Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘုရင်မကြီး ဈာပန အခမ်းအနားတက်ဖို့ မြန်မာ၊ ရုရှားနဲ့ ဘီလားရုစ်တို့ အဖိတ်မခံရ

ရုရှားနဲ့ ဘီလားရုစ်တို့ဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ဗြိတိန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ခံထားရပြီး မြန်မာနိုင်ငံကလည်း ရိုဟင်ဂျာ ပြဿနာ၊ စစ်တပ် အာဏာသိမ်းမှုတွေကြောင့် ဗြိတိန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းထဲ ပါဝင်နေခဲ့ပါတယ်။

ဘုရင်မကြီး ဈာပန အခမ်းအနားတက်ဖို့ မြန်မာ၊ ရုရှားနဲ့ ဘီလားရုစ်တို့ အဖိတ်မခံရ
ဘုရင်မကြီး ဈာပန အခမ်းအနားတက်ဖို့ မြန်မာ၊ ရုရှားနဲ့ ဘီလားရုစ်တို့ အဖိတ်မခံရ

အဲလိဇဘက်သ် ဘုရင်မကြီးရဲ့ နိုင်ငံတော် ဈာပနကို တက်ရောက်ဖို့ ဖိတ်ကြားမယ့် နိုင်ငံတွေ စာရင်းမှာ ရုရှား၊ ဘီလားရုစ်နဲ့ မြန်မာတို့ ပါဝင်လာမှာ မဟုတ်ကြောင်း သိရပါတယ်။

ဈာပန အခမ်းအနား စီစဉ်မှုနဲ့ နီးစပ်တဲ့ အရာရှိတွေက ဗြိတိန် အစိုးရဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှား၊ ရုရှားရဲ့ မဟာမိတ် ဘီလားရုစ်နဲ့ စစ်အာဏာရှင် ကြီးစိုး အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံတို့က ကိုယ်စားလှယ်တွေကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ ဘီလားရုစ်တို့ဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ဗြိတိန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ခံထားရပြီး မြန်မာနိုင်ငံကလည်း ရိုဟင်ဂျာ ပြဿနာ၊ စစ်တပ် အာဏာသိမ်းမှုတွေကြောင့် ဗြိတိန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းထဲ ပါဝင်နေခဲ့ပါတယ်။

လန်ဒန်မှာ ပြုလုပ်မယ့် နိုင်ငံတော် ဈာပနကို နိုင်ငံတကာက ကိုယ်စားလှယ်ပေါင်း ၅၀၀ ဝန်းကျင်လောက်ထိ တက်ရောက်မယ်လို့ ယုံကြည်ရပါတယ်။ ဗြိတိန် အစိုးရနဲ့ သံတမန် အဆက်အဆံ ရှိနေတဲ့ နိုင်ငံတွေ အားလုံးလိုလိုကို ဖိတ်ကြားထားပြီး နိုင်ငံခေါင်းဆောင်တွေ ကိုယ်တိုင် အခမ်းအနား တက်ရောက်ကြဖို့ စီစဉ်ထားပါတယ်။

လာမယ့် သီတင်းပတ် အစောပိုင်းမှာ ပြုလုပ်မယ့် နိုင်ငံတော် ဈာပမ အခမ်းအနားကို တက်ရောက်ကြဖို့ စာရင်းပေးထားတဲ့ နိုင်ငံခေါင်းဆောင်တွေထဲမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အပြင် ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်တို့က ဝန်ကြီးချုပ်တွေလည်း ပါဝင်နေပြီး နှစ်ပေါင်း အတော်များများအတွင်း ဗြိတိန်မှာ နိုင်ငံတကာ ခေါင်းဆောင်တွေ အရေအတွက် အများဆုံး စုဆုံဖြစ်ကြမယ်လို့ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီဂေါ် ကိုနာရှန်ကော့ဗ်ကတော့ ယူကရိန်း အရှေ့ပိုင်း ဒွန်းညက်စ် ဒေသမှာ အင်အား ပြန်စုဖို့အတွက် ခါကစ်ဗ်က တပ်တွေကို ရုပ်သိမ်းစေခဲ့တာသာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

နိုင်ငံတကာ

ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို လောလောဆယ် သူအနှစ်သက်ဆုံး နေရာတစ်ခုဖြစ်တဲ့ ဘယ်လ်မိုရဲလ် ရဲတိုက်ကြီးမှာ ထားရှိပြီး မြေချသင်္ဂြိုဟ်မယ့် အစီအစဉ် မတိုင်ခင် လန်ဒန်က ဝက်စ်မင်စတာ ဘုရားကျောင်းဆီ ရွှေ့ပြောင်းလာမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

နန်းမွေခံ စည်းမျဉ်းတွေအရ ဘုရင်မကြီးရဲ့ သားတော် ဝေးလ်စ် မင်းသားကြီး ချားလ်စ်ဟာ ဗြိတိန်နိုင်ငံရဲ့ ဘုရင်အသစ်အဖြစ် ချက်ချင်း အရိုက်အရာ ဆက်ခံလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဘုရင်မကြီး ကွယ်လွန်သွားတဲ့နောက် နာရေး အစီအစဉ်တွေနဲ့ ထီးမွေခံ အရေးကိစ္စတွေကိုတော့ လတ်တလောမှာ နန်းတော်က မကြေညာသေးပါဘူး။ ဘုရင်မကြီး မကွယ်လွန်ခင် သားသမီး ၄ ယောက်စလုံးနဲ့ မြေးတော် မင်းသား ဝီလျံတို့ဟာ ဘုရင်မကြီးရဲ့ဘေးမှာ စုံစုံလင်လင် ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။