Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရှင်ဇိုအာဘေးအတွက် နိုင်ငံတော်ဈာပန ကျင်းပမှာကို ဂျပန် အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြ

အခု ဖြစ်ခဲ့တဲ့ မီးရှို့ ဆန္ဒပြမှုမှာလည်း ဆေးရုံရောက်နေသူ ဘယ်သူလဲဆိုတာ ရဲတွေက မထုတ်ပြန်သေးပေမယ့် အာဘေးရဲ့ နိုင်ငံတော် ဈာပန ကိစ္စကို အပြင်းအထန် ကန့်ကွက်နေသူ တစ်ယောက်လို့တော့ ဂျပန် မီဒီယာတွေက ဖော်ပြထားပါတယ်။

ရှင်ဇိုအာဘေးအတွက် နိုင်ငံတော်ဈာပန ကျင်းပမှာကို ဂျပန် အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြ
ရှင်ဇိုအာဘေးအတွက် နိုင်ငံတော်ဈာပန ကျင်းပမှာကို ဂျပန် အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြ

ကွယ်လွန်သူ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် နိုင်ငံတော် ဈာပန ကျင်းပပေးမယ့် ကိစ္စကို မကျေနပ်လို့ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့ပြီး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၇ ရက်ကျရင် တိုကျိုမြို့မှာ ကျင်းပမယ့် အခမ်းအနားကို ကမ္ဘာ့နိုင်ငံ အများအပြားက ကိုယ်စားလှယ်တွေ တက်ရောက်ကြဖို့ ရှိနေပါတယ်။ စက်တင်ဘာ ၂၁ ရက်ကတော့ ဝန်ကြီးချုပ်ရုံးနားမှာ လူတစ်ယောက် မီးလောင်နေတာ တွေ့တဲ့အတွက် ဒေသခံတွေက ရဲတပ်ဖွဲ့ဆီ ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးတွေ ရောက်လာချိန်မှာ မီးကို ဝိုင်းငြှိမ်းသတ်ခဲ့ပြီး သတိကောင်းကောင်း ရှိနေသေးတဲ့ အမျိုးသားကို ဆေးရုံ တင်ပို့ပေးခဲ့ပါတယ်။ အမျိုးသားရဲ့ ဒဏ်ရာ အခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဂျပန် မီဒီယာတွေက အသက် ၇၀ ဝန်းကျင် အမျိုးသားဟာ နိုင်ငံတော် ဈာပန ကျင်းပပေးမယ့် ဆုံးဖြတ်ချက်ကို မကျေနပ်လို့ အခုလို ဆန္ဒပြခဲ့တာလို့ ဖော်ပြကြပါတယ်။

ဂျပန်အစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အာဘေးအတွက် နိုင်ငံတော် ဈာပန ကျင်းပပေးမယ့် ကိစ္စနဲ့ ပတ်သက်လို့ လူထုရဲ့ ဆန့်ကျင်မှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပိုမို အားကောင်းလာနေပါတယ်။ လူထုအမြင် စစ်တမ်း အများစုမှာလည်း အာဘေးရဲ့ နာရေးကို နိုင်ငံတော် ဈာပန အဆင့်ထိ တခမ်းတနား ချဲ့နေစရာ မလိုဘူးလို့ မှတ်ချက် ပေးထားကြပါတယ်။

ဂျပန်နိုင်ငံ သမိုင်းမှာ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ရှင်ဇိုအာဘေးဟာ လုပ်ကြံမှု တစ်ခုကြောင့် ဇူလိုင် ၈ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းဟာ ပါတီ စည်းရုံးရေး ဟောပြောပွဲ တစ်ခုမှာ လက်လုပ်သေနတ်နဲ့ အနီးကပ် ပစ်ခတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ အာဘေးကို လူမြင်ကွင်းမှာ လုပ်ကြံသွားတဲ့ ကိစ္စဟာ ဂျပန်နိုင်ငံတင် မကဘဲ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။

နိုင်ငံတော် ဈာပန ကျင်းပတဲ့ အခါမှာ အစိုးရက အခွန်ထမ်း ပြည်သူတွေဆီက အခွန်ငွေကြေးတွေကို အသုံးပြုရပြီး ဒီအခြေအနေကို လူထုက သဘောမကျပါဘူး။ အာဘေးရဲ့ နိုင်ငံတော် ဈာပန ကိစ္စအတွက် အစိုးရက ယန်းငွေ ၁.၆၅ ဘီလီယံ၊ တစ်နည်းအားဖြင့် ဒေါ်လာ ၁၁ သန်းခွဲလောက် အကုန်အကျ ခံရဖွယ် ရှိနေပါတယ်။

ဒါ့အပြင် ဂျပန်ပြည်သူတွေက အခွန်ထမ်းဆောင်ထားတဲ့ ငွေကြေးနဲ့ ကျင်းပမယ့် နိုင်ငံတော် ဈာပနမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ကိုယ်စားလှယ် အဖွဲ့မျိုးကိုပါ ထည့်သွင်း ဖိတ်ကြားထားခြင်းကြောင့် ဝေဖန်စရာတွေ ပိုပြီး ဖြစ်လာပါတယ်။

နောက်ပြီး အာဘေးနဲ့ အာဏာရ ပါတီရဲ့ အရာရှိကြီးတချို့က ဂျပန်မှာ အငြင်းပွားစရာတွေ ဖြစ်နေတဲ့ ဘာသာရေး ဂိုဏ်းတစ်ခုနဲ့ ဆက်စပ်နေတဲ့အပေါ် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပိုမို အလေးထား စဉ်းစားသင့်တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ အာဘေး လုပ်ကြံခံရမှုဟာလည်း အဲဒီ ဘာသာရေးဂိုဏ်းအပေါ် အငြှိုးထားမှုနဲ့ ဆက်စပ်နေခဲ့ပါတယ်။ အာဘေးကို လုပ်ကြံခဲ့သူက သူတို့ မိသားစုဟာ အာဘေးရဲ့ ထောက်ခံ ပံ့ပိုးမှုနဲ့အတူ ပိုပြီး ဩဇာကြီးမားလာတဲ့ ဘာသာရေးဂိုဏ်းကြောင့် ဘဝပျက်ခဲ့ရလို့ လက်တုံ့ပြန်တာလို့ ရဲတွေဆီ ထွက်ဆိုထားပါတယ်။

အခု ဖြစ်ခဲ့တဲ့ မီးရှို့ ဆန္ဒပြမှုမှာလည်း ဆေးရုံရောက်နေသူ ဘယ်သူလဲဆိုတာ ရဲတွေက မထုတ်ပြန်သေးပေမယ့် အာဘေးရဲ့ နိုင်ငံတော် ဈာပန ကိစ္စကို အပြင်းအထန် ကန့်ကွက်နေသူ တစ်ယောက်လို့တော့ ဂျပန် မီဒီယာတွေက ဖော်ပြထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

နိုင်ငံတကာ

ရုရှားကနေ ဒူဘိုင်းကို ပျံသန်းမယ့် ရိုးရိုးတန်း ခရီးသည်တင် လေယာဉ်လက်မှတ် တစ်စောင် စျေးကလည်း အသွားခရီးတစ်ခုတည်း အတွက်တင် ဒေါ်လာ ၉၁၀၀ ကျော်လောက်ထိ များပြားလာပါတယ်။

သတင်း

ရဲကတော်ရှင်းလင်းခံရပြီးနောက် ခင်ဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့်ရဲများ ယာဉ်သုံးစီးဖြင့် ခြေရှုပ်နေကြောင်း သိရသည်။

သတင်း

ဒီလို မြန်မာစစ်အာဏာရှင်တွေရဲ့ အဆုံးမသတ်နိုင်တဲ့ အာဏာလောဘကြောင့် အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးနေရတာဖြစ်ပြီး စစ်တပ်ရဲ့ ရက်စက်မှုကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ထိရောက်စွာ ဖြေရှင်းပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ဘာသာရေး ရဲတွေရဲ့ ရိုက်နှက်မှုကြောင့် အီရန်က အမျိုးသမီးငယ် တစ်ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး အခုလို အခြေအနေတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။