွေးကြွတွေ အာဏာရလာတဲ့ အချိန်မှာ အာဖဂန် တပ်ဖွဲ့ဝင် တော်တော်များများက ပြည်ပကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ အမေရိကန်က လေ့ကျင့်ပေးပြီး အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့အတူ တိုက်ပွဲဝင်ဖူးတဲ့ အထူးကွန်မန်ဒို တော်တော်များများလည်း အီရန်ကို ရောက်သွားပါတယ်။

အီရန်နဲ့ ရုရှားတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေတဲ့နောက် အီရန်မှာ ခိုလှုံနေတဲ့ အဲဒီ အာဖဂန် ကွန်မန်ဒိုဟောင်းတွေကို ရုရှားက ကြေးစားအဖြစ် ဆက်သွယ် ကမ်းလှမ်းလာခဲ့တာလို့ အာဖဂန် စစ်ဗိုလ်ချုပ်ဟောင်း ၃ ဦးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အခုဆိုရင် ယူကရိန်း စစ်မြေပြင်မှာ လက်တွေ့ တိုက်ပွဲဝင်နေတဲ့ အာဖဂန် ကွန်မန်ဒိုဟောင်းတွေ ရှိနေပြီလို့လည်း သိရပါတယ်။ အမေရိကန်က စနစ်တကျ လေ့ကျင့်ပေးထားတဲ့ အာဖဂန် ကွန်မန်ဒိုဟောင်းတွေဟာ ရုရှားရဲ့ နိုင်ငံခြားသား ကြေးစား တပ်ဖွဲ့ (Wagner)ကို သွားရောက် ပူးပေါင်းကြရတာ ဖြစ်ပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီ စစ်သားတွေကို လစာအဖြစ် ဒေါ်လာ ၁၅၀၀ ပေးအပ်ပြီး သူတို့နဲ့ မိသားစုကို အာဖဂန်ဆီ လုံးဝ ပြန်မပို့ဘဲ နေရေးထိုင်ရေး စီစဉ်ပေးမယ်လို့ မက်လုံးပေး အာမခံခဲ့ကြောင်း သိရပါတယ်။

တကယ်တော့ အဲဒီကွန်မန်ဒို စစ်သားဟောင်းတွေက ယူကရိန်း စစ်ပွဲမှာ မပါချင်ကြကြောင်း၊ ဒါပေမဲ့ သူတို့မှာ တခြားရွေးချယ်စရာလည်း မရှိကြောင်း အာဖဂန် ဗိုလ်ချုပ်ဟောင်းတွေထဲက တစ်ဦးဖြစ်တဲ့ အက်ဘ်ဒူလ် ရော့ဖ် အာဂန်ဒီဝဲလ်က ပြောပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ တိတိကျကျ မပေးသေးပါဘူး။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း သူတို့ လေ့ကျင့်ပေးထားတဲ့ ကွန်မန်ဒိုတွေက ယူကရိန်းကို တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ရုရှားကို အာဖဂန် ကွန်မန်ဒိုဟောင်း ဘယ်နှယောက်ထိ ရောက်ရှိနေပြီလဲ ဆိုတာကို မသိရသေးပေမယ့် နောက်ထပ် ၄၀၀ လောက်ကတော့ ရုရှားဆီက ကမ်းလှမ်းမှုတွေ ရရှိထားပြီး စဉ်းစားနေဆဲလို့လည်း သိရပါတယ်။

You May Also Like

နိုင်ငံတကာ

ရုရှားနဲ့ တရုတ်တို့ဆီက အန္တရာယ် ပေးလာနိုင်စွမ်းတွေဟာ ကွဲပြားတဲ့ ပုံသဏ္ဍန်တွေနဲ့ အသီးသီး အရေးကြီးတယ် ဆိုပေမယ့် ရုရှားဟာ အမေရိကန်ကို ရေရှည် ဖိအားပေးနိုင်တဲ့ အစီအမံတွေ မရှိသေးဘူးလို့ ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲက သုံးသပ်ပါတယ်။

နိုင်ငံတကာ

အီရန်ကတော့ ယူကရိန်း စစ်ပွဲမှာ ရုရှားအတွက် ဒရုန်းတွေ အပါအဝင် စစ်လက်နက်တွေ ထောက်ပံ့ပေးနေကြောင်း ယူကရိန်းနဲ့ အနောက်နိုင်ငံ အစိုးရတွေရဲ့ စွပ်စွဲမှုတွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

သတင်း

ဗုဒ္ဓဟူး​နေ့မှာပြုလုပ်တဲ့ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်တွမ်အန်ဒရူးစ်က တက်ရောက်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ အစီရင်ခံ တင်ပြခဲ့ပါတယ်။

နိုင်ငံတကာ

သံတမန် အသိုက်အဝန်းက ပုဂ္ဂိုလ်တစ်ဦးနဲ့ အမေရိကန် အစိုးရ အရာရှိ နှစ်ဦးက အမေရိကန် စစ်တပ်ဟာ ဥရောပက NATO မဟာမိတ် အခြေစိုက် စခန်းတွေမှာ B61-12 မြေဆွဲအား ဗုံးအသစ်တွေ အမြန်ဆုံး ဖြန့်ကျက်ထားနိုင်အောင် ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါတယ်။