Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိန္ဒိယလုပ် ချောင်းဆိုးပျောက်ဆေးရည်တွေနဲ့ ဆက်စပ်ပြီး အာဖရိကမှာ ကလေး ၆၀ ကျော်သေဆုံး

အအေးမိနဲ့ ချောင်းဆိုး ရောဂါတွေအတွက် ထုတ်လုပ်ထားတဲ့ အဲဒီဆေးတွေမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ကလေးတွေရဲ့ ကျောက်ကပ်ကို ထိခိုက်စေပြီး အသက်သေဆုံးတဲ့ထိ ဆိုးကျိုးတွေ ကြုံတွေ့တယ်လို့ ယုံကြည်ရကြောင်း WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က ပြောပါတယ်။

အိန္ဒိယလုပ် ချောင်းဆိုးပျောက်ဆေးရည်တွေနဲ့ ဆက်စပ်ပြီး အာဖရိကမှာ ကလေး ၆၀ ကျော်သေဆုံး
အိန္ဒိယလုပ် ချောင်းဆိုးပျောက်ဆေးရည်တွေနဲ့ ဆက်စပ်ပြီး အာဖရိကမှာ ကလေး ၆၀ ကျော်သေဆုံး

အိန္ဒိယမှာ ထုတ်လုပ်တဲ့ ချောင်းဆိုးပျောက် ဆေးရည်တချို့ဟာ အာဖရိကတိုက်မှာ ကလေး ၆၀ ကျော် သေဆုံးမှုနဲ့ ဆက်နွှယ်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေး ထုတ်ပြန်လိုက်ပါတယ်။

အအေးမိနဲ့ ချောင်းဆိုး ရောဂါတွေအတွက် ထုတ်လုပ်ထားတဲ့ အဲဒီဆေးတွေမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ကလေးတွေရဲ့ ကျောက်ကပ်ကို ထိခိုက်စေပြီး အသက်သေဆုံးတဲ့ထိ ဆိုးကျိုးတွေ ကြုံတွေ့တယ်လို့ ယုံကြည်ရကြောင်း WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က ပြောပါတယ်။

ဂမ်ဘီယာ နိုင်ငံမှာ ကလေး ၆၆ ဦး သေဆုံးမှုတွေဟာ အဲဒီ ဆေးဝါးနဲ့ ဆက်စပ်တယ်လို့ ယုံကြည်ရပြီး နောက်ဆက်တွဲ စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေါက်တာ တက်ဒ်ရော့စ်က ဆိုပါတယ်။ ပြဿနာ ဖြစ်နေတဲ့ ချောင်းဆိုးပျောက်ဆေးတွေကို နယူးဒေလီ အခြေစိုက် Maiden Pharma ကုမ္ပဏီက ထုတ်လုပ်တာပါ။ လတ်တလော WHOရဲ့ စုံစမ်းမှုတွေကို အိန္ဒိယ ဆေးဝါး အရည်အသွေး ကြပ်မတ်ရေး ဌာနကပါ ပူးပေါင်း ကူညီပေးနေပါတယ်။

Maiden Pharmaကတော့ အခုကိစ္စကို ဘာမှတ်ချက်မှ မပေးသေးသလို အိန္ဒိယရဲ့ ဆေးဝါး အရည်အသွေး စိစစ်မှု ဌာနကလည်း နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။ ဂမ်ဘီယာ အစိုးရကလည်း ထုတ်ပြန်ချက် တစ်ခုခု မကြေညာသေးပါဘူး။ WHOကတော့ Maiden Pharmaရဲ့ ဆေးဝါးတွေကို စျေးကွက်ထဲကနေ လတ်တလော ပြန်သိမ်းယူထားဖို့ သက်ဆိုင်ရာ ဌာနအသီးသီးကို တိုက်တွန်းထားပါတယ်။

Maiden Pharmaရဲ့ ဆေးတွေကို ဇမ်ဘီယာမှာတင် မကဘဲ နိုင်ငံတချို့ကို တရားမဝင် စျေးကွက်ကနေ တင်သွင်းတာတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ လောလောဆယ် WHOက သတိပေးချက် ထုတ်ပြန်ထားတဲ့ ဆေး ၄ မျိုးက Promethazine Oral Solution၊ Kofexmalin Baby Cough Syrup၊ Makoff Baby Cough Syrup နဲ့ Magrip N Cold Syrupတွေ ဖြစ်ပါတယ်။

ဒီဆေးတွေကို ဓာတ်ခွဲ စစ်ဆေးကြည့်တဲ့အခါ Diethylene glycolနဲ့ Ethylene glycolဓာတ်ပစ္စည်းတွေ လက်မခံနိုင်လောက်တဲ့ ပမာဏမျိုး ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဇူလိုင်လ နှောင်းပိုင်းက အဲဒီဆေးတွေ အသုံးပြုတဲ့ ၅ နှစ် ကလေးတွေမှာ ပြင်းထန်တဲ့ ကျောက်ကပ် ထိခိုက် သေဆုံးမှုတွေ ကြုံတွေ့ခဲ့တာကြောင့် ဂမ်ဘီယာက ကျန်းမာရေး ဌာန တာဝန်ရှိသူတွေက WHOဆီ စတင် အစီရင်ခံခဲ့ပါတယ်။ အခုဆိုရင် ဆေးတွေနဲ့ ဆက်စပ်ပြီး သေဆုံးတဲ့ ကလေး အရေအတွက်ဟာ ၆၆ ဦးလောက်ထိ ရှိလာပြီလို့ ယူဆရကြောင်း WHOက ဆိုပါတယ်။

Maiden Pharmaက ထုတ်လုပ်တဲ့ ဆေးတွေကို အိန္ဒိယမှာ အဓိက ဖြန့်ဝေ ရောင်းချနေပြီး အာရှ၊ အာဖရိ၊ လက်တင်အမေရိက ဒေသတွင်းက နိုင်ငံတချို့ဆီလည်း တင်ပို့နေကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ပန်ယာဟာ အခင်းဖြစ်တဲ့ နေရာကနေ အဖြူရောင် ပစ်ကပ် ထရပ်ကား တစ်စီးကို မောင်းပြေးသွားပြီး လမ်းမှာ ဆိုင်ကယ်စီးလာသူ နှစ်ယောက်ကို ဝင်တိုက်ခဲ့ပါသေးတယ်။ နောက်ဆုံးတော့ သူ့ဇနီးနဲ့ မယားပါသားကိုရော၊ သူ့ကိုယ်သူပါ သတ်ပစ်ပြီး အခုလို စက်ဆုပ်စရာ မှုခင်းကြီးကို အဆုံးသတ်လိုက်ပါတယ်။

သတင်း

"ဇာတ်ကမော်လမြိုင်က ဇာတ်အဖွဲ့၊ မြဝတီကိုသွားရင်း တိမ်းမှောက်တာလို့သိရတယ်"ဟု သဘင်အစည်းအရုံးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ရွာသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး ရွာသားတစ်ဦးအား ဖမ်းဆီးခဲ့ကာ ကေအဲန်ယူ-မူး(မုန်း)မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာကိုလည်း စစ်ကောင်စီတပ်များမှ အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်ဟု ကေအဲန်ယူမှ ထုတ်ပြန်ထားသည်။

သတင်း

"ပြည်သူလူထုအနေနဲ့က စစ်ကောင်စီနဲ့နီးတဲ့ နေရာတွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ ဝေးရာမှာ ရှောင်ဖို့ အကြံပြုချင်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။