Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဗီယက်နမ်မှာ ကာရာအိုကေဆိုင် မီးလောင်ရာက လူ ၃၂ ဦးသေဆုံး

မီးသတ် တပ်ဖွဲ့ဝင်တွေဟာ အကြောင်းကြားမှု ရပြီးပြီးချင်း အခင်းဖြစ်တဲ့ နေရာကို အမြန်ဆုံး ရောက်ရှိခဲ့ပေမယ့် မီးက အရမ်းအားကောင်းနေတာကြောင့် လူတွေကို ကယ်ဆယ်ဖို့ အခက်တွေ့ခဲ့ကြပါတယ်။ မီးစလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။

ဗီယက်နမ်မှာ ကာရာအိုကေဆိုင် မီးလောင်ရာက လူ ၃၂ ဦးသေဆုံး
ဗီယက်နမ်မှာ ကာရာအိုကေဆိုင် မီးလောင်ရာက လူ ၃၂ ဦးသေဆုံး

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှာ ကာရာအိုကေ ဆိုင်တစ်ခု မီးလောင်မှု ဖြစ်ပွားရာက လူ ၃၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဟိုချီမင်းစီးတီးနားက အဆောက်အအုံ တစ်ခုရဲ့ အပေါ်ထပ်မှာ စက်တင်ဘာ ၇ ရက် မနက်အစောပိုင်းက မီးလောင်ခဲ့ပြီး ဝန်ထမ်းတွေ၊ ဖောက်သည်တွေ ပိတ်မိနေခဲ့တာလို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။ လူ ၄ ဦးကတော့ ဒုတိယထပ်နဲ့ တတိယထပ်တွေကနေ ခုန်ချပြီး ဒဏ်ရာရခဲ့ပေမယ့် အသက်ရှင်ခဲ့ကြပါတယ်။

မီးသတ် တပ်ဖွဲ့ဝင်တွေဟာ အကြောင်းကြားမှု ရပြီးပြီးချင်း အခင်းဖြစ်တဲ့ နေရာကို အမြန်ဆုံး ရောက်ရှိခဲ့ပေမယ့် မီးက အရမ်းအားကောင်းနေတာကြောင့် လူတွေကို ကယ်ဆယ်ဖို့ အခက်တွေ့ခဲ့ကြပါတယ်။ မီးစလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။

ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနကတော့ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး ဒဏ်ရာရသူတွေထဲမှာ အခြေအနေ စိုးရိမ်ရသူတွေလည်း ပါဝင်နေတယ်လို့ ပြောပါတယ်။ မီးလောင်ပြင်မှာ နောက်ထပ် သေဆုံးသူတွေ ရှာဖွေနေတဲ့ လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားပြီလို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

ပြည်တွင်း မီဒီယာတွေရဲ့ ဖော်ပြမှုအရ မီးလောင်မှု ဖြစ်တဲ့အချိန် ကာရာအိုကေဆိုင် အဆောက်အအုံမှာ လူပေါင်း ၆၀ ဝန်းကျင်လောက် ရှိနေခဲ့ကြောင်း သိရပါတယ်။ ဟိုချီမင်းစီးတီး မြို့တော်မြောက်ဖက် ဘင်ဒေါင်းခရိုင် အုပ်ချုပ်ရေး အရာရှိ တစ်ဦးကတော့ အဆောက်အအုံရဲ့ သုံးပုံတစ်ပုံလောက် မီးလောင်ကျွမ်း ပြာကျသွားခဲ့ကြောင်း ပြောပါတယ်။ ပြီးတော့ အိမ်သာတစ်ခုထဲမှာ လူ ၉ ဦးလောက် စုပြုံ သေဆုံးနေတယ်လို့လည်း သူက ဆိုပါတယ်။

မီးသတ်ဌာနဟာ မီးကို ထိန်းချုပ် ငြှိမ်းသတ်ဖို့အတွက် တစ်နာရီလောက် အချိန်ယူခဲ့ကြရပါတယ်။ ဗီယက်နမ်မှာတော့ ကာရာအိုကေ ဆိုင်တွေမှာ လူအသေအပျောက်များတဲ့ မီးလောင်မှုတွေ ကြုံရတတ်တာ အသစ်အဆန်း မဟုတ်တော့ပါဘူး။ အထူးသဖြင့် ဆိုင်တွေရဲ့ လုံခြုံရေး စံနှုန်း အားနည်းချက်တွေကြောင့် မတော်တဆ တစ်ခုခု ဖြစ်တာနဲ့ ပိတ်မိ သေဆုံးသူတွေ ရှိလာတတ်ကြပါတယ်။

၂၀၁၆ တုန်းကလည်း ဟနွိုင်းမြို့မှာ ကာရာအိုကေခန်း မီးလောင်ရာက လူ ၁၃ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။ ၂၀၁၄ နောက်ပိုင်း ကာရာအိုကေခန်း မီးလောင်မှုတွေ အနည်းဆုံး ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ဖူးပြီး လူ ၆၀ နီးပါးလောက် အသက်ဆုံးရှုံးခဲ့ကြောင်းလည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ပေါက်ကွဲမှုကြောင့် ဆိုင်ရှင် လင်မယား နဲ့ ဆိုင်ဝန်ထမ်း ၁ ဦး ဒဏ်ရာရသွားကာ အမျိုးသမီးကြီး ၁ ဦးကတော့ ညာဘက်ခြေထောက်ပြတ်ပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

နိုင်ငံတကာ

မိုင်းလ်ဟာ အကြမ်းဖက် မှုခင်းတွေ ကျူးလွန်ဖူးသလို ပြစ်မှုမှတ်တမ်း ၅၉ ခုလောက် ရှိခဲ့သူ တစ်ဦးဖြစ်တာကြောင့် သူဘာကြောင့် လမ်းပေါ်မှာ လွတ်လွတ်လပ်လပ် သွားလာခွင့် ရနေခဲ့သလဲဆိုတဲ့ မေးခွန်းက အခုအချိန်မှာ အာဏာပိုင်တွေအတွက် ဖိစီးမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

သတင်း

ပလက်ဝမြို့နယ် ဝါဒိန်အုပ်စု၊ ဝါဒိန်ကျေးရွာမှ စစ်ကောင်စီသတင်းပေး ဦးအာခိုင် အသက်(၆၅)နှစ်သည် CDF-ပလက်ဝက ထိန်းသိမ်းထားစဥ် သြဂုတ် ၁၉ရက်က သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တပ်ဖွဲ့တွေဘက်ကတော့ တိုင်းပြည်နဲ့လူမျိုးအတွက်(၄) ဦး အသက်စွန့်ခဲ့ရပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။