Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂျပန်အစိုးရက ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း အာဘေးကို နိုင်ငံတော် ဈာပနနဲ့ ဂုဏ်ပြု

ဝန်ကြီးချုပ်ဟောင်းကို ချစ်ခင် လေးစားသူတွေကလည်း နာရေး အခမ်းအနား ကျင်းပရာ နေရာတဝိုက်မှာ စုဝေးပြီး နောက်ဆုံးအနေနဲ့ ဂါရဝပြု နှုတ်ဆက်ခဲ့ကြပါတယ်။ ဂျပန်စစ်တပ်ကလည်း အမြောက်တွေ၊ သေနတ်တွေ ပစ်ဖောက်ပြီး အာဘေးရဲ့ နောက်ဆုံးခရီးကို ဂုဏ်ပြုခဲ့ကြပါတယ်။

ဂျပန်အစိုးရက ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း အာဘေးကို နိုင်ငံတော် ဈာပနနဲ့ ဂုဏ်ပြု
ဂျပန်အစိုးရက ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း အာဘေးကို နိုင်ငံတော် ဈာပနနဲ့ ဂုဏ်ပြု

ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် ဂျပန်အစိုးရက နိုင်ငံတော် ဈာပန အခမ်းအနား တစ်ခုနဲ့ ဂုဏ်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်က တိုကျိုမြို့တော်မှာ ကျင်းပတဲ့ အခမ်းအနားကို လက်ရှိ ဂျပန်အစိုးရရဲ့ အဖွဲ့ဝင်တွေ၊ ကမ္ဘာ့နိုင်ငံ အသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဧည့်သည်တော်တွေ စာရင်းမှာ အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်၊ ဂျပန် အိမ်ရှေ့စံမင်းသား အကီရှီနို၊ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီတို့လည်း ပါဝင်ခဲ့ပါတယ်။

အာဘေးဟာ ဂျပန်နိုင်ငံ သမိုင်းကြောင်းမှာ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာ ဇူလိုင်လတုန်းက လုပ်ကြံသူ တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့တာပါ။ အာဘေးကို ချစ်ခင်လေးစားသူတွေ အများအပြား ရှိသလို တစ်ဖက်မှာလည်း သူ့ရဲ့ နာရေးအတွက် နိုင်ငံတော် ဈာပနအဖြစ် သတ်မှတ် ကျင်းပတာကို မကျေမနပ် ကန့်ကွက်တာတွေလည်း ပေါ်ပေါက်လာပါတယ်။

အထူးသဖြင့် အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကြေးတွေ အမြောက်အမြားကို အစိုးရက အသုံးပြုပြီး နိုင်ငံတော် ဈာပန ကျင်းပခဲ့တဲ့အပေါ် ဆန္ဒပြတာတွေ ရှိလာပါတယ်။ ဈာပန အခမ်းအနား ကျင်းပနေချိန်မှာတောင် ဆန္ဒပြသူ တချို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား အငြင်းအခုံတွေ ဖြစ်ခဲ့ပါသေးတယ်။

ခင်ပွန်းသည်ရဲ့ ဈာပန အခမ်းအနားမှာ ဝန်ကြီးချုပ်ဟောင်းကတော် အကီအဘေးက အနက်ရောင် ကီမိုနိုကို ဝတ်ဆင်လာပြီး လက်ရှိ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့အတူ ရောက်ရှိလာတာကို တွေ့ရပါတယ်။ ဝန်ကြီးချုပ် ကီရှီဒါက သူ့ရဲ့ မိန့်ခွန်းမှာ အာဘေးဟာ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ခေတ်သစ် ဂျပန်နိုင်ငံအပေါ် ဘယ်လို လွှမ်းမိုးမှုတွေ ရှိခဲ့သလဲ ဆိုတာတွေကို တခုပ်တရ ချီးကျူး ပြောဆိုသွားပါတယ်။

ဝန်ကြီးချုပ်ဟောင်းကို ချစ်ခင် လေးစားသူတွေကလည်း နာရေး အခမ်းအနား ကျင်းပရာ နေရာတဝိုက်မှာ စုဝေးပြီး နောက်ဆုံးအနေနဲ့ ဂါရဝပြု နှုတ်ဆက်ခဲ့ကြပါတယ်။ ဂျပန်စစ်တပ်ကလည်း အမြောက်တွေ၊ သေနတ်တွေ ပစ်ဖောက်ပြီး အာဘေးရဲ့ နောက်ဆုံးခရီးကို ဂုဏ်ပြုခဲ့ကြပါတယ်။

တစ်ဖက်မှာလည်း အာဘေးရဲ့ ဈာပနဟာ မကျင်းပခင် ကတည်းက အငြင်းပွားစရာ အခြေအနေ တချို့နဲ့ ကြုံခဲ့ရပါတယ်။ ဂျပန် အစိုးရဟာ အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ် တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာမျိုးတွေ၊ နိုင်ငံတော် ဈာပနအတွက် ဒေါ်လာ သန်းနဲ့ချီ သုံးစွဲခဲ့တာမျိုးတွေ၊ အာဘေးက ပြည်တွင်းမှာ နာမည်ပျက် ရှိနေတဲ့ ဘာသာရေးဂိုဏ်း တစ်ခုနဲ့ ဆက်စပ်နေတာမျိုးတွေကြောင့်လည်း ဒီလို အခမ်းအနားမျိုး မကျင်းပပေးသင့်ကြောင်း ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

နိုင်ငံတော် ဈာပန စတင်ချိန်မှာလည်း လူပေါင်း ရာနဲ့ချီ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ အခမ်းအနား နေရာနားထိ လာရောက်ပြီး သူတို့ရဲ့ ဆန့်ကျင်မှုတွေကို အော်ဟစ် ကြွေးကြော်ခဲ့ပါတယ်။ ဂျပန် အစိုးရကတော့ အာဘေးအတွက် နိုင်ငံတော် ဈာပန ကျင်းပပေးဖို့ ဆုံးဖြတ်ချက်ဟာ လူတိုင်းက ဝန်ကြီးချုပ်ဟောင်းကို လေးစားဂုဏ်ပြုရမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး မသက်ရောက်ကြောင်း ဖြေရှင်းထားပါတယ်။ ဂျပန်ရဲ့ အဓိက အတိုက်အခံ ပါတီကလည်း ဒေါ်လာ ၁၆ သန်းလောက် အကုန်အကျခံ ကျင်းပခဲ့တဲ့ နိုင်ငံတော် ဈာပနကို သပိတ်မှောက်ထားကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဂျပန်ရောက်မြန်မာနိုင်ငံသားများက ယနေ့ ညနေပိုင်းတွင် ကိုဘေးမြို့ Sannomiya ဘူတာတွင် စုဝေး၍ မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်အား ဂျပန်နိုင်ငံက ဖိတ်ကြားမှုကို ဆန့်ကျင်ကြောင်း ဂျပန်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားသည့် စာတန်းကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

နိုင်ငံတကာ

အခု ဖြစ်ခဲ့တဲ့ မီးရှို့ ဆန္ဒပြမှုမှာလည်း ဆေးရုံရောက်နေသူ ဘယ်သူလဲဆိုတာ ရဲတွေက မထုတ်ပြန်သေးပေမယ့် အာဘေးရဲ့ နိုင်ငံတော် ဈာပန ကိစ္စကို အပြင်းအထန် ကန့်ကွက်နေသူ တစ်ယောက်လို့တော့ ဂျပန် မီဒီယာတွေက ဖော်ပြထားပါတယ်။

နိုင်ငံတကာ

မုန်တိုင်း ဖြတ်သန်းသွားပေမယ့် နောက်ထပ် ၂၄ နာရီအတွင်း ဂျပန်တောင်ပိုင်း ဒေသတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနိုင်သလို ရေကြီးတာတွေ၊ မြေပြိုတာတွေ ဖြစ်လာနိုင်တယ်လို့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာနက သတိပေးထားပါတယ်။

နိုင်ငံတကာ

နန်မက်ဒိုလ် တိုက်ခတ်ချိန်မှာ ကျူရှူးက ကြံ့ခိုင်မှု မကောင်းတဲ့ အိမ်တွေ ပြိုကျနိုင်ကြောင်း မိုးလေဝသ အေဂျင်စီက သတိပေးထားပြီး မုန်တိုင်း ဖြတ်သန်းနေချိန်တွေအတွင်း ထုထည်ကြီးမား ခိုင်ခံ့တဲ့ အဆောက်အအုံတွေမှာ သွားရောက် ခိုလှုံကြဖို့လည်း အကြံပြုထားပါတယ်။