Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လေယာဉ်မှူး နှစ်ယောက်လုံး အိပ်ပျော်နေလို့ ခရီးသည်တင် လေယာဉ်က လေဆိပ်ကို ကျော်သွား

လေဆိပ်နား ချဉ်းကပ်လာချိန်မှာ လေယာဉ်ဟာ တဖြည်းဖြည်းချင်း နိမ့်ဆင်းလာရမယ့်အစား မူလ အမြင့်ပေအတိုင်း ဆက်ပျံသွားတော့ လေကြောင်းထိန်းသိမ်းရေး မျှော်စင်က ဒီကိစ္စ မူမမှန်မှန်း သတိထားမိသွားပါတယ်။

လေယာဉ်မှူး နှစ်ယောက်လုံး အိပ်ပျော်နေလို့ ခရီးသည်တင် လေယာဉ်က လေဆိပ်ကို ကျော်သွား
လေယာဉ်မှူး နှစ်ယောက်လုံး အိပ်ပျော်နေလို့ ခရီးသည်တင် လေယာဉ်က လေဆိပ်ကို ကျော်သွား

အီသီယိုးပီးယားက ခရီးသည်တင် လေယာဉ် တစ်စီးပေါ်မှာ လေယာဉ်မှူး နှစ်ယောက်စလုံး အိပ်ပျော်ပြီး လေယာဉ်က လေဆိပ်ကို ကျော်သွားခဲ့ကြောင်း သိရပါတယ်။

ရယ်ရအခက်၊ စိတ်ဆိုးရအခက် ဖြစ်စေခဲ့တဲ့ ကမောက်ကမ ကိစ္စဟာ အခုသီတင်းပတ် အစောပိုင်းက ပေါ်ပေါက်ခဲ့တာလို့ အီသီယိုးပီးယား လေကြောင်းလိုင်းက အတည်ပြုပါတယ်။ လေယာဉ်မှူး နှစ်ယောက်စလုံးဟာ အမြင့်ပေ ၃၇၀၀၀ လောက်မှာ လေယာဉ်ကို Autopilot စနစ်နဲ့ အလိုအလျောက် ပျံသန်းနေစေရင်းက အိပ်ပျော်သွားခဲ့ပါတယ်။

လေယာဉ်ဟာ ဆူဒန်ရဲ့ မြို့တော် ခါတွန်ကနေ ပျံတက်လာပြီး အီသီယိုးပီးယားရဲ့မြို့တော် အက်ဒစ်ဘာဘာကို ဦးတည်ခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ပျမ်းမျှ ၂ နာရီလောက်ပဲ ကြာမြင့်ပါတယ်။ လေယာဉ်က အက်ဒစ်ဘာဘာ လေဆိပ်ကို ကျော်လွန်သွားပြီး Autpilot စနစ် အဆက်ပြတ်သွားကြောင်း အချက်ပေးသံတွေ မြည်ဟည်းလာမှ လေယာဉ်မှူး နှစ်ယောက်စလုံး အထိတ်တလန့် နိုးလာကြတာလို့ ဆိုပါတယ်။

လေဆိပ်နား ချဉ်းကပ်လာချိန်မှာ လေယာဉ်ဟာ တဖြည်းဖြည်းချင်း နိမ့်ဆင်းလာရမယ့်အစား မူလ အမြင့်ပေအတိုင်း ဆက်ပျံသွားတော့ လေကြောင်းထိန်းသိမ်းရေး မျှော်စင်က ဒီကိစ္စ မူမမှန်မှန်း သတိထားမိသွားပါတယ်။ မျှော်စင်ကနေ လေယာဉ်ကို အကြိမ်တချို့ ဆက်သွယ်ပေမယ့် လေယာဉ်မှူးတွေက ဘာမှ အကြောင်းမပြန်ပါဘူး။

လေယာဉ်က သတ်မှတ် ခရီးစဉ် အဆုံးသတ်မှာ မဆင်းဘဲ ကျော်သွားတဲ့ အခါကျတော့ Autopilot စနစ်က အလိုလို အဆက်ပြတ်သွားပြီး အချက်ပေးသံတွေ မြည်လာတဲ့အတွက် ကာလနဂါး လေယာဉ်မှူး နှစ်ယောက်လည်း လန့်နိုးသွားပါတယ်။ အဲဒီကျမှ လမ်းကြောင်း ပြန်ကွေ့ပြီး အက်ဒစ်ဘာဘာ လေဆိပ်မှာ လေယာဉ် ဆင်းသက်ခဲ့ပါတယ်။ လေယာဉ် ဆင်းသက်ချိန်က မူလထက် ၂၅ မိနစ် ပိုနောက်ကျသွားပါတယ်။

အခုတော့ လေယာဉ်မှူး နှစ်ယောက်စလုံး ပျံသန်းခွင့် ယာယီပိတ်ပင် ခံထားရပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လေကြောင်းပျံသန်းမှု လုံခြုံရေး သုတေသီ တစ်ဦးဖြစ်တဲ့ အဲလက်စ် မက်ခါရက်စ်က လေယာဉ်မှူးတွေ တစ်ရေးတမော အိပ်ကြတာဟာ စိုးရိမ်စရာဖြစ်ပြီး တစ်ဖက်မှာလည်း လေယာဉ်မှူးတွေရဲ့ ပင်ပန်း နွမ်းနယ်မှုကို ဆန်းစစ်ပေးဖို့လိုကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ လေယာဉ်မှူးတွေ အရမ်းပင်ပန်းတတ်ကြတာ မဆန်းပေမယ့် အခုကိစ္စမျိုးက အကြီးအကျယ် ဒုက္ခ များသွားနိုင်တယ်လို့ သူက ဆိုပါတယ်။ အခုလေယာဉ်ပေါ်မှာ ခရီးသည် ဘယ်နှယောက် လိုက်ပါခဲ့သလဲ အတိအကျ မသိရပေမယ့် လူပေါင်း ၁၅၀ ကျော် ဝင်ဆံ့တဲ့ Boeing 737 အမျိုးအစားလို့ သတင်းတွေက ဖော်ပြပါတယ်။

မေလတုန်းကလည်း အီတလီ အစိုးရပိုင် ITA လေကြောင်းလိုင်းမှာ လေယာဉ်မှူး တစ်ဦးဟာ အန္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ကျော် ပျံသန်းရတဲ့ နယူးယောက်-ရောမ ခရီးစဉ်မှာ အိပ်ပျော်သွားလို့ အလုပ်ထုတ် ခံခဲ့ရဖူးကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

လေယာဉ်ပျက်ကျရာ နေရာကို ဝေဟင်ကနေ ရိုက်ကူးပြီး စစ်တပ်က Twitterပေါ် တင်ထားတဲ့ ဓာတ်ပုံတွေအရ လေယာဉ် အစိတ်အပိုင်းတွေဟာ နေရာတချို့ ကြဲပျံ့နေတာ တွေ့ရပါတယ်။ ကယ်ဆယ်ရေး ကဏ္ဍနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာသေးပါဘူး။

နိုင်ငံတကာ

လေယာဉ် ပျက်ကျသွားတယ်လို့ ယုံကြည်ရပေမယ့် အာဏာပိုင်တွေက အတည်မပြုသေးဘဲ Twin Otter အမျိုးအစား လေယာဉ်ငယ်ကို လိုက်လံ ရှာဖွေနေကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ ရာမက်ရှ် သာပါက ပြောပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၉ ဦးနဲ့ အမှုထမ်း ၃ ဦး...

ဗီဒီယို

အစ္စရေးဟာ ၁၉၆၇ ခုနှစ်က ဖြစ်ပွားတဲ့ နာမည်ကျော် ၆ ရက်စစ်ပွဲ အတွင်းမှာ ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသ တစ်ခုလုံး နီးပါးကို လက်လွှဲ သိမ်းပိုက်နိုင်ခဲ့ပြီး အခုအချိန်ထိ အဲဒီဒေသမှာ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေကို တွေ့နေရဆဲ ဖြစ်ပါတယ်။

ဗီဒီယို

အီဂျစ် လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ၈၀၄ မှာ တွဲဖက် လေယာဉ်မှူး အသုံးပြုရမယ့် အောက်စီဂျင် မျက်နှာဖုံးဟာ ခရီးစဉ် မတိုင်ခင် ၃ ရက်ကမှ အသစ်လဲထားပြီး အရေးပေါ် Mode သတ်မှတ်ထားခဲ့ကြောင်း၊ အဲဒီကနေ လေယာဉ်မှူး အခန်းထဲမှာ အောက်စီဂျင် စိမ့်ထွက်နေပြီး မီးတောက်နဲ့...