Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ခန့်မှန်းချက် အမှားကြောင့် ဟန်ဂေရီ မိုးလေဝသ ပညာရှင်နှစ်ဦး အလုပ်ပြုတ်

အစိုးရရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီး လက်စ်ဇ်လို ပက်ကိုဗစ်က ရာထူးက ထုတ်ပယ် ခံလိုက်ရတဲ့ထဲမှာ မိုးလေဝသ ဌာန အကြီးအကဲ ကိုယ်တိုင် ပါဝင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ခန့်မှန်းချက် အမှားကြောင့် ဟန်ဂေရီ မိုးလေဝသ ပညာရှင်နှစ်ဦး အလုပ်ပြုတ်
ခန့်မှန်းချက် အမှားကြောင့် ဟန်ဂေရီ မိုးလေဝသ ပညာရှင်နှစ်ဦး အလုပ်ပြုတ်

မိုးလေဝသနဲ့ ပတ်သက်လို့ ကြိုတင် ခန့်မှန်းတွက်ချက်မှု လွဲသွားတာကြောင့် ဟန်ဂေရီ နာမည်က ထိပ်တန်း မိုးလေဝသ ပညာရှင်နှစ်ဦး အလုပ်ပြုတ်သွားခဲ့ကြောင်း သိရပါတယ်။

သူတို့နှစ်ယောက်ရဲ့ ခန့်မှန်းချက် အမှားကြောင့် နောက်ဆက်တွဲ ထိခိုက်မှုတွေ ကြီးကြီးမားမား ရှိခဲ့ပြီး အင်တာနက်ပေါ်မှာ ပွဲဆူခဲ့တာကြောင့် အစိုးရ မိုးလေဝသ ဌာနကနေ ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဟန်ဂေရီ နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမျိုးသားနေ့ အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပဖို့ စီစဉ်ထားခဲ့ပါတယ်။ အဲဒီမှာ ဥရောပတိုက်ရဲ့ အလှပဆုံး၊ အံ့ဩစရာ အကောင်းဆုံး မီးရှူးမီးပန်း ပစ်ဖောက်မှုတွေကိုလည်း တွေ့မြင်ရမယ်လို့ အခမ်းအနား စီစဉ်သူတွေက ကြွေးကြော်ထားပါတယ်။

ဒါပေမဲ့ မီးရှူးမီးပန်း ပစ်ဖောက်မှုတွေ မစတင်ခင် ၇ နာရီ အလိုမှာ မိုးလေဝသ ဌာနက ရာသီဥတု အခြေအနေ ရုတ်တရက် ပြောင်းလဲ ဖောက်ပြန်လာနိုင်ကြောင်း အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့တာကြောင့် အစီအစဉ် အားလုံးကို ကတိုက်ကရိုက် ဖျက်သိမ်းခဲ့ရတယ်။

လက်တွေ့မှာတော့ မီးရှူးမီးပန်းတွေ ပစ်ဖောက်ဖို့ စီစဉ်ထားတဲ့ အချိန်မှာ ရာသီဥတုက ပုံမှန်အတိုင်း ကြည်လင် သာယာနေခဲ့တာကြောင့် ဒီအခမ်းအနားကို အားခဲပြီး စောင့်နေတဲ့ ပြည်သူတွေ အကြီးအကျယ် ဒေါသထွက်ကုန်ပါတယ်။ အစိုးရ မိုးလေဝသ ဌာနရဲ့ ဆိုးရွားလွန်းတဲ့ အမှားအယွင်းကိုလည်း လူမှုကွန်ရက်တွေမှာ ဝေဖန် ပြစ်တင်မှုတွေ မြင့်တက်လာပါတယ်။

အစိုးရက နောက်တစ်ပတ်ကျရင် အခမ်းအနားကို အစားထိုး ကျင်းပပါ့မယ်လို့ ကြေညာပေမယ့် လူထုရဲ့ မကျေနပ်ချက်တွေက လျော့မသွားပါဘူး။ နောက်ဆုံးမှာတော့ အစိုးရ မိုးလေဝသ ဌာနက အမှားအယွင်းကို ဝန်ချ တောင်းပန်ခဲ့ပြီး တွက်ချက်မှု လွဲသွားတဲ့ မိုးလေဝသ ပညာရှင် နှစ်ယောက်ကိုလည်း ရာထူးက အနားပေးလိုက်ကြောင်း Facebookမှာ ရေးသား ကြေညာခဲ့ပါတယ်။

အစိုးရရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီး လက်စ်ဇ်လို ပက်ကိုဗစ်က ရာထူးက ထုတ်ပယ် ခံလိုက်ရတဲ့ထဲမှာ မိုးလေဝသ ဌာန အကြီးအကဲ ကိုယ်တိုင် ပါဝင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ စစ်ဘေးသင့်နေတဲ့အချိန် ဟန်ဂေရီက မီးရှူးမီးပန်း ပစ်လွှတ်မှုတွေ တခမ်းတနား လုပ်ဆောင်မယ့် ကိစ္စအပေါ် ပြည်တွင်းမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဒီအခမ်းအနားကို မကျင်းပသင့်ကြောင်း လက်မှတ်ရေးထိုး တောင်းဆိုသူ တစ်သိန်းကျော် ရှိနေသလို တစ်ဖက်မှာလည်း အစိုးရရဲ့ အစီအစဉ်ကို ထောက်ခံသူ အများအပြား ရှိနေကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

အိုးယန်ရဲ့ ဟိုတယ်ခန်း ပြတင်းပေါက်တွေက အတွင်းဖက်ကနေ ပိတ်ထားဆဲ ဖြစ်သလို ဖောက်ထွင်း ဝင်လာတဲ့ လက္ခဏာမျိုး၊ ခိုက်ရန် ဖြစ်ပွားထားတဲ့ လက္ခဏာမျိုးလည်း မတွေ့ရပါဘူး။ သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ မရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ မီဒီယာတွေက ဒေါက်တာ အလက်ဇန္ဒား ရှစ်ပလီယုခ် အဖမ်းခံရတဲ့ သတင်းကို ဩဂုတ် ၅ ရက်မှာ အတည်ပြု ဖော်ပြခဲ့ကြပါတယ်။ သူဟာ ရုရှား သိပ္ပံ အကယ်ဒမီရဲ့ ဆိုက်ဘေးရီးယား ဌာနခွဲမှာ သီအိုရီနဲ့ ဖြည့်စွက် စက်မှုနည်းပညာဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူ...

နိုင်ငံတကာ

လောလောဆယ် တီထွင်နေတဲ့ ဖျန်းဆေးဟာ နှာခေါင်းကနေတဆင့် ဗိုင်းရပ်စ် ဝင်ရောက်မှုကို တားဆီးပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ နှာခေါင်းပေါက်ဟာ အသက်ရှူ လမ်းကြောင်းထဲ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိမှုမှာ အဓိက အကျဆုံး ဝင်ပေါက်လည်း ဖြစ်ပါတယ်။

နိုင်ငံတကာ

မလိုလားအပ်ဘဲ နောက်ထပ် ကူးစက်ရောဂါဆိုးကြီးတစ်ခု တွင်ကျယ်လာဦးမယ်ဆိုရင် လူတွေလည်း ဒုက္ခရောက်ကြမှာ ဖြစ်သလို ခက်ခဲလွန်းတဲ့ ဆုံးဖြတ်ချက်တွေ ချကြရလိမ့်မယ်လို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့က ဗိုင်းရပ်စ်ဆိုင်ရာ ရောဂါများဌာနရဲ့ ပရော်ဖက်ဆာ အစ္စဘဲလား အက္ကာလီက ပြောပါတယ်။