Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

❝ ဆိုးရွားလှတဲ့ အကျဥ်းထောင်ထဲက အခြေအနေတွေကို ရှောင် ဖွင့်ဟ ❞

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ရှောင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးတော့ အဲဒီအချိန်ကစလို့
စစ်အာဏာရှင်တွေရဲ့လက်ထဲမှာ ရှင်လျက်နဲ့ ငရဲကိုစတင်ခံစားခဲ့ရပါတယ်လို့ သူက ပြောပါတယ်။

◾️ ဘဝမှာ အများကြီး အာရုံစိုက် မြှုပ်နှံခဲ့ဖူးရာ တိုင်းပြည်ကို နောက်တစ်ခါ ဘယ်တော့မှ ပြန်မသွားဖြစ် လောက်တော့ဘူးလို့ ဝန်ခံသွားခဲ့ပါတယ် ◾️

အင်းစိန်းအကျဥ်းထောင်နဲ့နေပြည်တော်အကျဥ်စခန်းတွေမှာ ၂၁ လကြာအောင်နေထိုင်ခံရတဲ့ ရှောင်တာနဲလ်ဟာ သူ့ရဲ့ ဆိုးရွားတဲ့ ထောင်တွင်းအတွေ့အကြုံတွေကို လွတ်မြောက်လာပြီး ရက်ပိုင်းအကြာမှာ မီဒီယာအင်တာဗျူးကတဆင့်ဖွင့်ချခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ရှောင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးတော့ အဲဒီအချိန်ကစလို့
စစ်အာဏာရှင်တွေရဲ့လက်ထဲမှာ ရှင်လျက်နဲ့ ငရဲကိုစတင်ခံစားခဲ့ရပါတယ်လို့ သူက ပြောပါတယ်။

အင်းစိန်အကျဥ်းထောင်ကိုရောက်သွားချိန်မှာတော့ အခြားအကျဥ်းသားတွေရဲ့ အောင်ဟစ်သံတွေ၊ သူ့အနီးနား အခန်းတွေမှာ အကျဥ်းသားတွေကို ညှဉ်းပန်းနှိပ်စက်သံတွေကို ကြားရတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း အဲဒီအစောပိုင်းကာလတွေတုန်းက ပြည်သူတွေရဲ့သံပုံးတီးသံတွေကိုအမြဲကြားခဲ့ရပြီးတော့ ဒါဟာစိတ်အားတက်ပျော်ရွှင်ဖွယ်ကောင်းတယ်လို့ ပြောပါတယ်။

ရှောင်တာနဲလ်ဟာ အသက် ၅၈ ရှိပြီဖြစ်ပြီးတော့ ဖမ်းဆီးခံထားရချိန်မှာကိုဗစ် ၅ ကြိမ်လောက်ကိုကူးစက်ခံခဲ့ရပါတယ်။ ညှဥ်းပန်းနှိပ်စက်လို့ အော်ဟစ်သံတွေနဲ့ အဲဒီလို သွေးထွက်သံယိုအခန်းကျဥ်းလေးထဲမှာပဲ တစ်နေ့တစ်နေ့ နိုးထလာရမှာကိုကြောက်ရွံ့မိတယ်လို့ ရှောင်က ပြာပါတယ်။

သူကြုံခဲ့သမျှ အဆိုးရွားဆုံး ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံခံရမှုတွေကိုတော့ အင်းစိန်ထောင်ကနေ အနားမှာရှိတဲ့ တရားရုံး တစ်ခုစီ အပတ်စဉ် သွားရောက်ပြီး ရမန်ယူရတဲ့ အချိန်တွေမှာ ကြုံခဲ့ရကြောင်း ရှောင်က ဖွင့်ဟပါတယ်။ သူဟာ တခြား နိုင်ငံရေး အကျဉ်းသား ၅၀ လောက်နဲ့အတူ သံကြိုးခတ် ခံထားရပြီး တရားရုံးကို သွားရလေ့ရှိတယ်။

“ သူတို့က ကျွန်တော်တို့ကို ဗင်ကားတစ်စီးရဲ့ နောက်ခန်းထဲ တွန်းထိုးထည့်လိုက်တယ်။ ကျွန်တော် ရေတွက်ကြည့်တော့ လူ ၂၀ ဝန်းကျင်လောက် ရှိမယ် ထင်တယ်။ ကားပေါ်မှာ ကျွန်တော်တို့ အရမ်း ကျပ်ညပ်ပြွတ်သိပ်ပြီး နေကြရတယ်။ အရမ်းလည်း ပူတယ်။ မျက်နှာပေါ်မှာ ချွေးသီးချွေးပေါက်တွေ ပြည့်နေတယ်။ လူတွေက ချွေးထွက်လွန်ပြီး ဖြူဖျော့သွားတာတွေ၊ အော့အန်တာတွေ ဖြစ်ကြတယ်။ ကျွန်တော်တို့ အချင်းချင်း အရမ်းပူးကပ်ပြီး ကျပ်လွန်းနေလို့သာ လူတွေ လဲမကျကုန်တာပါ”လို့ သူက ပြန်ပြောပြတယ်။

အခုလိုအခြေနေဆိုးတွေမှာ သူအသက်ဆက်ရှင်ချင်စိတ် ပြင်းပြင်းပြပြ ရှိနေအောင် တွန်းအားပေးတဲ့ အရာနှစ်ခု ရှိပါတယ်။ ပထမ အရာက Macquarie တက္ကသိုလ်က စီးပွားရေး ပညာရှင် ဇနီးသည် ဟာဗူဖြစ်ပြီး နောက်တစ်ခုကတော့ အပတ်စဉ် ဇနီးဖြစ်သူဆီက ပေးပို့လိုက်တဲ့ စာအုပ်တွေပါပဲ။

ပြီးတော့ ဇနီးဖြစ်သည်ကိုယ်တိုင် အိမ်မှာ ပြုလုပ်တဲ့ ကွတ်ကီးတွေ၊ အရက်စိမ် သစ်သီးနဲ့ ပြုလုပ်တဲ့ ကိတ်မုန့်တွေကို ဆစ်ဒနီကနေတဆင့် ဩစတြေးလျ သံရုံးရဲ့ အမှတ်တံဆိပ် ရိုက်နှိပ်ထားတဲ့ အိတ်နဲ့အတူ သူ့ဆီ ရောက်လာလေ့ ရှိပါတယ်။

ရှောင်ကအဲဒီအိတ် အခွံတွေကို သူ့ရဲ့ အကျဉ်းခန်း တံခါးဝမှာ ရည်ရွယ်ချက်ရှိရှိ နေရာချထားတယ်။ သူ့ကို ကြည့်ရှု စောင့်ရှောက်ပေးတဲ့သူတွေ ရှိနေတယ် ဆိုတာကို ထောင်စောင့်တွေ အမြဲမပြတ် သတိရနေအောင် တမင်ရည်ရွယ်ပြီး အခုလို လုပ်ထားတာလို့ ရှင်းပြတယ်။

နောက်ပြီးတော့လည်း ထောင်နဲ့မှာသူ့ကိုကူညီခဲ့တဲ့ မွတ်ဆလင် နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်တဲ့ ကိုခင်မောင်ရွှေအကြောင်းကိုလည်း တခုပ်တရထည့်ပြောသွားပါသေးတယ်။

“သူ့အခန်းက ကျွန်တော်နဲ့ ကပ်လျက်ပဲ။ ကျွန်တော့်ရဲ့ အသက်သခင် ကျေးဇူးရှင်လို့တောင် ဆိုနိုင်တယ်”လို့ ရှောင်က ပြောတယ်။

ထောင်အာဏာပိုင်တွေက ဝိုင်းရိုက်တာခံခဲ့ရပြီး အဲ့ဒီကရတဲ့ ဒဏ်ရာတွေနဲ့ နိုဝင်ဘာ ၁၈ ရက်က အင်းစိန်ထောင်မှာ ကိုခင်မောင်ရွှေ အသက်ပေးသွားခဲ့ရပါတယ်။ ရှောင်နေပြည်တော်အကျဥ်းစခန်းကိုပြောင်းရွေ့ခံရပြီးတစ်လလောက်အကြာမှာပဲ ကိုခင်အောင်ရွှေအသတ်ခံရတဲ့အကြောင်းသိခဲ့ရတယ်လို့ပြောပါတယ်။

နေပြည်တောက်ရောက်တဲ့အခါ နေပြည်တော်မှာ သူ့ကို ဖမ်းဆီးထားတဲ့ နေရာဟာ အင်းစိန်ထောင်ထက် ဆိုးရွားနေတာကို မယုံနိုင်လောက်အောင်ဘဲ ရှောင် မျက်ဝါးထင်ထင် တွေ့ရှိခဲ့ပါတယ်။

အရက်ဂျိုး ထောင်မှူးတစ်ယောက်က ကြီးကြပ်တဲ့ နေရာဟာ ပိုးဟပ်တွေ၊ ခြင်တွေနဲ့ ပြည့်နှက်နေတယ်။ နေပြည်တော်အကျဥ်းစခန်းရဲ့ အခြေအနေကို ရှောင်က အခုလိုပြောပြသွားပါတယ်။

သူ့အတွက် စိတ်သက်သာရာ ရစေတဲ့ အချိန်တွေကတော့ တရားခွင် ကြားနာမှု မတိုင်ခင် နာရီဝက်လောက်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် သူ့ရဲ့ ရှေ့နေတွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူ့လိုပဲ တရားစွဲဆိုခံထားရတဲ့ သူတွေနဲ့ တွေ့ခွင့်ရတဲ့အချိန်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရမ်းဆိုးရွား ခက်ခဲတဲ့ အခြေအနေတွေ ကြုံနေရတာတောင်မှ ထူးထူးကဲကဲ ခိုင်မာနေတဲ့ အခြေအနေမျိုးမှာ ရှိနေကြောင်း ရှောင်ကမှတ်ချက် ပေးပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဖိနှိပ် ချိုးနှိမ်မှုတွေကို ထုတ်ဖော် ကန့်ကွက်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေ ကြုံနေရတဲ့တိုင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးသုခ အတွက်ပဲ လိုလား ရှေ့ရှုတတ်သူ ဖြစ်တယ်လို့ သူက အခိုင်အမာ ပြောပါတယ်။ ဒါပေမဲ့လည်း သူ့ဘဝမှာ အများကြီး အာရုံစိုက် မြှုပ်နှံခဲ့ဖူးရာ တိုင်းပြည်ကို နောက်တစ်ခါ ဘယ်တော့မှ ပြန်မသွားဖြစ် လောက်တော့ဘူးလို့လည်း တာနဲလ်က ဝန်ခံသွားခဲ့ပါတယ်။

You May Also Like

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခ ရှောင်တာနယ်လ်ကိုဖမ်းဆီးပြီး အင်းစိန်ထောင်နဲ့ နေပြည်တော်ထောင်တွေမှာ ထားခဲ့တာပါ။

သတင်း

တာနဲလ်ကတော့ သူဟာ မြန်မာနိုင်ငံကို မမုန်းကြောင်း၊ မြန်မာပြည်သူတွေကို ချစ်ခင်ပြီး ဒီသဘောထားက ထာဝရ တည်မြဲသွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

သတင်း

မစ္စဗစ်ကီဘိုးမန်းရဲ့အမျိုးသား ကိုထိန်လင်းကိုလည်း ပြန်လွှတ်ပေးလိုက်ပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။

သတင်း

လက်နက်အားကိုးဖြင့် အာဏာသိမ်းယူထားသည့် စစ်ကောင်စီကို ယုံကြည်ရနိုင်မလားဟု ဗိုလ်မှူးကြီးခွန်ဥက္ကာအား မေးမြန်းရာ ညှိနှိုင်းမှုမရှိဘဲ လက်နက်ကိုင်ပြီးသွားနေပါက မည်သည့် အင်အားစုကမှ ပြတ်သားစွာအနိုင်မရနိုင်ဟု ၎င်း၏ အမြင်ကို ပြောသည်။