Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ယူကရိန်း သမ္မတ ဇီလန်စကီးကို ရွေးချယ်

Timeဟာ နှစ်တစ်နှစ် ကုန်ဆုံးခါနီးတိုင်း တစ်နှစ်တာ အထင်ရှားဆုံး လူပုဂ္ဂိုလ်တွေကို သတ်မှတ် ဖော်ပြလေ့ ရှိရာမှာ ၂၀၂၂ ခုနှစ်အတွက် ဇီလန်စကီးကို ရွေးချယ်လိုက်တာပါ။ Timeက ဇီလန်စကီးရဲ့ ပုံကို အဓိက ဖော်ပြထားတဲ့ မဂ္ဂဇင်း မျက်နှာဖုံးကိုလည်း ထုတ်ပြန်ပြခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးရဲ့ တစ်နှစ်တာ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

Timeဟာ နှစ်တစ်နှစ် ကုန်ဆုံးခါနီးတိုင်း တစ်နှစ်တာ အထင်ရှားဆုံး လူပုဂ္ဂိုလ်တွေကို သတ်မှတ် ဖော်ပြလေ့ ရှိရာမှာ ၂၀၂၂ ခုနှစ်အတွက် ဇီလန်စကီးကို ရွေးချယ်လိုက်တာပါ။ Timeက ဇီလန်စကီးရဲ့ ပုံကို အဓိက ဖော်ပြထားတဲ့ မဂ္ဂဇင်း မျက်နှာဖုံးကိုလည်း ထုတ်ပြန်ပြခဲ့ပါတယ်။

ဇီလန်စကီးဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ ကာလတလျှောက် နိုင်ငံကို အကောင်းဆုံး ဦးဆောင်မှု ပေးခဲ့သူလို့ Timeက ချီးကျူး ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ ကတည်းက စတင်လာတဲ့ စစ်ပွဲဟာ အခုဆို ၁၀ လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး ယူကရိန်းက မဆုတ်မနစ် ဆက်လက် ခုခံနေပြီး လက်နက်အင်အားကြီးနိုင်ငံ ရုရှားကို အကြီးအကျယ် သိက္ခာကျဆင်းနေစေပါတယ်။

အသက် ၄၄ နှစ်အရွယ် ဇီလန်စကီးဟာ အရင်တုန်းက ဟာသဇာတ်ဆောင် မင်းသားတစ်ဦး ဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ ရွေးကောက်ပွဲ အနိုင်ရပြီး သမ္မတ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေး အတွေ့အကြုံ သိပ်မရှိတဲ့ သူ့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်အပေါ် သံသယနဲ့ စောင့်ကြည့်တာတွေ ရှိခဲ့ပေမယ့်လည်း စစ်ပွဲကာလမှာတော့ ဇီလန်စကီးဟာ နိုင်ငံတကာကပါ လေးစားရတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်ပြခဲ့ပါတယ်။

Time မဂ္ဂဇင်းဟာ ခါဆွန်မြို့ကို ယူကရိန်းတပ်တွေ ပြန်လည် သိမ်းယူပြီး ဇီလန်စကီးက ရှေ့တန်းထိ သွားရောက်ခဲ့ချိန်မှာ သူနဲ့အတူ လိုက်ပါသွားခဲ့ဖူးပါတယ်။ အဲဒီတုန်းက လုံခြုံရေး အခြေအနေတွေဟာ လုံးဝ စိတ်မချရကြောင်း သူ့ပြည်သူတွေ စိတ်အား တက်ကြွစေဖို့ ဒီခရီးကို မဖြစ်မနေ သွားဖို့လိုကြောင်း ဇီလန်စကီးက မဂ္ဂဇင်းရဲ့ သတင်းထောက်ကို ပြောခဲ့ဖူးပါတယ်။

Timeနဲ့ အင်တာဗျူးမှာ ဇီလန်စကီးက စစ်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့ အောင်မြင်ရေး ရည်မှန်းချက်က အသိမ်းပိုက်ခံ ယူကရိန်း နယ်မြေတွေ ပြန်လည် လွတ်မြောက်တာတင် မကဘဲ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တာမျိုး နောက်ထပ် လုံးဝ ဖြစ်မလာတာ သေချာဖို့အထိ ဖြစ်တယ်လို့လည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

You May Also Like

နိုင်ငံတကာ

ရုရှားဟာ အီရန်ရဲ့ ဒရုန်းတွေကို အောက်တိုဘာလမှာ စတင်သုံးစွဲခဲ့ပြီး ယူကရိန်းရဲ့ ဓာတ်အား ဖြန့်ဝေရေးနဲ့ တခြား အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အဓိက ပစ်မှတ်ထားခဲ့ပါတယ်။ အဲဒီ ဒရုန်း တိုက်ခိုက်မှုတွေအတွင်း ယူကရိန်း အရပ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။

နိုင်ငံတကာ

အဲဒီနောက် ပူတင်က ရုရှားအနေနဲ့ အခုလို တိုက်ခိုက်မှုမျိုးကို မလွှဲမရှောင်သာ ရွေးချယ်ရပါတယ်လို့ ကာကွယ်ပြောဆိုပြီး လေသံ ပြောင်းလဲလာတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အရပ်ဖက် ပစ်မှတ်တွေကိုချည်း ဦးတည် တိုက်ခိုက်လာတယ် ဆိုကတည်းက ရုရှားဟာ သူတို့ အနေနဲ့ နယ်မြေတွေ ထပ်သိမ်းယူဖို့ မဖြစ်နိုင်တော့မှန်း နားလည်လို့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အရှိန် နှေးသထက် နှေးအောင်သာ လုပ်ရတဲ့ သဘောမျိုး ဖြစ်နေကြောင်း စတိုလ်တန်ဘက်ဂ်က သုံးသပ်ပါတယ်။

နိုင်ငံတကာ

တရုတ် အစိုးရက ထိုင်ဝမ်ဟာ ခွဲထွက်ရေး လှုပ်ရှား တောင်းဆိုနေတဲ့ နယ်မြေတစ်ခုလို့ သတ်မှတ်ပြီး နိုင်ငံပိုင်နက်ထဲမှာ အကျုံးဝင်ကြောင်း ရှုမြင်နေပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ပြည်သူ အများစုကတော့ တရုတ်နဲ့ ခွဲခြားပြီး ကိုယ်ပိုင် ရပ်တည်မှု၊ ကိုယ်ပိုင် ဒီမိုကရေစီနဲ့ ရှေ့ဆက်ဖို့သာ လိုလားနေကြပါတယ်။