Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကမ္ဘာဖျက် နျူကလီးယား စစ်ပွဲ ဖြစ်နိုင်ခြေ မြင့်တက်လာနေပြီလို့ ဘိုင်ဒန်ပြော

အစောပိုင်းမှာ ကတည်းက အမေရိကန် အစိုးရ အရာရှိတွေဟာ ရုရှားအနေနဲ့ စစ်မြေပြင်မှာ ဆက်တိုက်လိုလို ဝက်ဝက်ကွဲ အရေးနိမ့်လာမှုတွေကြောင့် နျူကလီးယား အပါအဝင် ဖျက်ဆီးအား ပြင်းထန်တဲ့ စစ်လက်နက်တွေ ထုတ်သုံးကောင်း သုံးလာနိုင်တယ်လို့ အစဉ်တစိုက် သတိပေးလာခဲ့ပါတယ်။

ကမ္ဘာဖျက် နျူကလီးယား စစ်ပွဲ ဖြစ်နိုင်ခြေ မြင့်တက်လာနေပြီလို့ ဘိုင်ဒန်ပြော
ကမ္ဘာဖျက် နျူကလီးယား စစ်ပွဲ ဖြစ်နိုင်ခြေ မြင့်တက်လာနေပြီလို့ ဘိုင်ဒန်ပြော

နျူကလီးယား လက်နက်တွေကြောင့် ကမ္ဘာပျက်ကိန်း ကြုံရနိုင်တဲ့ အခြေအနေဟာ ၁၉၆၂ ခုနှစ်၊ ကျူးဘား ဒုံးကျည် အရေးအခင်း ကာလနောက်ပိုင်း အမြင့်ဆုံးအဆင့် ပြန်ရောက်လာနေကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

ရုရှားဟာ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲ ၈ လကျော် ကြာမြင့်လာချိန်မှာ အဆုံးအရှုံး အထိအခိုက်တွေ များလာတဲ့အတွက် နျူကလီးယား စစ်လက်နက်တွေ အသုံးပြုနိုင်ကြောင်း အရိပ်အမြွက် ခြိမ်းခြောက်လာတဲ့အပေါ် ဘိုင်ဒန်က ရှုတ်ချသွားပါတယ်။

ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော် မဲဆွယ်ရေး ကော်မတီ ရန်ပုံငွေပွဲ တစ်ခုမှာ ဘိုင်ဒန်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်အကြောင်း သူအတော်အသင့် သိထားကြောင်း၊ ဒီပုဂ္ဂိုလ်ဟာ နျူကလီးယားလက်နက်၊ ဇီဝလက်နက်၊ ဓာတုလက်နက်တွေ သုံးမယ် ဆိုတာမျိုးကို နောက်ပြောင်ပြီး ပြောမယ့်သူ မဟုတ်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

အရင် သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီ လက်ထက်က ကျူးဘား ဒုံးကျည် အကျပ်အတည်း ကြုံခဲ့တဲ့နောက်ပိုင်း လက်ရှိ အချိန်ဟာ နျူကလီးယားကြောင့် ကမ္ဘာကြီးမှာ ကပ်ဆိုက်နိုင်ခြေ အမြင့်ဆုံး ကာလမျိုး ပြန်ဖြစ်လာတယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။ ရုရှားစစ်တပ်ရဲ့ စွမ်းဆောင်ရည်က မျှော်လင့်ထားတာထက် နိမ့်ကျနေတဲ့နောက် ပူတင်က လိုအပ်ရင် နျူကလီးယားလက်နက် သုံးမယ်လို့ ပြောဆိုတာက အတည်ဖြစ်နိုင်ကြောင်းလည်း ဘိုင်ဒန်က မှတ်ချက် ပေးခဲ့ပါတယ်။

အစောပိုင်းမှာ ကတည်းက အမေရိကန် အစိုးရ အရာရှိတွေဟာ ရုရှားအနေနဲ့ စစ်မြေပြင်မှာ ဆက်တိုက်လိုလို ဝက်ဝက်ကွဲ အရေးနိမ့်လာမှုတွေကြောင့် နျူကလီးယား အပါအဝင် ဖျက်ဆီးအား ပြင်းထန်တဲ့ စစ်လက်နက်တွေ ထုတ်သုံးကောင်း သုံးလာနိုင်တယ်လို့ အစဉ်တစိုက် သတိပေးလာခဲ့ပါတယ်။

ဒါပေမဲ့ လောလောဆယ် အထိတော့ ရုရှားရဲ့ နျူကလီးယား မဟာဗျူဟာ တပ်ဖွဲ့တွေမှာ သိသာထင်ရှားတဲ့ လှုပ်ရှားမှုမျိုး မတွေ့ရသေးသလို အမေရိကန်ကလည်း နိုင်ငံရဲ့ နျူကလီးယား တပ်ဖွဲ့တွေကို တပ်လှန့်ထားတာမျိုး မရှိသေးပါဘူး။

၁၉၆၂ ခုနှစ်တုန်းက ဆိုဗီယက် ပြည်ထောင်စုရဲ့ နျူကလီးယား လက်နက်တွေကို အမေရိကန် ကမ်းလွန်က ကျူးဘားကျွန်းမှာ သိုဝှက်ထားကြောင်း အမေရိကန် ထောက်လှမ်းရေးက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ဒီကိစ္စအပေါ် အမေရိကန်က တင်းတင်းမာမာ တုံ့ပြန်ခဲ့တာကြောင့် အဲဒီခေတ်က ကမ္ဘာ့အင်အား အကြီးဆုံး နှစ်နိုင်ငံ စစ်ဖြစ်လုနီးပါး အခြေအနေမျိုးထိ ကြုံခဲ့ရပါတယ်။ ၁၃ ရက် အကြာမှာတော့ ဆိုဗီယက်ဖက်က အလျှော့ပေးသွားတဲ့အတွက် ဒီပြဿနာဟာ ပေါက်ကွဲမထွက်ဘဲ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဘိုင်ဒန်ကတော့ ရုရှားဟာ အဆင့်နှိမ့်ထားတဲ့၊ တစ်နည်းအားဖြင့် ပေါက်ကွဲအား လျှော့ချထားတဲ့ နျူကလီးယား လက်နက်မျိုးကိုတောင် ထုတ်သုံးလို့ မရကြောင်း သတိပေးပါတယ်။ အဲဒီလက်နက်မျိုး သုံးလိုက်တာနဲ့ တစ်ကမ္ဘာလုံး ပျက်စီးဆိတ်သုဉ်းတဲ့ အခြေအနေတွေတွေထိ ဦးတည်သွားနိုင်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

ပူတင်ဟာ ယူကရိန်း စစ်ပွဲ အစောပိုင်း ကာလတွေကတည်းက ရုရှား နျူကလီးယား တပ်ဖွဲ့တွေကို တပ်လှန့်ထားစေခဲ့ပြီး မကြာသေးခင် သီတင်းပတ်တွေမှာတော့ လိုအပ်ရင် အဲဒီလက်နက်တွေ ထုတ်သုံးမယ် ဆိုတာမျိုး ပိုပြီး လေသံလွှင့်လာခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြန်မာနိုင်ငံတွင် ပြည်တွင်းအာမခံကုမ္ပဏီ ၁၂ခုရှိပြီး ၎င်းတို့ကို စစ်ကောင်စီထိန်းချုပ်ထားသည့် အာမခံလုပ်ငန်းဘုတ်အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သည်။

ဗီဒီယို

ကံကောင်း ထောက်မစွာနဲ့ လက်ရှိ အချိန်မှာ စက်ရုံရဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ၃ ခုစလုံး ပုံမှန်ဆက်လက် လည်ပတ်နေနိုင်ကြောင်း၊ ဒုံးကျည် ကျရောက် ပေါက်ကွဲပေမယ့် ထိခိုက် သေကြေမှုတော့ မရှိခဲ့ကြောင်း ကုမ္ပဏီက ပြောပါတယ်။

နိုင်ငံတကာ

ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီမှာတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘိုင်ဒန်ကို အရေးနိမ့်ပြီး သမ္မတရာထူး စွန့်လွှတ်ခဲ့ရတဲ့ ဒေါ်နယ်လ်ထရမ့်က ၂၀၂၄ ရွေးကောက်ပွဲမှာ ရလဒ် ပြန်ကောင်းဖို့ ပီပီပြင်ပြင် အားထုတ် ကြိုးစားမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြင်ပ ခြိမ်းခြောက်မှုတွေကို အထိရောက်ဆုံး ကာကွယ် တုံ့ပြန်ဖို့အတွက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မဟာမိတ် ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာအောင် တည်ဆောက်သွားမယ်လို့ အမေရိကန်ရဲ့ ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲမှု ဦးစီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။