Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှား ဓာတ်ငွေ့ပိုက်လိုင်းက ပဟေဠိဆန်ဆန် ယိုစိမ့်မှုတွေကြောင့် ဥရောပ နိုင်ငံတွေ အကျပ်ရိုက်နေ

ဒိန်းမတ် စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတွေက ယိုစိမ့်မှု ဖြစ်ပွားရာ ဧရိယာ တဝိုက်မှာ မီးလောင်လွယ်တဲ့ ဓာတ်ငွေ့တွေ ပျံ့နှံ့နေနိုင်တာကြောင့် ရေယာဉ်တွေ ရှောင်ကွင်း သွားလာကြဖို့ နှိုးဆော်ထားပါတယ်။

ရုရှား ဓာတ်ငွေ့ပိုက်လိုင်းက ပဟေဠိဆန်ဆန် ယိုစိမ့်မှုတွေကြောင့် ဥရောပ နိုင်ငံတွေ အကျပ်ရိုက်နေ
ရုရှား ဓာတ်ငွေ့ပိုက်လိုင်းက ပဟေဠိဆန်ဆန် ယိုစိမ့်မှုတွေကြောင့် ဥရောပ နိုင်ငံတွေ အကျပ်ရိုက်နေ

ရုရှားက ထုတ်လုပ်တဲ့ ဓာတ်ငွေ့တွေကို တင်ပို့ဖို့ အနောက် ဥရောပဒေသဆီ သွယ်တန်းထားတဲ့ ရေအောက် ပိုက်လိုင်းတွေမှာ ပဟေဠိဆန်ဆန် ယိုစိမ့်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ဘောလ်တစ် ပင်လယ်ထဲ ဖြတ်သန်းသွားတဲ့ ရုရှားရဲ့ ရေအောက်ပိုက်လိုင်းတွေထဲက အနည်းဆုံး နှစ်ခုမှာ ဓာတ်ငွေ့ ယိုစိမ့်မှုတွေ ဖြစ်ပေါ်နေကြောင်း အခုသီတင်းပတ်မှာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ပိုက်လိုင်းက စိမ့်ထွက်နေတဲ့ ဓာတ်ငွေ့တွေကြောင့် ပင်လယ်ပြင်မှာ ကြီးမားတဲ့ ရေပွက်ကြီးတွေ ထနေတာကို တွေ့ရပါတယ်။

ယိုစိမ့်မှု ဖြစ်ချိန်မှာ ရုရှားရဲ့ ဓာတ်ငွေ့တွေကို ဥရောပ နိုင်ငံတွေဆီ သွယ်တန်း ပို့ဆောင်တာမျိုး ရှိမနေခဲ့ပါဘူး။ ပိုက်လိုင်းတွေ ဘာကြောင့် ပေါက်သွားသလဲ ဆိုတာကလည်း သို့လောသို့လော သံသယ ဝင်စရာတွေ ဖြစ်နေပါတယ်။ ယူကရိန်း အစိုးရက ရုရှားဟာ အနောက် နိုင်ငံတွေ စွမ်းအင် အကျပ်အတည်း ကြုံအောင် ပိုက်လိုင်းတွေကို တမင် ဖျက်ဆီးပစ်တယ်လို့ စွပ်စွဲပေမယ့် တိကျတဲ့ အထောက်အထားတော့ မပြသနိုင်ပါဘူး။

ဂျာမနီ၊ ဒိန်းမတ်၊ နော်ဝေးနဲ့ ပိုလန်တို့လို နိုင်ငံတွေက အစိုးရတွေ အနေနဲ့လည်း ဒီဖြစ်စဉ်မှာ ဘေးပယောဂ တစ်ခုခု ပတ်သက်နိုင်တယ်လို့ ယူဆပေမယ့် ခိုင်ခိုင်မာမာ အတည်မပြုနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ရုရှားဖက်ကတော့ ပိုက်လိုင်း ယိုစိမ့်မှုတွေနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။

ယူကရိန်းကို ကျူးကျော်ခဲ့တဲ့နောက် အနောက်ဥရောပ နိုင်ငံတွေက ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပြီး ရုရှားကလည်း ဒီအခြေအနေကို တုံ့ပြန်တဲ့ အနေနဲ့ ဥရောပ နိုင်ငံတွေဆီ ဓာတ်ငွေ့ သွယ်တန်း ပို့ဆောင်မှုတွေကို လျှော့ချခဲ့ပါတယ်။ အခုဖြစ်စဉ်မှာလည်း ရုရှားရဲ့ ဖျက်လိုဖျက်ဆီး လုပ်ရပ်မျိုး ပါမပါ ဆိုတာက ပြောရခက်နေပါတယ်။

ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ ယိုစိမ့်မှုတွေနဲ့ ပတ်သက်လို့ ဘယ်လို အကြောင်းတရားမဆို ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ပိုက်လိုင်းတွေကို ထိန်းချုပ်နေတဲ့ Nord Stream ကုမ္ပဏီကတော့ ယိုစိမ့်မှုတွေကို ဘယ်လောက်မြန်မြန် ပြန်ပြင်နိုင်မလဲဆိုတဲ့ ကြာချိန်ကို မခန့်မှန်းနိုင်သေးကြောင်း ပြောပါတယ်။ အချိန်ကြာလေလေ၊ ဥရောပ နိုင်ငံတွေမှာ စွမ်းအင် ပြဿနာ ကြီးထွားလာမယ့် အလားအလာ များလေလေလို့ ယူဆရရပါတယ်။

Nord Streamရဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေကို ရုရှား အစိုးရ လက်အောက်ခံ စွမ်းအင်ကုမ္ပဏီတွေနဲ့ ဥရောပ နိုင်ငံတွေက ဒေါ်လာ ဘီလီယံတွေနဲ့ချီ အကုန်အကျခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီပိုက်လိုင်းတွေဟာ ရုရှားရဲ့ ထုတ်ကုန် ဓာတ်ငွေ့တွေကို အနောက်ဥရောပဆီ တင်ပို့ရာမှာ အရေးပါတဲ့ ပင်မ လမ်းကြောင်းတွေလို့ သတ်မှတ်နိုင်ပါတယ်။

ဒိန်းမတ် စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတွေက ယိုစိမ့်မှု ဖြစ်ပွားရာ ဧရိယာ တဝိုက်မှာ မီးလောင်လွယ်တဲ့ ဓာတ်ငွေ့တွေ ပျံ့နှံ့နေနိုင်တာကြောင့် ရေယာဉ်တွေ ရှောင်ကွင်း သွားလာကြဖို့ နှိုးဆော်ထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ကလေးတွေ ရှိနေတဲ့ ကျောင်းထဲကို ရက်ရက်စက်စက် ဝင်ပစ်တဲ့ အကြောင်းရင်းကို မသိရသေးဘဲ လတ်တလော ရုရှားမှာ လူပြောများနေတဲ့ စစ်မှုထမ်း ဆင့်ခေါ်မှု ပြဿနာနဲ့ ပတ်သက်သလား ဆိုတာကိုလည်း အတည်မပြုနိုင်ပါဘူး။

နိုင်ငံတကာ

ရုရှားကို ဒရုန်းတွေ ထောက်ပံ့ခြင်းကြောင့် အီရန်ဟာ ယူကရိန်းနဲ့ သံတမန်ရေး ဆက်ဆံမှုမှာ အကြီးအကျယ် ထိခိုက်သွားရပြီ ဆိုတာကို နားလည်ဖို့လိုကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

နိုင်ငံတကာ

ပူတင်ရဲ့ အရန်စစ်တပ်တွေ ဆင့်ခေါ်တဲ့ အမိန့်အပေါ် ပြည်တွင်းက မြို့ကြီးတွေမှာလည်း ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြပြည်သူ ၁၄၀၀ ကျော်လောက်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဗီဒီယို

ရုရှားရဲ့ ကျူးကျော်စစ်ကို တုံ့ပြန်ဖို့ စီမံနေရတာကြောင့် ဇီလန်စကီးဟာ နယူးယောက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လူကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် သူ့ရဲ့ မိန့်ခွန်းကို ဗီဒီယို ရိုက်ပြီး ပေးပို့ခဲ့ပါတယ်။