Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘဂ္ဂဒက်မှာ ပြိုင်ဘက် လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး လူ ၂၃ ဦးထက်မနည်း သေဆုံး

လက်ရှိ အချိန်ထိ အယ်လ်ဆာဒါးရဲ့ တပ်တွေဟာ အီရတ်မှာ အစိုးရ လက်အောက်ခံ မဟုတ်တဲ့ အင်အား အတောင့်တင်းဆုံး ပြည်သူ့စစ် အဖွဲ့အစည်းအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဘဂ္ဂဒက်မှာ ပြိုင်ဘက် လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး လူ ၂၃ ဦးထက်မနည်း သေဆုံး
ဘဂ္ဂဒက်မှာ ပြိုင်ဘက် လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး လူ ၂၃ ဦးထက်မနည်း သေဆုံး

ဩဇာကြီးမားတဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ဦး နုတ်ထွက်သွားရာက အီရတ်နိုင်ငံရဲ့ မြို့တော် ဘဂ္ဂဒက်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေပြီး လူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်နဲ့ အခုသီတင်းပတ် အစောပိုင်းထိ ဘဂ္ဂဒက်က နေရာတချို့မှာ သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ဆူညံနေခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီပဋိပက္ခတွေဟာ ရှီးဟိုက် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မော့တာဒါး အယ်လ်ဆာဒါးက လွှတ်တော်ကနေ နုတ်ထွက်သွားပြီး နောက်ပိုင်း ပေါ်ပေါက်လာတာပါ။

အခုအခါ အယ်လ်ဆာဒါးကို ထောက်ခံတဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့ အီရန် အစိုးရကို လိုလား ထောက်ခံတဲ့ အီရတ် ပြည်သူ့စစ် အဖွဲ့တွေကြား တိုက်ပွဲတွေ စတင်လာတာ ဖြစ်ပါတယ်။ အယ်လ်ဆာဒါးက လက်ရှိ တင်းမာမှုတွေ အခြေအနေ ဆိုးမလာခင် လွှတ်တော် တဝိုက်မှာ သီတင်းပတ်တချို့ ကြာတဲ့ထိ ဝန်းရံ ဆန္ဒပြနေတဲ့ ထောက်ခံသူတွေကို ပြန်လည် ထွက်ခွာကြဖို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ လက်နက်ကိုင် ပဋိပက္ခတွေပါ ဖြစ်လာပြီး အီရတ် အစိုးရကလည်း ထိထိရောက်ရောက် ကြားဝင် မဟန့်တားနိုင်ဘဲ ဖြစ်နေပါတယ်။ အီရတ်မှာ ပြီးခဲ့တဲ့နှစ်က ရလဒ် မပြတ်သားတဲ့ ရွေးကောက်ပွဲ ပြီးစီးသွားချိန် ကတည်းက နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

အယ်လ်ဆာဒါးရဲ့ နိုင်ငံရေး အင်အားစုဟာ အောက်တိုဘာ ရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့ပေမယ့် အစိုးရသစ် ဖွဲ့စည်းနိုင်လောက်တဲ့ထိ ရလဒ် မပြတ်သားခဲ့ပါဘူး။ ဒါ့အပြင် ဒုတိယ မဲအများဆုံး ရခဲ့တဲ့ နိုင်ငံရေး အဖွဲ့နဲ့ ပူးပေါင်းပြီး ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ အစီအစဉ်ကလည်း အီရန်ကို လိုလားတဲ့ စစ်သွေးကြွတွေ ကဖျက်ယဖျက် လုပ်ခဲ့တာကြောင့် မအောင်မြင်ပြန်ပါဘူး။

အယ်လ်ဆာဒါးဟာ တစ်ချိန်က အီရန်ရဲ့ မဟာမိတ် ဖြစ်ခဲ့ဖူးပေမယ့် အခုအခါမှာတော့ သူ့ကိုယ်သူ အမျိုးသားရေး ဝါဒီ တစ်ယောက်လို့ ကြေညာပြီး အီရတ်အပေါ် အမေရိကန်နဲ့ အီရန်တို့က အပြိုင် လွှမ်းမိုးဖို့ ကြိုးစားနေတာကို တွန်းလှန်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

အခုအခါ ဘဂ္ဂဒက်မှာ ငြိမ်းချမ်းရေး တပ်ဦးလို့ နာမည်ခံထားပြီး အယ်လ်ဆာဒါးကို သစ္စာခံတဲ့ အဖွဲ့တွေနဲ့ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် တပ်တွေ တိုက်ခိုက်နေကြတာပါ။ လောလောဆယ် သေဆုံးသူ အားလုံးလိုလိုဟာ အယ်လ်ဆာဒါးရဲ့ ဘက်တော်သားတွေ ဖြစ်ကြပြီး ဒဏ်ရာရသူ စုစုပေါင်းက ၃၈၀ ဝန်းကျင် ရှိမယ်လို့ အီရတ် မီဒီယာတွေက ဖော်ပြပါတယ်။

အယ်လ်ဆာဒါးရဲ့ မဟာမိတ် တစ်ဦးဖြစ်သူ အီရတ် ယာယီ ဝန်ကြီးချုပ် မူစတာဖာ အယ်လ်ခါဒီမီက ဘဂ္ဂဒက်အပြင် တခြားမြို့ကြီး တချို့မှာပါ မငြိမ်သက်မှုတွေ ပေါ်ပေါက်လာတဲ့နောက် တစ်နိုင်ငံလုံးအဆင့် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဝန်ကြီးချုပ်က အစိုးရအဖွဲ့ အစည်းအဝေးတွေကို ဆိုင်းငံ့ထားလိုက်ပြီး အခြေအနေတွေ ပိုဆိုးမလာအောင် ထိန်းသိမ်းပေးဖို့လည်း အယ်လ်ဆာဒါးကို တိုက်တွန်းလိုက်ပါတယ်။

ဩဂုတ် ၃၀ မှာတော့ အယ်လ်ဆာဒါးက သူ့ကို အကြောင်းပြုပြီး မငြိမ်သက်မှုတွေ ဖြစ်လာတာနဲ့ ပတ်သက်လို့ အီရတ် ပြည်သူတွေကို တောင်းပန်ခဲ့ပြီး သူနဲ့ လွှတ်တော်ကြားက မပြေလည်မှုတွေအပေါ် ဆန္ဒပြနေတဲ့ သူ့လူတွေကိုလည်း အိမ်ပြန် ခိုင်းလိုက်ပြီလို့ ပြောပါတယ်။

အသက် ၄၈ နှစ်အရွယ် ဘာသာရေး ခေါင်းဆောင်ဟာ အီရတ် နိုင်ငံရေး နယ်ပယ်မှာလည်း ဩဇာကြီးမားသူ တစ်ဦးဖြစ်ပါတယ်။ သူတည်ထောင်ခဲ့တဲ့ မာဒီစစ်တပ်ဟာ ၂၀၀၃ ခုနှစ်မှာ အမေရိကန်တပ်တွေ ဝင်ရောက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ အီရတ် အစိုးရကို လက်သံအပြောင်ဆုံး တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့တစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်တော့ အဲဒီတပ်ကို ငြိမ်းချမ်းရေး တပ်ဦးလို့ နာမည် ပြောင်းခဲ့ပါတယ်။

လက်ရှိ အချိန်ထိ အယ်လ်ဆာဒါးရဲ့ တပ်တွေဟာ အီရတ်မှာ အစိုးရ လက်အောက်ခံ မဟုတ်တဲ့ အင်အား အတောင့်တင်းဆုံး ပြည်သူ့စစ် အဖွဲ့အစည်းအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖမ်းဆီးစစ်ဆေးနေသူများသည် စစ်ဆင်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ပြည်သူ များဖြစ်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်အားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။

သတင်း

အဆိုပါတိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့်အတူ Federal Wings Drone တပ်ဖွဲ့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ၂ကြိမ်အတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရသည်ဟု ဆိုသည်။

သတင်း

ချင်းပြည်နယ် ဟားခါး - ထန်တလန်ကြားတွင်လည်း ဇူလိုင်လကုန်ပိုင်းမှ ယခု ဩဂုတ်လကုန်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားထားသည်။