Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ကို ရာထူးတာဝန်တွေ ဆိုင်းငံ့ထားဖို့ ထိုင်းခုံရုံး အမိန့်ချ

ခုံရုံးရဲ့ ကြေညာချက်ကို ကြေညာပြီးတဲ့နောက် မီဒီယာတွေဆီပါ ဖြန့်ဝေ ပေးပို့လိုက်ပါတယ်။ ရာထူးသက်တမ်းစေ့လို့ ပယာရွတ်သ်ကို ဝန်ကြီးချုပ် အဖြစ်က အနားပေးစေလိုကြောင်း အဆိုပြုချက်ကို ထိုင်းအတိုက်အခံ နိုင်ငံရေး အင်အားစုတွေက စုပေါင်း လက်မှတ်ရေးထိုး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ကို ရာထူးတာဝန်တွေ ဆိုင်းငံ့ထားဖို့ ထိုင်းခုံရုံး အမိန့်ချ
ထိုင်းဝန်ကြီးချုပ်ကို ရာထူးတာဝန်တွေ ဆိုင်းငံ့ထားဖို့ ထိုင်းခုံရုံး အမိန့်ချ

ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံးက ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာကို ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ထားဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

အာဏာသိမ်း ထိုင်းစစ်တပ်ရဲ့ အကြီးအကဲဟောင်း ဖြစ်ခဲ့ဖူးသူ ပယာရွတ်သ်ဟာ ဖွဲ့စည်းပုံ ဥပဒေပါ သတ်မှတ်ချက်အတိုင်း ဝန်ကြီးချုပ် ရာထူး တာဝန်ယူတာ ၈ နှစ် ပြည့်သွားပြီ ဖြစ်တာကြောင့် ရာထူးက နုတ်ထွက်စေသင့်ကြောင်း အဆိုပြု တင်သွင်းချက် တစ်ခုကို လက်ခံ သုံးသပ်ပြီးတဲ့နောက် ဩဂုတ် ၂၄ ရက်မှာ အခု ဆုံးဖြတ်ချက်ကို အတည်ပြု ကြေညာခဲ့ပါတယ်။

ခုံရုံးရဲ့ ကြေညာချက်ကို ကြေညာပြီးတဲ့နောက် မီဒီယာတွေဆီပါ ဖြန့်ဝေ ပေးပို့လိုက်ပါတယ်။ ရာထူးသက်တမ်းစေ့လို့ ပယာရွတ်သ်ကို ဝန်ကြီးချုပ် အဖြစ်က အနားပေးစေလိုကြောင်း အဆိုပြုချက်ကို ထိုင်းအတိုက်အခံ နိုင်ငံရေး အင်အားစုတွေက စုပေါင်း လက်မှတ်ရေးထိုး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အတိုက်အခံ အဖွဲ့တွေက ပယာရွတ်သ်ရဲ့ အာဏာသိမ်း စစ်အစိုးရ လက်ထက်က တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ် သက်တမ်းကိုပါ ထည့်သွင်း တွက်ချက်သင့်ကြောင်း ထောက်ပြခဲ့ပါတယ်။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပယာရွတ်သ် အနေနဲ့ ဥပဒေကြောင်းအရ ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

အစောပိုင်းတုန်းက အစိုးရ တာဝန်ရှိသူ တစ်ဦးက ပယာရွတ်သ်ဟာ ရွေးကောက်ပွဲ မကျင်းပခင်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူနေဖွယ် ရှိတယ်လို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။ တစ်ဖက်မှာလည်း လူထုအမြင် စစ်တမ်းတွေအရ ပယာရွတ်သ်အပေါ် ထောက်ခံမှုဟာ ဆိုးဆိုးရွားရွား ကျဆင်းလာနေပါတယ်။

ခုံရုံး ဆုံးဖြတ်ချက် အပြီးမှာတော့ ဒုတိယ ဝန်ကြီးချုပ် ပရာဝစ် ဝန်ဆူဝမ်က ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားဖွယ် ရှိနေပါတယ်။ ပယာရွတ်သ်ဟာ စစ်တပ်ကို ဦးဆောင်ပြီး အာဏာသိမ်းခဲ့တဲ့နောက် ၂၀၁၄ ကတည်းက ဝန်ကြီးချုပ်အဖြစ် ကိုယ့်ကိုယ်ကိုယ် တင်မြှောက်ထားခဲ့ပါတယ်။ ၂၀၁၉ မှာတော့ စစ်တပ်စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဥပဒေကို အသုံးချပြီး သူက အရပ်သား ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ဒါပေမဲ့ အတိုက်အခံတွေကတော့ ၂၀၁၄ ကတည်းက စတင်ရေတွက်ရင် ပယာရွတ်သ်ရဲ့ ဝန်ကြီးချုပ် သက်တမ်းဟာ ဖွဲ့စည်းပုံ ဥပဒေ ကန့်သတ်ချက်အတိုင်း ၈ နှစ် ပြည့်သွားပြီလို့ ထောက်ပြကြပါတယ်။ တစ်ဖက်မှာလည်း ပယာရွတ်သ် ဘက်တော်သားတွေက သူဟာ ၂၀၁၇ မှသာ ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူခဲ့တာလို့ ကာကွယ် တုံ့ပြန်ထားကြပါတယ်။

ပယာရွတ်သ် ဝန်ကြီးချုပ်အဖြစ် ဆက်ရှိသင့် မရှိသင့်ဆိုတဲ့ အငြင်းအခုံတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အရှိန်မြင့်တက်လာခဲ့ပြီး အခုတော့ ခုံရုံးရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပါပြီ။ ဒီကိစ္စနောက်ပိုင်း ထိုင်းအစိုးရ အဖွဲ့မှာလည်း ဘယ်လို ပြောင်းလဲ သက်ရောက်မှုတွေ ရှိလာမလဲ ဆိုတာ မသေချာသေးသလို အတိုက်အခံတွေက ရွေးကောက်ပွဲ အချိန်စော ကျင်းပပေးဖို့ တောင်းဆိုတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မူလက ထိုင်းရွေးကောက်ပွဲကို လာမယ့်နှစ်၊ မေလမှာ ပြုလုပ်ဖို့ လျာထား သတ်မှတ်ထားကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ရပ်ကွက်ထဲက လူငယ်တွေပါ ပါတယ်ဗျ။ ရာအိမ်မူးက ဦးဆောင်တာပါ အဓိကကတော့။ ရာအိမ်မှူး တွေကိုလည်း စကားပြောစက်တွေ ပေးထားပါတယ်။ သေနတ်တော့ မပေးကိုင်ထားဘူး"ဟု SPTUG အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

တိုရုကူဘိုတာဟာ တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတစ်ခုမှာ ရုပ်သံမှတ်တမ်းတင်နေချိန် ဆန္ဒပြသူတွေနဲ့အတူ ဖမ်းခံရတာလည်းဖြစ်ပါတယ်။

နိုင်ငံတကာ

သီရိလင်္ကာမှာတော့ ပြည်သူတွေက ရာဂျာပက်ဆာနဲ့ တစ်ချိန်က နိုင်ငံရေးဩဇာ ကြီးမားခဲ့တဲ့ သူ့ရဲ့ မိသားစုဝင်တွေကို အခုထိ အခဲမကျေသေးပါဘူး။ ရာဂျာပက်ဆာရဲ့ အစ်ကိုဖြစ်သူ မာဟင်ဒါ ရာဂျာပက်ဆာကလည်း သီရိလင်္ကာရဲ့ သမ္မတဟောင်း တစ်ဦးပါပဲ။

သတင်း

အသက် ၄၀ အရွယ် ထိုင်းရုပ်ရှင်ဒါရိုက်တာ Ramai ဟာ ထိုင်းနယ်စပ်ကနေ ၁၅၀ကီလိုမီတာလောက်ဝေးတဲ့ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်း ဓားစားခံအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။