Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပျံသန်းချိန်မှာ အချင်းချင်း လက်သီးစွမ်း ပြခဲ့ကြတဲ့ လေယာဉ်မှူးနှစ်ယောက် တာဝန်ကနေ ဆိုင်းငံ့ခံရ

ဒီကိစ္စကို ဖုံးဖိထားလို့ မရဘဲ သတင်းထွက်လာတဲ့နောက် ပြင်သစ် လေကြောင်း လုံခြုံရေးဌာန တာဝန်ရှိသူတွေနဲ့ လေကြောင်းလိုင်းတို့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး လေယာဉ်မှူး နှစ်ယောက်ကို ပျံသန်းခွင့် ဆိုင်းငံ့ထားလိုက်တာပါ။

ပျံသန်းချိန်မှာ အချင်းချင်း လက်သီးစွမ်း ပြခဲ့ကြတဲ့ လေယာဉ်မှူးနှစ်ယောက် တာဝန်ကနေ ဆိုင်းငံ့ခံရ
ပျံသန်းချိန်မှာ အချင်းချင်း လက်သီးစွမ်း ပြခဲ့ကြတဲ့ လေယာဉ်မှူးနှစ်ယောက် တာဝန်ကနေ ဆိုင်းငံ့ခံရ

ပျံသန်းနေတဲ့အချိန် လေယာဉ်မောင်းခန်းထဲမှာ ထိုးကြိတ် ရန်ဖြစ်နေတဲ့ လေယာဉ်မှူး နှစ်ယောက်ကို ပြင်သစ် လေကြောင်းလိုင်းက အလုပ်တာဝန်တွေကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်အရ ဒီလို တာဝန်မဲ့ပြီး ဆိုးရွားလှတဲ့ ပြဿနာမျိုးဟာ ဇွန်လတုန်းက ဂျနီဗာကနေ ပဲရစ်ကို ပျံသန်းခဲ့တဲ့ ခရီးစဉ်အတွင်း ဖြစ်ခဲ့တာလို့ သိရပါတယ်။ လေယာဉ်မှူးတွေ အချင်းချင်း ရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက် ထိုးကြိတ်နေခဲ့ပေမယ့် လေယာဉ်ကိုတော့ ဘေးမသီ ရန်မခ ချောချောမောမော ဆင်းသက်နိုင်ခဲ့ပါတယ်။

လေကြောင်းလိုင်းက ဒီဖြစ်စဉ်ကို ဩဂုတ် ၂၉ ရက်မှာ ကြေညာခဲ့ပြီး လေယာဉ်တွေနဲ့ ခရီးသည်တွေရဲ့ လုံခြုံရေးအတွက် ပိုပြီး တင်းကျပ်တဲ့ အစီအမံတွေ ကျင့်သုံးသွားမယ်လို့ ပြောပါတယ်။ လေယာဉ်မှူးနဲ့ တွဲဖက် လေယာဉ်မှူးဟာ ဂျနီဗာကနေ ပျံတက်လာပြီး မကြာခင်မှာပဲ စကားများကြရာက ဆွဲလားရမ်းလားတွေ ဖြစ်ကုန်သလို တစ်ယောက်က လက်သီးနဲ့ပါ ထိုးခဲ့တယ်လို့ ပြင်သစ် မီဒီယာတွေ ဖော်ပြပါတယ်။ အဲဒီတုန်းက လေယာဉ်မောင်၊ လေယာဉ်မယ်တွေက ဝိုင်းဝန်း ဖြန်ဖြေပေးခဲ့ရပေမယ့် လေယာဉ်မောင်းခန်းထဲမှာ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်သွားခဲ့ပါတယ်။

ဒီကိစ္စကို ဖုံးဖိထားလို့ မရဘဲ သတင်းထွက်လာတဲ့နောက် ပြင်သစ် လေကြောင်း လုံခြုံရေးဌာန တာဝန်ရှိသူတွေနဲ့ လေကြောင်းလိုင်းတို့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး လေယာဉ်မှူး နှစ်ယောက်ကို ပျံသန်းခွင့် ဆိုင်းငံ့ထားလိုက်တာပါ။

ပြင်သစ် လေကြောင်း လုံခြုံရေး တာဝန်ရှိသူတွေဟာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတုန်းက ပြင်သစ် လေကြောင်းပိုင် လေယာဉ်တစ်စီး ချက်ဒ်နိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ဖြစ်စဉ်ကိုလည်း ဆက်လက် စုံစမ်းနေပါတယ်။ အဲဒီတုန်းက ကွန်ဂိုကနေ ပါရီကို ပျံသန်းလာတဲ့ လေယာဉ်မှာ ဆီယိုစိမ့်ခဲ့တာကြောင့် လေယာဉ်မှူးတွေက လမ်းကြောင်းပြောင်း ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆီယိုစိမ့်နေတဲ့ လေယာဉ်အင်ဂျင်ကို မပိတ်ခဲ့သလို ပြဿနာ ဖြစ်နေတာ သိသိချင်းလည်း အရေးပေါ် ဆင်းသက်ဖို့ လေယာဉ်မှူးတွေက မလုပ်ခဲ့ပါဘူး။ လေယာဉ်က ဘေးကင်းကင်း ဆင်းသက်နိုင်ခဲ့ပေမယ့် အင်ဂျင်ကို မပိတ်ခဲ့တာကြောင့် အခန့်မသင့်ရင် လေထဲမှာတင် မီးလောင်သွားနိုင်တယ်လို့ စုံစမ်းရေး အရာရှိတွေက ဆိုပါတယ်။

ပြင်သစ် လေကြောင်း လုံခြုံရေး တာဝန်ရှိသူတွေရဲ့ အဆိုအရ ၂၀၁၇ ကနေ ၂၀၂၂ အတွင်း ခရီးသည်တင် လေယာဉ်မှူး တချို့ဟာ ပျံသန်းချိန်မှာ သတ်မှတ် လုံခြုံရေး စည်းမျဉ်းတွေအတိုင်း လိုက်နာမယ့်အစား ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ် လုပ်ဆောင်တာတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ခုံရုံးရဲ့ ကြေညာချက်ကို ကြေညာပြီးတဲ့နောက် မီဒီယာတွေဆီပါ ဖြန့်ဝေ ပေးပို့လိုက်ပါတယ်။ ရာထူးသက်တမ်းစေ့လို့ ပယာရွတ်သ်ကို ဝန်ကြီးချုပ် အဖြစ်က အနားပေးစေလိုကြောင်း အဆိုပြုချက်ကို ထိုင်းအတိုက်အခံ နိုင်ငံရေး အင်အားစုတွေက စုပေါင်း လက်မှတ်ရေးထိုး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လေဆိပ်နား ချဉ်းကပ်လာချိန်မှာ လေယာဉ်ဟာ တဖြည်းဖြည်းချင်း နိမ့်ဆင်းလာရမယ့်အစား မူလ အမြင့်ပေအတိုင်း ဆက်ပျံသွားတော့ လေကြောင်းထိန်းသိမ်းရေး မျှော်စင်က ဒီကိစ္စ မူမမှန်မှန်း သတိထားမိသွားပါတယ်။

သတင်း

ပြင်သစ်သည် ၂၀၂၂ တွင် အရေးပေါ် စားနပ်ရိက္ခာဝေငှမှုနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် သောက်သုံးရေရရှိရေးအတွက် ယူရို ၄သန်းကို သုံးစွဲရန် ကတိပြုခဲ့သည်။

သတင်း

ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန် တုံ့ပြန်မှုတွေကို စစ်ကောင်စီက ထီမထင်သလို တုံ့ပြန်ခဲ့ပြီး ကိုဂျင်မီတို့ ၄ ဦးဟာ အကြိမ်ကြိမ် သေဒဏ်စီရင် ခံထိုက်တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဇော်မင်းထွန်းက ပြောကြားထားပါတယ်။