Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ်တဝိုက်မှာ တရုတ် ဒုံးကျည်တွေ ပစ်ခတ်နေတာကို လွှတ်မထားဖို့ အမေရိကန် ရေတပ် ထိပ်တန်းအရာရှိပြော

အမှတ် ၇ ရေတပ်မကြီးရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ဒုတိယ သေနာပတိ ကားလ်သောမတ်စ်က ထိုင်ဝမ် လေပိုင်နက်နားမှာ တရုတ်က ဒုံးကျည်တွေ စိတ်တိုင်းကျ စမ်းသပ် ပစ်ခတ်နေတာကို လွှတ်ပေးထားရင် ရေရှည်မှာ ဒီအခြေအနေကြီးက ပုံမှန်လို ဖြစ်သွားလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။

ထိုင်ဝမ်တဝိုက်မှာ တရုတ် ဒုံးကျည်တွေ ပစ်ခတ်နေတာကို လွှတ်မထားဖို့ အမေရိကန် ရေတပ် ထိပ်တန်းအရာရှိပြော
ထိုင်ဝမ်တဝိုက်မှာ တရုတ် ဒုံးကျည်တွေ ပစ်ခတ်နေတာကို လွှတ်မထားဖို့ အမေရိကန် ရေတပ် ထိပ်တန်းအရာရှိပြော

ထိုင်ဝမ်ကျွန်း တဝိုက်မှာ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတွေ လုပ်ချင်တိုင်း လုပ်နေတဲ့ တရုတ်ကို လက်ပိုက် ကြည့်နေဖို့ မသင့်ဘူးလို့ အမေရိကန် ရေတပ် ထိပ်တန်း အရာရှိကြီး တစ်ဦးက သတိပေး ပြောကြားလိုက်ပါတယ်။

အမှတ် ၇ ရေတပ်မကြီးရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ဒုတိယ သေနာပတိ ကားလ်သောမတ်စ်က ထိုင်ဝမ် လေပိုင်နက်နားမှာ တရုတ်က ဒုံးကျည်တွေ စိတ်တိုင်းကျ စမ်းသပ် ပစ်ခတ်နေတာကို လွှတ်ပေးထားရင် ရေရှည်မှာ ဒီအခြေအနေကြီးက ပုံမှန်လို ဖြစ်သွားလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။

အမေရိကန် အောက်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နန်စီ ပလော့စီက ထိုင်ဝမ်ကို သွားရောက် လည်ပတ်ခဲ့တဲ့ ကိစ္စအပေါ် ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ တရုတ်ဟာ ထိုင်ဝမ်တဝိုက်မှာ စစ်ရေး လေ့ကျင့်မှုတွေ အင်အား အလုံးအရင်းနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီတုန်းက တရုတ် ဒုံးကျည်တွေ စမ်းသပ်ခဲ့ပေမယ့် ထိုင်ဝမ်ကျွန်း လေပိုင်နက်ထဲထိ ရောက်ရှိခဲ့တာမျိုးတော့ အတည်ပြုမထားပါဘူး။

တရုတ် အစိုးရဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ပြီး သိမ်းသွင်းလိုနေတာကြောင့် ပလော့စီရဲ့ ခရီးစဉ်အပေါ် အကြီးအကျယ် ဒေါသ ပေါက်ကွဲခဲ့ပါတယ်။ ပလော့စီဟာ ထိုင်ဝမ်ရဲ့ သံတမန်ရေး လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတဲ့ သဘောမျိုး လုပ်ဆောင်ခဲ့တာက တရုတ်ရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို စော်ကားခဲ့တာလို့ တရုတ် အစိုးရက စွပ်စွဲပါတယ်။

အမေရိကန် ရေတပ် ဒုတိယ သေနာပတိ သောမတ်စ်က ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်ကို ပတ်ပတ်လည်ဝိုင်းပြီး တရုတ်က စစ်ရေး လေ့ကျင့်မှုတွေ လုပ်ပြနေတာကို သာမန် အခြေအနေ တစ်ခုအဖြစ် လက်ခံပေးလိုက်လို့ လုံးဝ မရကြောင်း ပြောပါတယ်။

ဒီလို အပြုအမူတွေကို အမေရိကန်က ထိထိရောက်ရောက် တုံ့ပြန်ပြိုင်ဆိုင်တာမျိုး တစ်ခုခု ပြသနေဖို့ သိပ်အရေးကြီးကြောင်း၊ ထိုင်ဝမ်ကို ကျော်ပြီး နိုင်ငံတကာ ရေပိုင်နက်ထဲ ဒုံးကျည်တွေ လှမ်းပစ်ပြနေတယ် ဆိုတာက တာဝန်မဲ့လွန်းကြောင်း၊ လက်ရှိ အခြေအနေမှာ တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေက အခန်းငယ် တစ်ခုထဲ ဂေါ်ရီလာ မျောက်ဝံကြီး တစ်ကောင်တည်းထိုင်ပြီး အင်အားကြီးကြောင်း ခြိမ်းခြောက်ပြတာနဲ့ တူနေကြောင်း သောမတ်စ်က ဆိုပါတယ်။

ဒီအခြေအနေတွေကို အမေရိကန်ဖက်က စိန်ခေါ်မပြဘူးဆိုရင် ထိုင်ဝမ်ကျွန်းကလည်း နိုင်ငံတစ်ခု မဟုတ်ဘဲ စစ်အခြေစိုက် စခန်းတစ်ခုလို ပြောင်းသွားလိမ့်မယ်လို့ သူက သတိပေးပါတယ်။ ကိုယ့်ခေါင်းပေါ်ကနေ ဒုံးကျည်တွေ တဝီဝီ ပျံနေတာမျိုး အမြဲလိုလို ကြုံရတဲ့အခါ နိုင်ငံတစ်ခုဟာ ရေဒါတွေ၊ လေကြောင်း ကာကွယ်ရေး စနစ်တွေ၊ လေယာဉ်ပြေးလမ်းတွေ အစွမ်းကုန် ချဲ့ထွင် တည်ဆောက်ပြီး စစ်အခြေစိုက် စခန်းတစ်ခုအသွင် မဖြစ်မနေ ပြောင်းလိုက်ရလိမ့်မယ်လို့လည်း သောမတ်စ်က ပြောကြားသွားပါတယ်။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ် ဒုံးကျည်တွေဟာ ကမ္ဘာ့လေထု အမြင့်ပိုင်းက ပျံသန်းပြီး ထိုင်ဝမ်ကျွန်းကို တိုက်ရိုက် ခြိမ်းခြောက်မှု မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ တရုတ် ဒုံးကျည်တွေ ပျံသန်းမှု လမ်းကြောင်း၊ အမျိုးအစားနဲ့ မြန်နှုန်းတွေအကြောင်း ထောက်လှမ်းရေး သတင်း အချက်အလက်တွေကိုတော့ ထိုင်ဝမ်က မထုတ်ပြန်ပါဘူး။ အမေရိကန် နိုင်ငံဆိုင်ရာ ဂျပန်သံရုံးကတော့ ရေဒါနဲ့ ထောက်လှမ်း စောင့်ကြည့်မှုတွေအရ အနည်းဆုံး တရုတ် ဒုံးကျည် ၄ စင်းလောက်ဟာ ထိုင်ဝမ်ကျွန်း လေပိုင်နက် အမြင့်ပိုင်းကို ဖြတ်ကျော်ပြီး ပင်လယ်ပြင်ထဲ ပြုတ်ကျခဲ့တယ်လို့ ယုံကြည်ရကြောင်း မှတ်ချက်ပေးထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုအနီးကပ်ပစ်ခတ်တိုက်ခိုက်မှုတွင် ရဲတပ်ကြပ် ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ကျန်ရဲတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

သတင်း

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာအများအပြားလည်း တိမ်းရှောင် ထွက်ပြေးနေရသည်။

နိုင်ငံတကာ

ယွန်းဟာ အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ကို အလေးအနက် လိုလားသူဖြစ်ပြီး ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ ကတည်းက သူသာ သမ္မတ ဖြစ်လာရင် မြောက်ကိုရီးယားကို တန်ပြန်ဖို့ နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်သွားမယ်လို့ ကတိပြုထားပါတယ်။

သတင်း

ယနေ့(သြဂုတ် ၁၃)နေ့လယ် ၁၂ နာရီ ၅၀မိနစ်ခန့်က ရွှေပြည်သာ အမှတ်(၈)ရပ်ကွက်မှ ရာအိမ်မှူ ဒေါ်ယဥ်ယဥ်​အေးနှင့် ၎င်း၏အမျိုးသားဖြစ်သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စက်ဘီးတစ်စီးဖြင့်ပြန်လာစဥ် လမ်း၌ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောသည်။