Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘဏ်ဖောက်ဖို့ ဥမင်တူးရင်း မြေပြိုကျလို့ ဒုက္ခရောက်နေသူကို အီတလီ ရဲတပ်ဖွဲ့ ကယ်ဆယ်ခဲ့ရ

ရဲတွေက လှိုဏ်ခေါင်းတူးသူ အမျိုးသားဟာ ဘဏ်ဓားပြ ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်လို့ ယူဆထားပါတယ်။ လှိုဏ်ခေါင်း ပြိုကျပြီးပြီးချင်းမှာ အဖွဲ့သား ၂ ယောက်က ထွက်ပြေးသွားပေမယ့် ရဲတွေက ဖမ်းမိခဲ့ပါတယ်။ သူတို့ကို အများပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ ကနဦး အမှုဖွင့်ထားပါတယ်။

ဘဏ်ဖောက်ဖို့ ဥမင်တူးရင်း မြေပြိုကျလို့ ဒုက္ခရောက်နေသူကို အီတလီ ရဲတပ်ဖွဲ့ ကယ်ဆယ်ခဲ့ရ
ဘဏ်ဖောက်ဖို့ ဥမင်တူးရင်း မြေပြိုကျလို့ ဒုက္ခရောက်နေသူကို အီတလီ ရဲတပ်ဖွဲ့ ကယ်ဆယ်ခဲ့ရ

ဘဏ်ထဲ ခိုးဝင်ဖို့ လှိုဏ်ခေါင်းတူးရင်း မြေပြိုကျမှုကြောင့် ဒုက္ခရောက်နေသူ တစ်ဦးကို ကယ်ဆယ်ခဲ့ရကြောင်း အီတလီနိုင်ငံ၊ ရောမမြို့တော် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ရောမမြို့နဲ့ ဆက်စပ် တည်ရှိနေရာ ဗာတီကန် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံငယ်နားမှာ မြေပြိုမှု တစ်ခု ဖြစ်ပွားကြောင်း သတင်းရလို့ သွားရောက် စစ်ဆေးရင်း အီတလီ အမျိုးသား တစ်ယောက်ကို တွေ့ရှိခဲ့တာပါ။ အဲဒီလူဟာ လောလောဆယ် ဆေးရုံ ရောက်နေပြီး ဒဏ်ရာတွေ သက်သာစ ပြုလာပြီလို့ သိရပါတယ်။

သူဟာ အန္တရာယ်တွင်းက လွတ်လာပေမယ့် နောက်ဆက်တွဲ ဒုက္ခတွေကတော့ စောင့်ကြိုနေဦးမှာပါ။ ရဲတွေက သူရယ်၊ နောက်ထပ် ကြံရာပါလို့ ယုံကြည်ရသူတွေကို အများပိုင် ပစ္စည်း ဖျက်ဆီးမှု၊ ဓားပြတိုက်ဖို့ ကြံစည်မှု၊ ဖောက်ထွင်းမှုတွေနဲ့ စွဲချက်တင်ဖို့ အသင့် ပြင်ဆင်ထားကြပါပြီ။

ရဲတွေက လှိုဏ်ခေါင်းတူးသူ အမျိုးသားဟာ ဘဏ်ဓားပြ ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်လို့ ယူဆထားပါတယ်။ လှိုဏ်ခေါင်း ပြိုကျပြီးပြီးချင်းမှာ အဖွဲ့သား ၂ ယောက်က ထွက်ပြေးသွားပေမယ့် ရဲတွေက ဖမ်းမိခဲ့ပါတယ်။ သူတို့ကို အများပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ ကနဦး အမှုဖွင့်ထားပါတယ်။

မြေအောက် ၆ မီတာ အနက်လောက်မှာ ပိတ်မိနေသူ စုစုပေါင်း ၄ ဦးဖြစ်ပေမယ့် ၃ ယောက်က အကူအညီတွေ ရောက်မလာခင် ကိုယ်လွတ်ရုန်းသွားခဲ့ပါတယ်။ သူတို့အားလုံးဟာ ဗာတီကန်က ဘဏ်တစ်ခုထဲ ဖောက်ထွင်း ဝင်ရောက်ဖို့ မြေအောက် ဥမင် တူးနေရင်း အမှားအယွင်း ကြုံသွားကြတာလို့ ယုံကြည်ကြောင်း ရဲတွေက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆက်ပြီး စုံစမ်းနေကြောင်း၊ သံသယရှိသူ အားလုံးဟာ ဖောက်ထွင်းသမားတွေဆိုတဲ့ ဖြစ်နိုင်ခြေကိုလည်း ထည့်စဉ်းစားထားကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

အဲဒီ ဥမင်ဟာ မကြာသေးခင်ကမှ ငှားရမ်းထားပြီး လုံးဝဥဿုံ ပိတ်ထားတဲ့ စတိုးဆိုင် တစ်ခုကနေ အစပြုပါတယ်။ ဥမင် အစပြုတဲ့ နေရာနားမှာ ဘဏ်နှစ်ခု ရှိနေပါတယ်။ အခုတော့ မြို့ရဲ့ မြူနီစီပယ် တာဝန်ရှိသူတွေက ဥမင်တူးထားတဲ့ နေရာတွေကို ပြန်ပြီး မြေဖို့ ပြင်ဆင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

လူမှုကွန်ရက် မီဒီယာတွေပေါ်မှာတော့ ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ ပြည်သူ အများစုက သောင်းသောင်းဖြဖြ ထောက်ခံ အားပေးနေကြတာ တွေ့ရပါတယ်။ သူ့ကို သူရဲကောင်း တစ်ဦးလို့ ညွှန်းဆိုရေးသားမှုတွေလည်း အများအပြား ရှိနေပါတယ်။

နိုင်ငံတကာ

ဒရာဂီဟာ လာမယ့် သီတင်းပတ်ထဲမှာ လွှတ်တော် မိန့်ခွန်း ပြောမှာဖြစ်ပြီး လက်ရှိ ရာထူးမှာ မြဲမြံနေအောင် သူ့အတွက် လုံလောက်တဲ့ ထောက်ခံမှု အင်အားစု ရှိမရှိ ဆန်းစစ်ရမှာပါ။

သတင်း

နိုင်ငံခြား​ငွေကို ၂၄ နာရီအတွင်းကျပ်​ငွေမဖြစ်မ​နေ ​ပြောင်းရမည်ဆို​ခြင်းမှ ကင်းလွတ်ခွင့်ကို တရုတ်ရေနံကုမ္ပဏီနှင့် အိန္ဒိယဘဏ်လုပ်ငန်းများကို စစ်ကောင်စီက တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝန်ယီခရီးစဥ်မတိုင်ခင် ၂ ရက်အလိုတွင်ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာ

ရေခဲမြစ်တွေရဲ့ သဘောအရ အပိုင်းလိုက် ချိတ်ဆက် ဖွဲ့စည်းထားတတ်ပြီး တချို့ အပိုင်းတွေက အပူချိန် အပြောင်းအလဲ ဖြစ်ချိန်မှာ ပိုပြီး မြန်မြန်ဆန်ဆန် အရည်ပျော် ပျက်စီးတတ်တဲ့အတွက် အလွှာလိုက် ပြိုကျမယ့် အန္တရာယ် ပိုများတယ်လို့လည်း သူက ပြောပြသွားပါတယ်။