Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်မဝင် မဆုံးဖြတ်ရသေးဘူးလို့ ဘိုင်ဒန် ဝန်ခံ

ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီမှာတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘိုင်ဒန်ကို အရေးနိမ့်ပြီး သမ္မတရာထူး စွန့်လွှတ်ခဲ့ရတဲ့ ဒေါ်နယ်လ်ထရမ့်က ၂၀၂၄ ရွေးကောက်ပွဲမှာ ရလဒ် ပြန်ကောင်းဖို့ ပီပီပြင်ပြင် အားထုတ် ကြိုးစားမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်မဝင် မဆုံးဖြတ်ရသေးဘူးလို့ ဘိုင်ဒန် ဝန်ခံ
နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်မဝင် မဆုံးဖြတ်ရသေးဘူးလို့ ဘိုင်ဒန် ဝန်ခံ

သမ္မတရာထူး ဒုတိယ ၄ နှစ် သက်တမ်းအတွက် ရွေးကောက်ပွဲ ဆက်ဝင်မဝင် သေချာ မဆုံးဖြတ်ရသေးဘူးလို့ ဂျိုးဘိုင်ဒန်က ပြောကြားသွားပါတယ်။

အမေရိကန် သမ္မတဟာ CBS သတင်းဌာနနဲ့ အင်တာဗျူး အစီအစဉ်မှာ သူ့အနေနဲ့ ၂၀၂၄ ရွေးကောက်ပွဲမှာ နောက်တစ်ကြိမ် ဝင်နွှဲချင်သေးတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ တိတိကျကျ မဆုံးဖြတ်ရသေးသလို သူ့ရဲ့ လက်ရှိ သမ္မတ သက်တမ်းအလွန် အနာဂတ်နဲ့ ပတ်သက်လို့ ဘာကိုမှ အပ်ကျမတ်ကျ မပြောနိုင်သေးကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

CBSရဲ့ စကော့ပယ်လီက ဘိုင်ဒန် အနေနဲ့ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ ရှိမရှိ၊ ဒါမှမဟုတ် အဲဒီကိစ္စနဲ့ ပတ်သက်လို့ တွေးတော ပြင်ဆင်ထားတာတွေ ရှိမရှိ မေးမြန်းခဲ့ပါတယ်။ ဘိုင်ဒန်က ဒီကိစ္စမျိုးကို ဆုံးဖြတ်ဖို့ ဆိုတာဟာ လောလောဆယ်မှာတော့ စောလွန်းနေသေးကြောင်း၊ သူဟာ သမ္မတ တစ်ဦး အနေနဲ့ ကိုယ့်တာဝန်ကိုယ် အကောင်းဆုံး ကျေပြွန်အောင် ထမ်းဆောင်ဖို့ကိုပဲ လတ်တလော အာရုံစိုက်ထားကြောင်း ဖြေကြားခဲ့ပါတယ်။

နောက်နှစ်လောက် ဆိုရင်တော့ အနာဂတ် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တွေးသင့်တာတွေ၊ ပြင်ဆင်သင့်တာတွေ ရှိလာလောက်မယ်လို့ ဘိုင်ဒန်က ယူဆနေပါတယ်။ သူ့သဘောအရ ဆိုရင်တော့ နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ဖို့ ဆန္ဒရှိကြောင်း၊ ဒါကလည်း တစ်ဦးတည်း သဘောဆန္ဒသာ ဖြစ်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်လို့တော့ မယူဆစေချင်သေးကြောင်း ဘိုင်ဒန်က ဆက်ပြောပါတယ်။

ဘိုင်ဒန်ဟာ မကြာခင် အသက် ၈၀ ပြည့်တော့မှာဖြစ်ပြီး သူ့ရဲ့ အသက်အရွယ်အရ နောက်ထပ် ၄ နှစ် သက်တမ်းအတွက် သင့်တော်မတော် ဆိုတာကို ဒီမိုကရက်တစ် ပါတီဝင်တွေကြား ဆွေးနွေးမှုတွေ ရှိနေပါတယ်။ သူဟာ အမေရိကန် သမိုင်းတလျှောက် ကျမ်းသစ္စာ ကျိန်ဆိုချိန်မှာ အသက်အကြီးဆုံး သမ္မတ အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။

ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီမှာတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘိုင်ဒန်ကို အရေးနိမ့်ပြီး သမ္မတရာထူး စွန့်လွှတ်ခဲ့ရတဲ့ ဒေါ်နယ်လ်ထရမ့်က ၂၀၂၄ ရွေးကောက်ပွဲမှာ ရလဒ် ပြန်ကောင်းဖို့ ပီပီပြင်ပြင် အားထုတ် ကြိုးစားမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ပြင်ပ ခြိမ်းခြောက်မှုတွေကို အထိရောက်ဆုံး ကာကွယ် တုံ့ပြန်ဖို့အတွက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မဟာမိတ် ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာအောင် တည်ဆောက်သွားမယ်လို့ အမေရိကန်ရဲ့ ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲမှု ဦးစီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

နိုင်ငံတကာ

အခုအခါမှာ Lockheed Martin ကုမ္ပဏီဟာ ဒီသတ္တုစပ်ကို အစားထိုးဖို့ တခြားရင်းမြစ် လုပ်ငန်းတစ်ခုကို ရှာတွေ့ထားပြီလို့လည်း သိရပါတယ်။ ဒါကြောင့် ကုန်ကြမ်းထောက်ပံ့တဲ့ ကုမ္ပဏီ အပြောင်းအလဲ ဖြစ်ပြီးရင်တော့ အမေရိကန်က F-35တွေကို အရင် သဘောတူညီမှုအတိုင်း ပြန်မှာယူသွားမှာပါ။

သတင်း

အမေရိကန်ဟာ ဗင်နီဇွဲလား နိုင်ငံရေး အားပြိုင်မှုတွေတုန်းကတော့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒို ဦးဆောင်တဲ့ စင်ပြိုင် အစိုးရကို တရားဝင် အသိအမှတ်ပြုပြီး အမေရိကန်မှာ အပ်နှံထားတဲ့ ဗင်နီဇွဲလားပိုင် ဘဏ်စာရင်းတွေကို ထုတ်နုတ် သုံးစွဲခွင့် ပြုခဲ့ဖူးပါတယ်။

ဗီဒီယို

ထိုင်ဝမ်က ဒေါ်လာ ၁.၁ ဘီလီယံနဲ့ ဝယ်ယူဖို့ အဆိုပြုထားတဲ့ လက်နက်တွေထဲမှာ ကျွန်းနိုင်ငံဆီ ဦးတည်လာတဲ့ တိုက်ခိုက်မှုတွေကို ကြိုတင် ခြေရာခံ ထောက်လှမ်းနိုင်တဲ့ ရေဒါစနစ် တစ်ခုနဲ့ လေကြောင်း၊ ရေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေ ပါဝင်နေပါတယ်။