Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နယူးဇီလန်မှာ စွန့်ပစ် အဝတ်သေတ္တာဟောင်းတွေ လေလံဆွဲ ဝယ်ယူရာက ကလေးအလောင်းတွေ ပါလာ

အုက္ကလန်မှာ နေထိုင်တဲ့ မိသားစုဟာ စွန့်ပစ် ပစ္စည်း အတိုအစတွေကို အွန်လိုင်းကနေ လေလံတင် ရောင်းချတဲ့ ဝက်ဘ်ဆိုက် တစ်ခုကနေ လက်ဆွဲ အဝတ်သေတ္တာ နှစ်လုံးကို လေလံဆွဲ မှာယူလိုက်ပါတယ်။ အိမ်ရောက်လာလို့ ဖွင့်ကြည့်တဲ့ အခါကျမှ ထိတ်လန့်စရာ အပိုပစ္စည်းတွေ ပါလာတာကို တွေ့ခဲ့ရတာပါ။

နယူးဇီလန်မှာ စွန့်ပစ် အဝတ်သေတ္တာဟောင်းတွေ လေလံဆွဲ ဝယ်ယူရာက ကလေးအလောင်းတွေ ပါလာ
နယူးဇီလန်မှာ စွန့်ပစ် အဝတ်သေတ္တာဟောင်းတွေ လေလံဆွဲ ဝယ်ယူရာက ကလေးအလောင်းတွေ ပါလာ

နယူးဇီလန်က မိသားစု တစ်ခုဟာ စွန့်ပစ်ပစ္စည်းတွေ လေလံတင် ရောင်းချတဲ့ နေရာက ဝယ်ယူလာတဲ့ အဝတ်သေတ္တာဟောင်း နှစ်လုံးထဲမှာ ကလေးအသေ ရုပ်ကြွင်းတွေ ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

အုက္ကလန်မှာ နေထိုင်တဲ့ မိသားစုဟာ စွန့်ပစ် ပစ္စည်း အတိုအစတွေကို အွန်လိုင်းကနေ လေလံတင် ရောင်းချတဲ့ ဝက်ဘ်ဆိုက် တစ်ခုကနေ လက်ဆွဲ အဝတ်သေတ္တာ နှစ်လုံးကို လေလံဆွဲ မှာယူလိုက်ပါတယ်။ အိမ်ရောက်လာလို့ ဖွင့်ကြည့်တဲ့ အခါကျမှ ထိတ်လန့်စရာ အပိုပစ္စည်းတွေ ပါလာတာကို တွေ့ခဲ့ရတာပါ။

ဩဂုတ် ၁၈ ရက်မှာ နယူးဇီလန် ရဲတပ်ဖွဲ့ဟာ အဲဒီ နေအိမ်ကို ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ကလေး နှစ်ယောက်ဟာ သေဆုံးထားတာ နှစ်ပေါင်း အတော်ကြာပြီလို့ ယူဆရပြီး ဒီကိစ္စဟာ အဝတ်သေတ္တာ ဝယ်ယူခဲ့တဲ့ မိသားစုနဲ့ ဘယ်လို ဆက်နွှယ်မှုမှ မရှိကြောင်း အတည်ပြုခဲ့ပါတယ်။

အဲဒီ စွန့်ပစ် အဝတ်သေတ္တာတွေဟာ သိုလှောင် သိမ်းဆည်းထားတဲ့ နေရာမှာတင် သုံးလေးနှစ်လောက် ကြာအောင် ရှိနေခဲ့တာလို့ ယုံကြည်ရပါတယ်။ ကလေးတွေ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ ရဲတပ်ဖွဲ့က လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဒါပေမဲ့ အလောင်းတွေကို အခုလို နည်းလမ်းနဲ့ စွန့်ပစ်သွားတဲ့ ဖြစ်စဉ်ကို နောက်ကြောင်းပြန် ဖော်ထုတ် စုံစမ်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ရဲတွေက အတည်ပြုပါတယ်။

သေဆုံးထားတဲ့ ကလေးနှစ်ယောက်ဟာ အသက် ၅ နှစ်နဲ့ ၁၀ နှစ်ကြား အရွယ်တွေလို့ ယုံကြည်ရပါတယ်။ နောက်ကြောင်းပြန် စုံစမ်းမှုတွေ ဘယ်လောက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မလဲ ဆိုတာတော့ မပြောတတ်ကြောင်း၊ ဒါပေမဲ့ စိတ်နှလုံး မချမ်းမြေ့စရာတွေ ထပ်မံ ကြားသိလာရဦးမယ်လို့ မျှော်လင့်ထားကြောင်း ရဲစုံထောက် တိုဖီလူ ဖာမန်နျူ ဗေလျူက သတင်းထောက်တွေကို ပြောပါတယ်။

ရင်ခွဲစစ်ဆေးမှုတွေ ပြီးရင်တော့ ကလေးတွေ ဘယ်သူဘယ်ဝါ ဆိုတာကို ဖော်ထုတ်နိုင်ပြီး မိသားစုတွေနဲ့ ဆက်သွယ်နိုင်ဖို့ ရဲတွေက မျှော်လင့်နေပါတယ်။ ဒါပေမဲ့ သေဆုံးချိန်က အရမ်းကြာမြင့်ခဲ့ပြီး ဖြစ်တာကြောင့် ဒီအတောအတွင်း အချက်အလက် အတော်များများ ပျောက်ဆုံးသွားနိုင်တာကို ကြိုတင် တွေးထားရမယ်လို့ ဗေလျူက ဝန်ခံပါတယ်။

အခုသတင်းဟာ ဒေသခံ လူ့အဖွဲ့အစည်းကိုပါ အကြီးအကျယ် တုန်လှုပ်သွားစေခဲ့ပါတယ်။ ကလေး ရုပ်ကြွင်းတွေကို အစောဆုံး တွေ့မြင်ခဲ့တဲ့ မိသားစုကတော့ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရှောင်ဖို့အတွက်ရော၊ စိတ်ပိုင်းဆိုင်ရာ ပြန်တည်ငြိမ်အောင် တည်ဆောက်ဖို့ အတွက်ပါ နေအိမ်ကို လတ်တလော စွန့်ခွာ ပြောင်းရွှေ့သွားပါတယ်။

အဝတ်သေတ္တာတွေကို ကာလရှည်ကြာ သိုလှောင်ထားတဲ့ ကုမ္ပဏီဟာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးမှုတွေမှာ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ရဲတွေက အဲဒီနေရာကနေ တခြားအိမ်တွေဆီ ရောင်းချထားတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီးလည်း နောက်ကြောင်း စိစစ် စုံစမ်းသွားဖွယ် ရှိနေကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးခဲ့ပြီး ကျည်ဆံ၊ ဗုံးသီးနှင့် စစ်အသုံးအဆောင် ပစ္စည်းများရရှိခဲ့ကြောင်း မြိုင်(ပကဖ)က ယနေ့ ထုတ်ပြန်သည်။

သတင်း

ဇူလိုင် ၃၀ရက်ကစ၍ ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်နှင့်ဒေါပိုးစီကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာ ခဲ့ခြင်းဖြစ်သည်။

သတင်း

လမ်းဘေးမှာ စွန့်ပစ်ထားတဲ့အလောင်းကို တွေ့ရတဲ့သူတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်တွေဟာ ဖမ်းဆီးခံရသူ သေဆုံးသွားပြီဆိုတာကိုဒီနေ့မနက်ပိုင်း ရောက်မှ သိခဲ့ရပါတယ်။

သတင်း

ဒေသတွင်းသတင်းရင်းမြစ်အဆိုအရ စစ်ကောင်စီရဲ့ စကစ(၈)လက်အောက်ခံ ခမရ(၄၀၇) တပ်ရင်းနဲ့ BGF-၁၀၁၃ တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့ အကြပ်ကိုင်ခြိမ်းခြောက်နေမြဲရှိတယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်ရဲ့ ဖော်ပြချက်ကနေ သိရပါတယ်။