Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဒုက္ခိတ ဖြစ်သွားတဲ့ တရားခံကို တရားခွင် မတင်ဘဲ ဆန္ဒနဲ့အညီ သေခွင့်ပေးဖို့ စပိန်တရားရုံး ခွင့်ပြု

ဆာဘာရူ ကိုယ်တိုင်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တဲ့ ကျည်ဆန်က ကျောရိုးထိမှန်လို့ မသန်စွမ်း ဘဝကို ရောက်သွားပါတယ်။ သူက ဆေးကုသမှုတွေ ခံယူနေရပြီး နောက်ပိုင်းမှာ တရားရုံးတင် စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

ဒုက္ခိတ ဖြစ်သွားတဲ့ တရားခံကို တရားခွင် မတင်ဘဲ ဆန္ဒနဲ့အညီ သေခွင့်ပေးဖို့ စပိန်တရားရုံး ခွင့်ပြု
ဒုက္ခိတ ဖြစ်သွားတဲ့ တရားခံကို တရားခွင် မတင်ဘဲ ဆန္ဒနဲ့အညီ သေခွင့်ပေးဖို့ စပိန်တရားရုံး ခွင့်ပြု

ပစ်ခတ်မှုအတွက် တရားစွဲဆို ခံထားရတဲ့ အမျိုးသား တစ်ဦးကို တရားရင်မဆိုင်ခင် သူ့ဆန္ဒအတိုင်း ဇီဝိန်ခြွေ သေဆုံးခွင့်ပေးဖို့ စပိန် တရားရုံး တစ်ခုက သဘောတူလိုက်ပါတယ်။

အသက် ၄၆ နှစ်အရွယ် မာရာ ယူဂန် ဆာဘာရူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းက တာရာဂိုနာမြို့မှာ လူ ၄ ဦး ဒဏ်ရာရတဲ့ ပစ်ခတ်မှု ကျူးလွန်ခဲ့ပါတယ်။ သူ့လက်ချက်ကြောင့် လုပ်ဖော်ကိုင်ဖက်ဟောင်း ၃ ယောက်နဲ့ ရဲ ၁ ဦး သေနတ်ထိမှန်ခဲ့ကြပါတယ်။

ဆာဘာရူ ကိုယ်တိုင်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တဲ့ ကျည်ဆန်က ကျောရိုးထိမှန်လို့ မသန်စွမ်း ဘဝကို ရောက်သွားပါတယ်။ သူက ဆေးကုသမှုတွေ ခံယူနေရပြီး နောက်ပိုင်းမှာ တရားရုံးတင် စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကာယကံရှင် ဖြစ်သူက ဒုက္ခိတ ဘဝနဲ့ တရားဆက်ရင်ဆိုင်ရမယ့်အစား သေခွင့်ပေးဖို့ တရားရုံးမှာ ဦးတိုက် လျှောက်ထားခဲ့ပြီး တရားရုံးက လက်ခံလိုက်တာပါ။ ဆာဘာရူရဲ့ ပန်ကြားမှုကို တရားလိုတွေဖက်က ကန့်ကွက်ခဲ့ပေမယ့် တရားရုံးကတော့ ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

ရိုမေးနီးယားမှာ မွေးဖွားပြီး စပိန်ကို ရောက်ရှိနေတဲ့ ဆာဘာရူဟာ သူအလုပ်လုပ်နေကျ လုံခြုံရေး ဝန်ဆောင်မှု ကုမ္ပဏီမှာ ပစ်ခတ်မှု ကျူးလွန်ခဲ့တာပါ။ သူက အခင်းဖြစ်တဲ့ နေရာကနေ ထွက်ပြေးသွားပြီး လက်နက်ပေါင်းစုံ ဖြည့်ထားတဲ့ အိမ်တစ်လုံးထဲမှာ ခိုအောင်းရင်း ရဲတွေကို ခုခံခဲ့ပါတယ်။ သူ့လက်ချက်နဲ့ ရဲတစ်ယောက် ဒဏ်ရာရသွားတဲ့ အခါမှာတော့ လုံခြုံရေး တပ်ဖွဲ့တွေက သူ့ကို ဝိုင်းပတ် ပိတ်ဆို့ပြီး သေနတ်နဲ့ အချက်ရေ တော်တော်များများ ပစ်ခတ်ခဲ့ပါတယ်။ ဆာဘာရူက မသေခဲ့ပေမယ့် ခြေတစ်ဖက် ဖြတ်တောက် ကုသမှု ခံယူခဲ့ရသလို ခန္ဓာကိုယ် မလှုပ်ရှားနိုင်တဲ့ မသန်စွမ်းဘဝ ရောက်သွားပါတယ်။

သူ့ရဲ့ ဒဏ်ရာတွေက မခံမရပ်နိုင်အောင် နာကျင်ပြီး ရှေ့ဆက် အသက်ရှင်ဖို့လည်း အဓိပ္ပါယ် မရှိတော့တာကြောင့် ကိုယ်တိုင် သေခွင့်ရဖို့ ဆန္ဒပြုကြောင်း ဆာဘာရူက ရှေ့နေကနေတဆင့် တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ စပိန်မှာ ပြီးခဲ့တဲ့နှစ်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်အရ အရွယ်ရောက်ပြီးသူ တစ်ဦးဟာ ကုသလို့ မရတော့တဲ့ ရောဂါတစ်ခုခုကြောင့် ဆိုးဆိုးရွားရွား ဝေဒနာ ခံစားနေရပြီး ကိုယ်တိုင်ကလည်း ဆန္ဒပြုရင် ငြင်သာတဲ့ နည်းလမ်းနဲ့ ဇီဝိန်ခြွေပေးတာကို ခွင့်ပြုထားပါတယ်။

ဆာဘာရူကြောင့် ဒဏ်ရာရခဲ့သူတွေကတော့ သူ့အဆိုပြုချက်ကို ကန့်ကွက်ပြီး တရားခံဟာ တရားဥပဒေနဲ့အညီ စီရင်ခံထိုက်ကြောင်း ပြောကြားခဲ့ကြပါတယ်။ အဆုံးမှာတော့ တာရာဂိုနာမြို့က တရားရုံး တစ်ခုက ဆာဘာရူ အနေနဲ့ ဆန္ဒအလျောက် သေခွင့်ရဖို့ အခြေခံ အခွင့်အရေး ရှိသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

အခုအခါ ဆာဘာရူကို လုပ်ထုံးလုပ်နည်းနဲ့အညီ သေခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ သူ့လက်ချက်နဲ့ ဒဏ်ရာရခဲ့တဲ့ ရဲအရာရှိကတော့ တရားလိုတွေရဲ့ အမြင်မှာ ငြင်သာတဲ့ နည်းလမ်းနဲ့ ဇီဝိန်ခြွေခွင့် ပေးလိုက်တဲ့ ကိစ္စကို မဆန့်ကျင်ပေမယ့် တရားခံက တရားခွင်မှာ ဥပဒေနဲ့အညီ စစ်ဆေးမှု ခံယူစေဖို့ကိုတော့ လိုလားကြောင်း ဝေဖန် ပြောဆိုသွားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

၂၀၁၁ ခုနှစ်ကတည်းက အငြင်းပွားလာတဲ့ အိမ်အမွေ အမှုကို ၂၀၁၆ ခုနှစ်မှာတော့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချထားပြီးပါပြီ။

သတင်း

တိုရုကူဘိုတာဟာ တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတစ်ခုမှာ ရုပ်သံမှတ်တမ်းတင်နေချိန် ဆန္ဒပြသူတွေနဲ့အတူ ဖမ်းခံရတာလည်းဖြစ်ပါတယ်။

သတင်း

ထိုသို့အပ်နှင်းခံလိုက်ရသည့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး အနေဖြင့် အဆိုပါ စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းခွင့်အာဏာကို အရာရှိတစ်ဦးဦးသို့ အမိန့်စာနှင့်လွှဲအပ်နိုင်ကြောင်းလည်းဖော်ပြထားသည်။

သတင်း

ဒီနေ့ရုံးထုတ်တဲ့အမှုဟာ NLD အစိုးရ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်နဲ့ ပတ်သက်ပြီး စွဲဆိုတဲ့အမှုဖြစ်ပါတယ်။