Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အစွမ်းအထက်ဆုံး ငှက်ဖျား ကာကွယ်ဆေး အသစ်တစ်မျိုးကို လာမယ့်နှစ်မှာ စတင်ဖြန့်ဝေဖို့ စီစဉ်နေ

ကမ္ဘာပေါ်မှာ ပျမ်းမျှ တစ်နှစ်ကို ငှက်ဖျားရောဂါ ဖြစ်ပွားသူ သန်း ၂၃၀ လောက်ထိ များပြားလေ့ရှိပြီး အဲဒီထဲက ၉၄ ရာခိုင်နှုန်းဟာ အာဖရိကတိုက်မှာပါ။ ငှက်ဖျားကြောင့် ကမ္ဘာအနှံ့မှာ တစ်နှစ်ကို လူပေါင်း ၄ သိန်း ၁ သောင်းဝန်းကျင်လောက် သေဆုံးလေ့ ရှိတယ်လို့လည်း သိရပါတယ်။

အစွမ်းအထက်ဆုံး ငှက်ဖျား ကာကွယ်ဆေး အသစ်တစ်မျိုးကို လာမယ့်နှစ်မှာ စတင်ဖြန့်ဝေဖို့ စီစဉ်နေ
အစွမ်းအထက်ဆုံး ငှက်ဖျား ကာကွယ်ဆေး အသစ်တစ်မျိုးကို လာမယ့်နှစ်မှာ စတင်ဖြန့်ဝေဖို့ စီစဉ်နေ

တီထွင်နေဆဲဖြစ်တဲ့ ငှက်ဖျား ကာကွယ်ဆေးအသစ် တစ်မျိုးဟာ နိုင်ငံတကာ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကို အကြီးအကျယ် ပြောင်းလဲသက်ရောက်မှုတွေ ရှိလာစေမယ်လို့ ပညာရှင်တွေက မျှော်လင့်နေပါတယ်။

နောက်ဆုံးအဆင့် ကွင်းဆင်း စမ်းသပ်မှုတွေ အပြီး လာမယ့်နှစ်မှာ စျေးကွက်ထဲ စတင် ဖြန့်ဝေဖို့ ရည်ရွယ်ထားတဲ့ ကာကွယ်ဆေးဟာ ငှက်ဖျားရောဂါ ဖြစ်ပွားနိုင်ခြေကို ၈၀ ရာခိုင်နှုန်းကျော် ဟန့်တားပေးမယ်လို့ ဆိုပါတယ်။ ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ အဲဒီ ရောဂါဆိုးဟာ နှစ်စဉ် လူ့အသက်ပေါင်း များစွာကို ဖျက်ဆီး ခြိမ်းခြောက်နေပါတယ်။

ငှက်ဖျားရောဂါအတွက် အရင်က အသုံးပြုနေတဲ့ ကာကွယ်ဆေး တစ်မျိုးရှိပေမယ့် အာနိသင် ထိရောက်လွန်းတဲ့ အမျိုးအစားတော့ မဟုတ်ပါဘူး။ အာဖရိက နိုင်ငံတွေမှာ ကလေးတွေအတွက် ထိုးနှံပေးနေတဲ့ အဲဒီကာကွယ်ဆေးဟာ ရောဂါဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းလောက်သာ တားဆီးပေးပါတယ်။

အခုအခါ အောက်စ်ဖို့ဒ် တက္ကသိုလ်က သုတေသီတွေ စမ်းသပ် တီထွင်ထားတဲ့ ဆေးအသစ်ကတော့ ငှက်ဖျား တိုက်ဖျက်ရေးမှာ တင်းပြည့်ကျပ်ပြည့် ယုံကြည်အားကိုးနိုင်တဲ့ အဆင့်မျိုး ရောက်လာမယ့် သဘောပါ။ ပိုပြီး အရေးကြီးတဲ့ အားသာချက် တစ်ခုက ဆေးရဲ့ စျေးနှုန်းက သက်သာတာဖြစ်ပြီး အစောပိုင်း ကာလတွေမှာတင် တစ်နှစ်ကို ကာကွယ်ဆေး အလုံးပေါင်း သန်း ၁၀၀ ကျော်လောက် ထုတ်လုပ်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

Malaria No More ရန်ပုံငွေ အဖွဲ့က ကာကွယ်ဆေးရဲ့ လက်ရှိ ရလဒ်တွေအတိုင်းသာဆိုရင် ငှက်ဖျားကြောင့် ကလေးတွေ သေရတယ်ဆိုတဲ့ ဖြစ်ရပ်မျိုးတွေဟာ လာမယ့် မျိုးဆက် တစ်ခုအတွင်း လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

ကပ်ပါးပိုးမွှား တစ်မျိုးဖြစ်တဲ့ ငှက်ဖျား ရောဂါပိုးကို တိုက်ဖျက်ဖို့ ကာကွယ်ဆေးတွေ တီထွင်နေတာ ဆယ်စုနှစ် တစ်ခုကျော်လောက် ကြာမြင့်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဆေးဝါး သုတေသန ပညာရှင်တွေဟာ ရှုပ်ထွေးပြီး နားလည်ဖို့ မလွယ်တဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဟာ Historic go-aheadဆိုတဲ့ ပရောဂျက်နဲ့ ပထမဆုံး ငှက်ဖျားကာကွယ်ဆေး ထိုးနှံမှုတွေကို စတင် သဘောတူ ခွင့်ပြုပေးခဲ့ပါတယ်။ အဲဒီဆေးကို ဗြိတိန် ဆေးဝါး လုပ်ငန်းစုကြီး GSKက ထုတ်လုပ်ပြီး အာဖရိကတိုက်မှာ အဓိက သုံးစွဲဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ အောက်စ်ဖို့ဒ်ရဲ့ ပညာရှင်တွေကတော့ သူတို့ ရွေးချယ်ဖန်တီးထားတဲ့ နည်းပညာတွေက ပိုမို ထိရောက်သလို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်မယ့် အားသာချက်လည်း ရှိတယ်လို့ ပြောပါတယ်။

အောက်စ်ဖို့ဒ်က စမ်းသပ်ထုတ်လုပ်တဲ့ ဆေးကို ဘာကီနာဖာဆိုနိုင်ငံ၊ နာနိုရိုဒေသက ကလေးငယ် ၄၀၉ ဦးမှာ ထိုးနှံ စမ်းသပ်ခဲ့ပါတယ်။ ဒီဆေးက ၃ လုံးဆက်တိုက် ထိုးပြီး ၁ နှစ်ခြားတဲ့ အခါမှာ နောက် ၁ လုံး ထပ်ထိုးရတာပါ။ စမ်းသပ်မှုမှာ ပါဝင်တဲ့ ကလေးငယ် ၈၀ ရာခိုင်နှုန်းလောက်ဟာ ငှက်ဖျား ကူးစက်မှုကို ခံနိုင်ရည် ရှိနေတာ တွေ့ခဲ့ရပါတယ်။

ကမ္ဘာပေါ်မှာ ပျမ်းမျှ တစ်နှစ်ကို ငှက်ဖျားရောဂါ ဖြစ်ပွားသူ သန်း ၂၃၀ လောက်ထိ များပြားလေ့ရှိပြီး အဲဒီထဲက ၉၄ ရာခိုင်နှုန်းဟာ အာဖရိကတိုက်မှာပါ။ ငှက်ဖျားကြောင့် ကမ္ဘာအနှံ့မှာ တစ်နှစ်ကို လူပေါင်း ၄ သိန်း ၁ သောင်းဝန်းကျင်လောက် သေဆုံးလေ့ ရှိတယ်လို့လည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်ကောင်စီကနေတဆင့်ဖြတ်သန်းသွားမယ့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာနဲ့ စစ်ကောင်စီနယ်မြေစိုးမိုးမှု ပိုရအောင် အားပေးရာရောက်တယ်လို့ဝေဖန်တာတွေလည်းရှိနေပါတယ်။

နိုင်ငံတကာ

လောလောဆယ် တီထွင်နေတဲ့ ဖျန်းဆေးဟာ နှာခေါင်းကနေတဆင့် ဗိုင်းရပ်စ် ဝင်ရောက်မှုကို တားဆီးပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ နှာခေါင်းပေါက်ဟာ အသက်ရှူ လမ်းကြောင်းထဲ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိမှုမှာ အဓိက အကျဆုံး ဝင်ပေါက်လည်း ဖြစ်ပါတယ်။

နိုင်ငံတကာ

စစ်တမ်းကို ပြုစုရာမှာ နိုင်ငံအလိုက် အစိုးရနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို အသုံးပြုပြီး တရားဝင် ထုတ်ပြန်ချက် မရနိုင်တဲ့ နေရာတွေမှာတော့ ခန့်မှန်း အရေအတွက်ကို အသုံးပြုခဲ့ပါတယ်။

နိုင်ငံတကာ

သုတေသန အချက်အလက်တွေက Omicron ဆင့်ပွား မျိုးကွဲသစ်တွေဟာ ကာကွယ်ဆေး ထိုးနှံနှုန်း အရမ်းမြင့်တဲ့ လူ့အဖွဲ့အစည်းမျိုး၊ BA.1နဲ့ BA.2 ကူးစက်မှုတွေကြောင့် ကိုယ်ခံအား ရရှိထားပြီးသား လူ့အဖွဲ့အစည်းမျိုးထဲမှာကို ကျယ်ကျယ်ပြန့်ပြန့် ထပ်ကူးစက်နိုင်တယ်လို့ ညွှန်ပြနေကြောင်း သူက ဆိုပါတယ်။