Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားမှာ ထိပ်တန်း စီးပွားရေးသမားတွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ ဆက်တိုက်ကြုံတွေ့နေ

ရုရှား စုံထောက်တွေကတော့ မာဂါနော့ဗ် သေဆုံးမှု အကြောင်းရင်းမှန်ကို သိရှိဖို့ အခင်းဖြစ်ရာ နေရာကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့သာ မတင်မကျ ပြောဆိုထားပါတယ်။

ရုရှားမှာ ထိပ်တန်း စီးပွားရေးသမားတွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ ဆက်တိုက်ကြုံတွေ့နေ
ရုရှားမှာ ထိပ်တန်း စီးပွားရေးသမားတွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ ဆက်တိုက်ကြုံတွေ့နေ

ရုရှားရဲ့ ထိပ်တန်း ရေနံ လုပ်ငန်းစုကြီး တစ်ခုရဲ့ အကြီးအကဲဟာ ဆေးရုံတစ်ခုရဲ့ အထပ်မြင့် ပြတင်းပေါက်က ပြုတ်ကျပြီး သေဆုံးသွားကြောင်း သိရပါတယ်။

Lukoil ကုမ္ပဏီက သူတို့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ရာဗေးလ် မာဂါနော့ဗ် သေဆုံးသွားတဲ့ သတင်းကို အတည်ပြုခဲ့ပေမယ့် ထူးခြားချက် တစ်ခုက အသက် ၆၇ နှစ်အရွယ် မာဂါနော့ဗ်ဟာ အပြင်းအထန် နာမကျန်းလို့ ကွယ်လွန်သွားတာလို့ ကုမ္ပဏီ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ရုရှား မီဒီယာတွေက မာဂါနော့ဗ်ဟာ အမြင့်က ပြုတ်ကျတဲ့ ဒဏ်ရာတွေ ပြင်းထန်လွန်းတာကြောင့် မော်စကို ဗဟိုဆေးရုံကြီးမှာ တက်ရောက် ကုသပေမယ့် ကွယ်လွန်သွားတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားမှာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့ပါတယ်။

ရုရှား စုံထောက်တွေကတော့ မာဂါနော့ဗ် သေဆုံးမှု အကြောင်းရင်းမှန်ကို သိရှိဖို့ အခင်းဖြစ်ရာ နေရာကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့သာ မတင်မကျ ပြောဆိုထားပါတယ်။

Lukoil ကုမ္ပဏီ ဘုတ်အဖွဲ့ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲ စတင်ပြီး မကြာခင်မှာပဲ အဲဒီ ပဋိပက္ခတွေကို အမြန်ဆုံး အဆုံးသတ်ပေးဖို့ သဘောထားထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ ဒီလို ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးကြောင့် ထိခိုက် နစ်နာရသူတွေအတွက် ကုမ္ပဏီ အနေနဲ့ စာနာ ဝမ်းနည်းကြောင်းလည်း သဘောထား ထုတ်ပြန်ခဲ့ဖူးပါတယ်။

ရုရှားမှာ ဧပြီလတုန်းက စွမ်းအင် ကုမ္ပဏီ Novatekရဲ့ မန်နေဂျာဟောင်း ဆာဂျီ ပရိုတိုဆန်ညာဟာ စပိန်က စံအိမ်တစ်ခုမှာ ဇနီး၊ သမီးတို့နဲ့အတူ သေဆုံးလျက်သား တွေ့ရှိခဲ့ရပါတယ်။ ပြီးတော့ Gazprombankရဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်း ဗလာဒီဆလက်ဗ် အေဗာယက်ဗ်ကလည်း အဲဒီလမှာပဲ မော်စကို တိုက်ခန်းတစ်ခုမှာ ဇနီး၊ သမီးတို့နဲ့အတူ သေဆုံးနေတာ ရှာတွေ့ခဲ့ပြန်ပါတယ်။ မေလမှာတော့ Lukoilရဲ့ အကြီးအကဲဟောင်း တစ်ဦးဖြစ်တဲ့ အလက်ဇန္ဒား ဆူဘော့တင်ဟာ ရုတ်တရက် နှလုံးရပ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Lukoilဟာ ရုရှားရဲ့ အကြီးမားဆုံး ပုဂ္ဂလိကပိုင် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာလည်း အကြီးမားဆုံး စွမ်းအင် လုပ်ငန်းစုတွေထဲမှာ ပါဝင်နေပါတယ်။ မာဂါနော့ဗ်ကတော့ ပုဂ္ဂလိက စွမ်းအင် ကုမ္ပဏီ တစ်ခုကို ဦးစီးနေရာကနေ လွန်ခဲ့တဲ့ ၂ နှစ်မှာ Lukoilရဲ့ အကြီးအကဲအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့တာလို့ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

အဲဒီတပ်တွင်းပစ်ခတ်မှုဟာ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းရွာ မှာရှိတဲ့ သေနတ်ပစ်ကွင်းမှာ စစ်ကောင်စီတပ်သားအချင်းချင်းကြား ဖြစ်ခဲ့တာပါ။

သတင်း

သြဂုတ်လ နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီ တပ်သားလေးဦး KNDF ထံ CDM ပြုလုပ်ကာ လာရောက်ပူးပေါင်းခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်ကလည်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း Special-HPDFက ထုတ်ပြန်သည်။

သတင်း

လက်ရှိ အချိန် တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ်က ကလေးမြို့နှင့် ဖလမ်းမြို့ဘက်မှ ကုန်းကြောင်း လေကြောင်းဖြင့် လူအင်အားလက်နက်အင်အားများ ဖြည့်တင်းလျက်ရှိသည်ဟုဆိုသည်။