Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မွန်တီနီဂရိုးမှာ မိသားစု ရန်ပွဲက အစပြုတဲ့ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦးထက်မနည်းသေ

ဆီတင်ဂျီဟာ မွန်တီနီဂရိုးရဲ့ အရင် ဘုရင်အုပ်စိုးစဉ် ခေတ်တုန်းက တော်ဝင်မြို့တော် ဖြစ်ခဲ့ဖူးပြီး လက်ရှိ မြို့တော်သစ် ပေါ့ဒ်ဂိုရီကာနဲ့ ၂၂ မိုင်လောက်အကွာ တောင်ကြားဧရိယာ တစ်ခုမှာ တည်ရှိနေပါတယ်။

မွန်တီနီဂရိုးမှာ မိသားစု ရန်ပွဲက အစပြုတဲ့ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦးထက်မနည်းသေ
မွန်တီနီဂရိုးမှာ မိသားစု ရန်ပွဲက အစပြုတဲ့ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦးထက်မနည်းသေ

မွန်တီနီဂရိုး နိုင်ငံမှာ မိသားစုဝင် အချင်းချင်း စကားများရာက ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၁၂ ရက်က ဆီတင်ဂျီမြို့မှာ ဆိုးရွားတဲ့ ရမ်းကား ပစ်ခတ်မှုတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုပါတယ်။ ဖြစ်စဉ်ဟာ မိသားစုချင်း စကားများရာက အစပြုခဲ့ပြီး သေနတ်သမားက သူ့မိသားစုဝင် ၃ ဦးကို ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက် အိမ်နားတဝိုက်က လမ်းသွားလမ်းလာတွေကိုပါ ရမ်းပစ်ပါတော့တယ်။

အသက် ၃၄ နှစ်အရွယ် သေနတ်သမားကို တခြား လက်နက်ကိုင် ပြည်သူတစ်ယောက်က ပစ်သတ်လိုက်မှပဲ ဒီအခြေအနေဆိုးကြီး အဆုံးသတ်သွားခဲ့ပါတယ်။ ရဲတွေက အခင်းဖြစ်တဲ့ အိမ်ထဲကို ဝင်ရောက် ရှာဖွေတဲ့အခါ သေနတ်သမားရဲ့ ဇနီးနဲ့ ကလေး ၂ ဦးကို သေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။

မိသားစုဝင်တွေကို ပစ်သတ်ပြီးချိန်မှာ အဲဒီ အမျိုးသားဟာ အိမ်အပြင် ထွက်သွားပြီး နောက်ထပ် လမ်းသွားလမ်းလာ ၇ ဦးထက် မနည်းကိုပါ သတ်ဖြတ်ခဲ့ပြန်ပါတယ်။ နောက်ထပ် လူ ၆ ယောက်လောက်လည်း ဆေးရုံမှာ ကုသမှုတွေ ခံယူနေရပါတယ်။

ဝန်ကြီးချုပ် ဒရစ်တန် အက်ဘာဇိုဗစ်က ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝမ်းနည်းကြေကွဲမှု ကာလ ၃ ရက် သတ်မှတ်ကြောင်း ကြေညာပါတယ်။ သူက မဖြစ်သင့်ဘဲ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူ အားလုံးရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို ဖိတ်ခေါ်ပြီး တွေ့ဆုံ နှိမ်သိမ့်လိုတယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

ဆီတင်ဂျီဟာ မွန်တီနီဂရိုးရဲ့ အရင် ဘုရင်အုပ်စိုးစဉ် ခေတ်တုန်းက တော်ဝင်မြို့တော် ဖြစ်ခဲ့ဖူးပြီး လက်ရှိ မြို့တော်သစ် ပေါ့ဒ်ဂိုရီကာနဲ့ ၂၂ မိုင်လောက်အကွာ တောင်ကြားဧရိယာ တစ်ခုမှာ တည်ရှိနေပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရခိုင်ဒေသတွင် စစ်ရေးတင်းမာနေ၍ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုထားသည်။

သတင်း

နှစ်ရက်တာ တိုက်ပွဲ၌ MDF နှင့် တန့်ဆည် PDF တပ်ရင်း ၆ တို့မှ ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

သတင်း

အဆိုပါ ရင်ပေါင်တိုင်ရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်များကို ယမန်နေ့ (ဩဂုတ် ၁၂ရက်) နေ့လည်ပိုင်းက ဒေသခံ PDFများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာပြီး ရဟတ်ယာဉ်ဖြင့် ထပ်မံစစ်အင်အားဖြည့်တင်း ခဲ့ရသည်ဟု ဆိုသည်။

သတင်း

လက်နက်ကြီးထိမှန်သွားခဲ့တဲ့ ဒေသခံအမျိုးသမီးလူနာကိုတော့ ကညင်ကျိုးဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် နေ့လည်(၁၂)နာရီအချိန်မှာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။