Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အယူခံ ပယ်ချခံရတဲ့နောက် ထောင်ထဲ တန်းရောက်တော့မယ့် မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်

တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အရ နာဂျစ်ဘ်အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ် ၁၂ နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၄၅ သန်းလောက် ပမာဏဟာ အပြောင်းအလဲ မရှိတော့ပါဘူး။ တရားရုံးချုပ် စီရင်ချက်အပြီး ဩဂုတ် ၂၂ ရက်မှာပဲ နာဂျစ်ဘ်ကို အကျဉ်းထောင်ဆီ ပို့ဆောင်သွားဖွယ် ရှိနေပါတယ်။

အယူခံ ပယ်ချခံရတဲ့နောက် ထောင်ထဲ တန်းရောက်တော့မယ့် မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်
အယူခံ ပယ်ချခံရတဲ့နောက် ထောင်ထဲ တန်းရောက်တော့မယ့် မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်

အဂတိမှုနဲ့ ထောင်ဒဏ် စီရင်ချက် ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရာဇက်ခ်ရဲ့ အယူခံ လျှောက်ထားမှုကို မလေးရှား တရားရုံးချုပ်က ပယ်ချလိုက်တဲ့အတွက် နာဂျစ်ဘ်ဟာ ထောင်ဒဏ် ချက်ချင်း ကျခံရတော့မှာ ဖြစ်ပါတယ်။

မလေးရှားမှာ 1MDBလို့ လူသိများတဲ့ အစိုးရရဲ့ ဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေတွေထဲက ဒေါ်လာ ၄.၅ ဘီလီယံလောက် စာရင်းပျောက်ခဲ့ကြောင်း အစိုးရ ရှေ့နေတွေက ပြောပါတယ်။ 1MDB ရန်ပုံငွေ စီမံကိန်းကို ၂၀၀၉ ခုနှစ်က နာဂျစ်ဘ် ဝန်ကြီးချုပ် တာဝန်ယူထားချိန်မှာ စတင် အသက်သွင်းခဲ့တာပါ။

နာဂျစ်ဘ် ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပေးလိုက်ရတဲ့နောက် လူပြောများနေတဲ့ အဂတိ ကိစ္စတွေကို တရားစီရင် စစ်ဆေးမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး နာဂျစ်ဘ်ဟာ ရန်ပုံငွေတွေ အလွဲသုံးစား ပြုခဲ့တယ်လို့ စစ်ဆေး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအတွက် နာဂျစ်ဘ်ဟာ ထောင်ဒဏ် ၁၂ နှစ် ချမှတ် ခံခဲ့ရပါတယ်။

နာဂျစ်ဘ်ရဲ့ ဥပဒေ အကျိုးဆောင်တွေက စီရင်ချက်ကို ကန့်ကွက်ပြီး အယူခံ အဆင့်ဆင့် တက်လာခဲ့ရာက တရားရုံးချုပ်ထိ ရောက်လာပါတယ်။ အခုတော့ တရားသူကြီးချုပ် မိုင်မူ တူယန်မတ်က စီရင်ချက်နဲ့ ပတ်သက်လို့ ဘာအမှားအယွင်းမှ မတွေ့ခဲ့သလို မှန်ကန်တဲ့ တရားရေး ဆုံးဖြတ်ချက်အဖြစ် ဆက်လက် အတည်ပြုနိုင်ကြောင်း ကြေညာခဲ့ပါတယ်။

တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အရ နာဂျစ်ဘ်အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ် ၁၂ နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၄၅ သန်းလောက် ပမာဏဟာ အပြောင်းအလဲ မရှိတော့ပါဘူး။ တရားရုံးချုပ် စီရင်ချက်အပြီး ဩဂုတ် ၂၂ ရက်မှာပဲ နာဂျစ်ဘ်ကို အကျဉ်းထောင်ဆီ ပို့ဆောင်သွားဖွယ် ရှိနေပါတယ်။

နာဂျစ်ဘ်ဟာ ၂၀၁၈ ကတည်းက ထောင်ဒဏ် စီရင်ချက် ချမှတ် ခံထားရပေမယ့် အယူခံ ကာလအတွင်း ပြစ်ဒဏ်ကို ဆိုင်းငံ့ပေးထားတာပါ။ သူဟာ မလေးရှား နိုင်ငံကို စတင်ထူထောင်သူတွေထဲက တစ်ဦးရဲ့ သားဖြစ်ပြီး ဝန်ကြီးချုပ် ဖြစ်လာအောင် ငယ်စဉ်ကတည်းက စနစ်တကျ ပျိုးထောင်ခြင်း ခံခဲ့ရပါတယ်။ သူ့လက်ထက်မှာ မလေးရှား နိုင်ငံရဲ့ တိုးတက် ဖြစ်ထွန်းမှုတွေ ရှိခဲ့သလို အဂတိ သတင်းတွေကလည်း ဖုံးမနိုင်ဖိမရ ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံကို ကာလရှည်ကြာ ကြီးစိုး အုပ်ချုပ်နေခဲ့တဲ့ သူ့ရဲ့ ပါတီဟာ ၂၀၁၈ ရွေးကောက်ပွဲမှာ အမှတ်မထင် အရေးနိမ့်သွားတဲ့ နောက်မှာတော့ ကိစ္စတိုင်းက နာဂျစ်ဘ်အတွက် ခက်ခဲလာပါတော့တယ်။ ဝန်ကြီးချုပ် ဩဇာနဲ့ အကာအကွယ် မရှိတော့တဲ့အခါ 1MDB ပြဿနာကို အစိုးရ ရှေ့နေတွေက တစ်ရစ်ပြီးတစ်ရစ် အစဆွဲထုတ်ခဲ့ပါတော့တယ်။ နာဂျစ်ဘ်ကတော့ သူ့အပေါ် စွပ်စွဲချက် အားလုံးကို ငြင်းဆိုပြီး သူဟာ လုံးဝဥဿုံ အပြစ်ကင်းစင်ကြောင်း အခိုင်အမာ ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မလေးရှားအစိုးရ ဟာအာဏာသိမ်းစစ်ကောင်စီကိုအသိအမှတ်မပြုကြောင်းနဲ့ NUG နဲ့သာထိတွေ့ဆက်ဆံဖို့ တရားဝင်တိုက်တွန်းပြောဆိုနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

သတင်း

တချိန်တည်းတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ထက်ပိုမို သက်မှတ်သင့်ကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ်မှာ နိုင်ငံခြား ရေးဝန်ကြီးဖြစ်ရန်လည်း မလိုအပ်ကြောင်း ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

သတင်း

အဲဒီလိုဖမ်းဆီးမှုအတွင်း တရားမဝင်ရွှေ့ပြောင်းလုပ်သား ၁၇၅ ဦးဖမ်းမိတယ်လို့မလေးရှားလဝက ထုတ်ပြန်ပါတယ်။

သတင်း

ယောက်ျားလေးတစ်ဦးနှင့် (၈) နှစ်အရွယ် မိန်းကလေးတို့သည် ကုလသမဂ္ဂဒုက္ခသည်ကတ် (UNHCR Card)ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။