Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်

ဘုရင်မကြီး ကွယ်လွန်သွားတဲ့နောက် နာရေး အစီအစဉ်တွေနဲ့ ထီးမွေခံ အရေးကိစ္စတွေကိုတော့ လတ်တလောမှာ နန်းတော်က မကြေညာသေးပါဘူး။ ဘုရင်မကြီး မကွယ်လွန်ခင် သားသမီး ၄ ယောက်စလုံးနဲ့ မြေးတော် မင်းသား ဝီလျံတို့ဟာ ဘုရင်မကြီးရဲ့ဘေးမှာ စုံစုံလင်လင် ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်
ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်

ဗြိတိန်နိုင်ငံက အဲလိဇဘက်သ် ဘုရင်မကြီး ကွယ်လွန်သွားပြီလို့ ဘက်ကင်ဟမ် နန်းတော်က အတည်ပြု ကြေညာသွားပါတယ်။

စက်တင်ဘာ ၈ ရက် မနက်ပိုင်း ကတည်းက ဘုရင်မကြီးရဲ့ ကျန်းမာရေး အခြေအနေ ဆုတ်ယုတ်လာလို့ အထူးကြပ်မတ် စောင့်ကြည့်မှုတွေ ခံယူနေရကြောင်း နန်းတော်က ထုတ်ပြန်ထားခဲ့ပါတယ်။ အဲဒီနောက် ဘုရင်မကြီး ရှိနေရာ စကော့တလန်က နွေရာသီ စံနန်းတော်ကို တော်ဝင် မိသားစုဝင်တွေ ကတိုက်ကရိုက် သွားရောက်ခဲ့ကြတဲ့နောက် ဘုရင်မကြီးရဲ့ အခြေအနေ မကောင်းတော့ဘူးဆိုတဲ့ ခန့်မှန်းချက်တွေ ပျံ့နှံ့လာပါတယ်။

ဘက်ကင်ဟမ် နန်းတော်ရှေ့မှာ ဘုရင်မကြီးကို ချစ်ခင်လေးစားသူတွေ လာရောက် စုဝေးခဲ့ပြီး နောက်ဆက်တွဲ သတင်းတွေ စောင့်ဆိုင်းနေချိန်မှာ နန်းတော်က သတင်းဆိုးကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဘုရင်မကြီး ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ် ရှိနေပါပြီ။ သူဟာ ဗြိတိန် ထီးနန်းကို နှစ်ပေါင်း ၇၀ လောက် စိုးစံခဲ့ပြီး နိုင်ငံရဲ့ သမိုင်းတလျှောက် သက်တမ်း အကြာဆုံး အုပ်ချုပ်တဲ့ ထီးဆောင်းမင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ဗြိတိန်မှာ ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ပြီး နိုင်ငံရေးအရ စိန်ခေါ်မှုတွေ ပြင်းထန်နေချိန်မှာ ဘုရင်မကြီး ကွယ်လွန်သွားခဲ့တာပါ။ ဘုရင်မကြီးဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကျန်းမာရေး ဆုတ်ယုတ်လာတာကြောင့် အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ တခြား တော်ဝင်မိသားစုဝင်တွေက ဘုရင်မကြီးရဲ့ တာဝန်တွေကို လက်လွှဲယူတာမျိုး ရှိနေခဲ့ပါတယ်။

ဘုရင်မကြီး ကွယ်လွန်သွားတဲ့နောက် နာရေး အစီအစဉ်တွေနဲ့ ထီးမွေခံ အရေးကိစ္စတွေကိုတော့ လတ်တလောမှာ နန်းတော်က မကြေညာသေးပါဘူး။ ဘုရင်မကြီး မကွယ်လွန်ခင် သားသမီး ၄ ယောက်စလုံးနဲ့ မြေးတော် မင်းသား ဝီလျံတို့ဟာ ဘုရင်မကြီးရဲ့ဘေးမှာ စုံစုံလင်လင် ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

နိုင်ငံတကာ

ဘုရင်မကြီးဟာ စက်တင်ဘာ ၇ ရက်ကမှ ဗြိတိန် ဝန်ကြီးချုပ်သစ် လစ်ဇ်ထရက်စ်ရဲ့ တရားဝင် ရာထူး ဆက်ခံမှုကို ကောင်းချီးပေး အသိအမှတ် ပြုခဲ့ပါသေးတယ်။ ဘုရင်မကြီးဟာ ဗြိတိန်ထီးနန်းကို စိုးစံနေခဲ့တာ နှစ်ပေါင်း ၇၀ လောက် ကြာမြင့်ခဲ့ပြီးပါပြီ။

နိုင်ငံတကာ

အစိုးရသစ်မှာ ဝန်ကြီးချုပ်ရော၊ ဒုတိယ ဝန်ကြီးချုပ်ပါ လူဖြူတွေ ဖြစ်ကြပေမယ့် နှစ်ယောက်စလုံး အမျိုးသမီးတွေပါ။ ထရက်စ်ရဲ့ အစိုးရ အဖွဲ့မှာ ထရေဆာ ကော့ဖေးက ဒုတိယ ဝန်ကြီးချုပ် အနေနဲ့ရော၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဝန်ကြီးအဖြစ်ပါ ပူးတွဲ တာဝန်ယူသွားမှာပါ။

ဗီဒီယို

အာဏာရ ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် စက်တင်ဘာ ၅ ရက်မှာ ရွေးကောက်တင်မြှောက် ခံလိုက်ရတဲ့နောက် လက်ရှိ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ထရက်စ်ဟာ နိုင်ငံခေါင်းဆောင် အရိုက်အရာကို ပြောင်းလဲ ဆက်ခံခွင့် ရတော့မှာပါ။