Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

တန်ဆောင်မုန်းလပြည့်

ရွေတိဂုံဘုရား၌ ယနေ့နံနက်ကတည်းက ဘုရားဖူးလာရောက်သူများပြားခဲ့ပြီး ည ၇နာရီအချိန်ခန့်အထိ ရင်ပြင်တော်၌ ဘုရားဖူးတော်တော်များများတွေ့ခဲ့ရသည်။

တန်ဆောင်မုန်းလပြည့်နေ့ ယနေ့တွင်ရန်ကုန်မြို့ရှိ ဘုရားများသို့သွားရောက်သူများပြားခဲ့သည်။

ရွှေတိဂုံဘုရား၌ ယနေ့နံနက်ကတည်းက ဘုရားဖူးလာရောက်သူများပြားခဲ့ပြီး ည ၇နာရီအချိန်ခန့်အထိ ရင်ပြင်တော်၌ ဘုရားဖူးတော်တော်များများတွေ့ခဲ့ရသည်။

ည ၆နာရီခွဲခန့်တွင် ရွှေတိဂုံဘုရား ပြန်ကြားရေးအဖွဲ့က တန်ဆောင်မုန်းလပြည့်နေ့တွင် အခြားနေရာတစ်ခုမှ မီးရှူးမီးပန်းများဖောက်မည့် အစီအစဉ်ရှိသောကြောင့် မလန့်ရန် ကြေညာခဲ့သည်။

ထို့နောက် ည ၇ နာရီအချိန်ခန့်တွင် စစ်ကောင်စီပြုလုပ်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်မှ မီးရှုးမီးပန်းများ ဆယ်မိနစ်ခန့် ဆက်တိုက်ဖောက်ခဲ့သည်။

ရွှေတိဂုံဘုရားကဲ့သို့ပင် ဗိုလ်တထောင်ဘုရားတွင်လည်း စတုဒီသာအစီအစဉ်များရှိသောကြောင့် စီတန်းနေသည့် ဘုရားဖူးအများအပြား‌တွေ့ခဲ့ရသည်။
ယင်းဘုရားတွင် စစ်ကောင်စီလက်အောက်ခံရုပ်သံလိုင်း ‌ရွှေသံလွင်မီဒီယာက စတုဒီသာအလှူပြုလုပ်သည်ကိုတွေ့ခဲ့ရသည်။

ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရား၌ ဆီမီး ၅၀၀၀ ပူဇော်ပွဲပပြုလုပ်ရန် စီစဉ်နေသည်ကိုတွေ့ရပြီး ဘုရားဖူး ခပ်ကျဲကျဲသာ‌တွေ့ခဲ့ရသည်။

You May Also Like

သတင်း

ရန်ကုန်မြို့ လမ်းမများပေါ်တွင် ပံ့သကူကောက်သူများ အလွန်များပြားသည့်အတွက် အကြမ်းဖက် စစ်ကောင်စီ၏ အန္တရာယ်ပေးနိုင်မှုများကို သတိထားရှောင်ကျဥ်သင့်ကြောင်း တော်လှန်အင်အားစုများကလည်း အသိပေးပြောကြားထားသည်။

သတင်း

ယခုအခါ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့သားအားလုံးသည် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ပြီး လုံခြုံဘေးကင်းစွာရှိနေပြီဟု အသိပေးသည်။

သတင်း

ယခုရက်ပိုင်းတွင်လည်း အဖွဲ့တစ်ခုက ဒလန်ရှင်းသည့် မစ်ရှင်တစ်ခုကို ၎င်းတို့မလုပ်ဆောင်ဘဲ ယင်းမစ်ရှင်ကိုအကြောင်းပြ၍ အလှူငွေကောက်ခံသည့် ဖြစ်စဉ်ရှိ‌သောကြောင့် ‌ကူညီဖြေရှင်းပေးနေရကြောင်း ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီက ရန်ကုန်ဆိပ်ကမ်းများ လုံခြုံရေးတင်းကြပ်နေသည့် ယခုအခြေအနေမတိုင်မီက ရန်ကုန်ဆိပ်ကမ်းကို PDF များ ဝင်ရောက်စီးနင်းကြောင်း သြဂုတ်လအတွင်းက သတင်းမှားပျံ့နှံ့ မှုရှိခဲ့သည်။