Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စွမ်းအင် လိုအပ်ချက်ကြောင့် နျူကလီးယား ဓာတ်အားပေး စက်ရုံအားလုံး ပြန်လည်ပတ်နိုင်ဖို့ ပြင်သစ် ကြိုးစားနေ

အဲဒီ စက်ရုံ ၅၆ ခုစလုံးကို ပြင်သစ် လျှပ်စစ်စွမ်းအင် လုပ်ငန်းစုကြီး EDFက စီမံခန့်ခွဲနေတာပါ။ EDF အနေနဲ့ လက်ရှိ ရပ်ဆိုင်းထားရတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ အမြန်ဆုံး လုပ်ငန်း ပြန်လည်ပတ်နိုင်အောင် တက်သုတ်ရိုက် ကြိုးစား လုပ်ဆောင်နေတယ်လို့ ဝန်ကြီး ရူနက်ချာက ဆိုပါတယ်။

စွမ်းအင် လိုအပ်ချက်ကြောင့် နျူကလီးယား ဓာတ်အားပေး စက်ရုံအားလုံး ပြန်လည်ပတ်နိုင်ဖို့ ပြင်သစ် ကြိုးစားနေ
စွမ်းအင် လိုအပ်ချက်ကြောင့် နျူကလီးယား ဓာတ်အားပေး စက်ရုံအားလုံး ပြန်လည်ပတ်နိုင်ဖို့ ပြင်သစ် ကြိုးစားနေ

နိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်ကို ကုစားဖို့အတွက် ပြည်တွင်းမှာ ရှိနေတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံ အားလုံးကို ပြန်လည် လည်ပတ်စေမယ်လို့ ပြင်သစ် အစိုးရက အတည်ပြု ကြေညာလိုက်ပါတယ်။

ပြင်သစ် စွမ်းအင်ဝန်ကြီး ပန်နီရာ ရူနက်ချာက ဆောင်းရာသီ မတိုင်ခင်မှာ နိုင်ငံရဲ့ နျူကလီးယား စက်ရုံအားလုံး လုပ်ငန်း လည်ပတ်နေစေဖို့ ရည်ရွယ်ထားကြောင်း ပြောကြားသွားပါတယ်။ ဆောင်းရာသီမှာ ရာသီဥတု အေးမြမှုနဲ့အတူ စွမ်းအင် သုံးစွဲမှုလည်း မြင့်တက်လာတာကြောင့် စွမ်းအင် ပြတ်လပ်မှုတွေ မရှိအောင် ကြိုတင် စီစဉ်နေတယ်လို့ ရူနက်ချာက ဆိုပါတယ်။

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ပြင်သစ် အပါအဝင် ဥရောပ နိုင်ငံတွေက ရုရှားရဲ့ စွမ်းအင် တင်ပို့မှုတွေကို ကန့်သတ် ပိတ်ပင်ခဲ့ရာက ပြည်တွင်းမှာလည်း စွမ်းအင် မဖူလုံတဲ့ အခြေအနေတွေ ကြုံလာရတာပါ။ ပြင်သစ်ဟာ နိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက် စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းကို နျူကလီးယား စွမ်းအင်အပေါ် မှီခိုနေရပါတယ်။ လောလောဆယ် ပြင်သစ်မှာ ရှိနေတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံ ၅၆ ခုအနက် ၃၂ ခုဟာ ပုံမှန် ပြုပြင်ထိန်းသိမ်းရေးအတွက်၊ ဒါမှမဟုတ် နည်းပညာပိုင်း အခက်အခဲတွေအတွက် ပိတ်ထားရပါတယ်။

အဲဒီ စက်ရုံ ၅၆ ခုစလုံးကို ပြင်သစ် လျှပ်စစ်စွမ်းအင် လုပ်ငန်းစုကြီး EDFက စီမံခန့်ခွဲနေတာပါ။ EDF အနေနဲ့ လက်ရှိ ရပ်ဆိုင်းထားရတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ အမြန်ဆုံး လုပ်ငန်း ပြန်လည်ပတ်နိုင်အောင် တက်သုတ်ရိုက် ကြိုးစား လုပ်ဆောင်နေတယ်လို့ ဝန်ကြီး ရူနက်ချာက ဆိုပါတယ်။

နောက်ပြီး အစိုးရ အနေနဲ့ နည်းပညာပိုင်း ပြဿနာ ရှိခဲ့လို့ ရပ်နားထားရတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ရာနှုန်းပြည့် လုံခြုံစိတ်ချရတဲ့ အခြေအနေထိ ရောက်မှ ပြန်လည်ပတ်တာ သေချာအောင်လည်း အနီးကပ် စောင့်ကြည့်သွားမယ်လို့ သူက ဆက်ပြောပါတယ်။ ပြင်သစ်ရဲ့ မဟာဗျူဟာရေးရာ အရန်ဓာတ်ငွေ့ သိုလှောင်မှုဟာ သတ်မှတ် ပမာဏရဲ့ ၉၂ ရာခိုင်နှုန်းထိ ကျန်နေသေးတယ်လို့လည်း ဝန်ကြီးက မှတ်ချက် ပေးပါတယ်။

ပြင်သစ်ဟာ ဆောင်းရာသီကို ကြံ့ကြံ့ခံ ဖြတ်သန်းဖို့အတွက် အိမ်နီးချင်း စပိန်၊ ဂျာမနီတို့နဲ့လည်း စွမ်းအင် ကုန်သွယ် ဖလှယ်မှုတွေ မြှင့်တင်သွားမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ရုရှားရဲ့ အဓိက စွမ်းအင် ကုမ္ပဏီကြီးဖြစ်တဲ့ Gazpromဟာ အကြီးစား ပြုပြင်မွမ်းမံမှုတွေ လုပ်ဆောင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥရောပ နိုင်ငံတွေဆီ သွယ်တန်းထားတဲ့ ပင်မ ဓာတ်ငွေ့ ပိုက်လိုင်းကြီးကို အခု သီတင်းပတ်မှာ ယာယီ ပိတ်ထားလိုက်ကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြုံတွေကိုလည်း ဟောပြောသွားမယ်လို့ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ အခြေစိုက် ငြိမ်းချမ်းရေး သုတေသနဌာန (PRIO)ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ဒီကိစ္စကို ဖုံးဖိထားလို့ မရဘဲ သတင်းထွက်လာတဲ့နောက် ပြင်သစ် လေကြောင်း လုံခြုံရေးဌာန တာဝန်ရှိသူတွေနဲ့ လေကြောင်းလိုင်းတို့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး လေယာဉ်မှူး နှစ်ယောက်ကို ပျံသန်းခွင့် ဆိုင်းငံ့ထားလိုက်တာပါ။

နိုင်ငံတကာ

ယူကရိန်း အစိုးရကတော့ စက်ရုံပတ်ဝန်းကျင်မှာ စစ်ရေးအရ လှုပ်ရှားမှုတွေ မရှိတာ သေချာအောင် ကြားဝင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂဆီ တိုက်တွန်း အဆိုပြုထားပါတယ်။ ဂူတာရက်စ်က ဇာပေါ်ရစ်ဇီရာ စက်ရုံဟာ စစ်ရေး လှုပ်ရှားမှုတွေရဲ့ အစိတ်အပိုင်းတစ်ခု လုံးဝ ဖြစ်မနေသင့်ဘူးလို့ ပြောပါတယ်။

သတင်း

ပြင်သစ်သည် ၂၀၂၂ တွင် အရေးပေါ် စားနပ်ရိက္ခာဝေငှမှုနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် သောက်သုံးရေရရှိရေးအတွက် ယူရို ၄သန်းကို သုံးစွဲရန် ကတိပြုခဲ့သည်။