Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပူတင်ကို လှောင်ပြောင်ပြီး ရုရှားနယ်မြေတစ်ခုကို ချက်နိုင်ငံ ပိုင်နက်ထဲ သိမ်းသွင်းဖို့ လူထုဆန္ဒ ခံယူပွဲပြုလုပ်

ရုရှားရဲ့ လုပ်ရပ်ကို နိုင်ငံတကာက အသိအမှတ် မပြုသလို အနောက်မဟာမိတ် နိုင်ငံတွေနဲ့ ယူကရိန်း အစိုးရက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ရုရှားရဲ့ လုပ်ရပ်ဟာ တရားမဝင်သလို တင်းမာမှုတွေကို ပိုမို ဆိုးရွားစေလိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။

ပူတင်ကို လှောင်ပြောင်ပြီး ရုရှားနယ်မြေတစ်ခုကို ချက်နိုင်ငံ ပိုင်နက်ထဲ သိမ်းသွင်းဖို့ လူထုဆန္ဒ ခံယူပွဲပြုလုပ်
ပူတင်ကို လှောင်ပြောင်ပြီး ရုရှားနယ်မြေတစ်ခုကို ချက်နိုင်ငံ ပိုင်နက်ထဲ သိမ်းသွင်းဖို့ လူထုဆန္ဒ ခံယူပွဲပြုလုပ်

ယူကရိန်း နယ်မြေ ၄ ခုကို ပိုင်နက်အဖြစ် သွတ်သွင်းတဲ့ ရုရှားရဲ့ လုပ်ရပ်ကို လှောင်ပြောင်ပြီး ချက်နိုင်ငံမှာလည်း ရုရှားပိုင်နက်ကို သိမ်းသွမ်းဖို့ လူထုဆန္ဒ ခံယူပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ရုရှားစစ်တပ်နဲ့ ရုရှားမဟာမိတ် ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်း နယ်မြေ ၄ ခုမှာ လူထုဆန္ဒ ခံယူပွဲတွေ ကျင်းပပြီး ပြည်သူ့ဆန္ဒနဲ့အညီ အဲဒီ နယ်မြေတွေကို ရုရှားရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။

ရုရှားရဲ့ လုပ်ရပ်ကို နိုင်ငံတကာက အသိအမှတ် မပြုသလို အနောက်မဟာမိတ် နိုင်ငံတွေနဲ့ ယူကရိန်း အစိုးရက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ရုရှားရဲ့ လုပ်ရပ်ဟာ တရားမဝင်သလို တင်းမာမှုတွေကို ပိုမို ဆိုးရွားစေလိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။

ရုရှားရဲ့ လုပ်ရပ်ကို လှောင်ပြောင်တဲ့ အနေနဲ့ ရုရှားမြောက်ပိုင်းက ကာလင်နင်ဂရက်ဒ် ဒေသဟာ ချက်နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်သင့် မဖြစ်သင့် Twitterပေါ်မှာ လူထုဆန္ဒ ခံယူပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ဆန္ဒမဲ ကောက်ယူတဲ့ Twitter အကောင့်က ကာလင်နင်ဂရက်ဒ် ပြည်သူအားလုံးရဲ့ ၉၇.၉ ရာခိုင်နှုန်းက ချက်နိုင်ငံနဲ့ ပူးပေါင်းဖို့ မဲပေးတာကြောင့် အခုဆိုရင် ချက်နိုင်ငံရဲ့ ပိုင်နက် ဖြစ်သွားပြီလို့ ကြေညာခဲ့ပါတယ်။ နောက်ပြီး ချက်နိုင်ငံပိုင် ဖြစ်လာတဲ့အတွက် ကာလင်နင်ဂရက်ဒ်ရဲ့ နာမည်ကို ကရာလိုဗက်လို့ ပြောင်းလဲကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အဲဒီ Twitter အကောင့်က ချက်အစိုးရဟာ ကာလင်နင်ဂရက်ဒ် သိမ်းသွင်းမှု အက်ဥပဒေကို အောက်တိုဘာ ၄ ရက်မှာ လက်မှတ် ရေးထိုးခဲ့တယ်လို့လည်း ခပ်တည်တည် ကြေညာထားပါသေးတယ်။ တစ်နည်းအားဖြင့် ပူတင်ရဲ့ လုပ်ပုံလုပ်နည်း အားလုံးကို အတုယူပြီး လှောင်ပြောင်ထားတဲ့ သဘောပါပဲ။

ပိုလန်အခြေစိုက် ဝက်ဘ်ဆိုက် တစ်ခုကလည်း ဒီနယ်မြေဟာ ပိုလန်နဲ့လည်း သက်ဆိုင်တာကြောင့် တစ်ဝက်စီ ခွဲယူသင့်တယ်လို့ ခပ်တည်တည်နဲ့ အရွှန်းဖောက်ထားပါတယ်။ Twitter သုံးစွဲသူတွေက ချက်ရော၊ ပိုလန်ပါ NATO မဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တာကြောင့် အခုကိစ္စအတွက် ရန်မဖြစ်ဘဲ ညှိညှိနှိုင်းနှိုင်း ဆွေးနွေးကြဖို့ ဖြန်ဖြေထားကြတာလည်း တွေ့ရပါတယ်။

တစ်နည်းအားဖြင့် ရုရှားရဲ့ တရားဥပဒေနဲ့ မညီတဲ့၊ နိုင်ငံတကာက အသိအမှတ် မပြုတဲ့ နယ်မြေသိမ်းသွင်းမှုကို Twitterသုံးစွဲတဲ့ အသိုက်အဝန်း တစ်ခုက တက်ညီလက်ညီ ဝိုင်းဝန်း လှောင်ပြောင်ထားတဲ့ သဘောပါပဲ။

ချက်အစိုးရဟာ ယူကရိန်း ကျူးကျော်စစ် စတင်လာချိန် ကတည်းက ရုရှားရဲ့ ခြိမ်းခြောက်မှုကို ပိုပြီး ထဲထဲဝင်ဝင် ကာကွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။ အစောပိုင်းမှာ ချက်ကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန်ရဲ့ F-35 အဆင့်မြင့် တိုက်လေယာဉ်တွေ ဝယ်ယူရေးကိစ္စကို အရှိန်မြှင့် ဆွေးနွေးနေတယ်လို့ ကြေညာခဲ့ပါသေးတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

တံတားပေါ်က ပေါက်ကွဲမှုဟာ ယူကရိန်းရဲ့လက်ချက် ဟုတ်မဟုတ် ဆိုတာကို လောလောဆယ် အတပ်မပြောနိုင်သေးပေမယ့် အဲဒီတံတားဟာ ယူကရိန်း စစ်တပ်ရဲ့ မဟာဗျူဟာ ပစ်မှတ်တစ်ခုအဖြစ် ကာလရှည်ကြာ သတ်မှတ် ခံထားရပါတယ်။

နိုင်ငံတကာ

ဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း နာမည်ပေါင်း ၃၄၃ ခုထဲကမှ စိစစ်ရွေးချယ် ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ ပူတင်က တကယ်လို့ ရုရှားရဲ့ ပိုင်နက် ဖြစ်သွားတဲ့ နေရာတွေကို တိုက်ခိုက်လာရင် အချုပ်အခြာအာဏာ ထိပါးမှုအဖြစ် ယူဆပြီး နျူကလီးယား လက်နက်တွေနဲ့ပါ တုံ့ပြန်လာနိုင်ကြောင်း ခြိမ်းခြောက်ထားပါတယ်။

နိုင်ငံတကာ

ပူတင်ကတော့ အမြဲတမ်း တပ်ဖွဲ့ဝင် မဟုတ်တဲ့ လူငယ်လူရွယ်တွေကို စစ်ထဲဆွဲသွင်းမယ့် သူ့ရဲ့ အမိန့်ကို ကာကွယ်ပြောကြားခဲ့သလို ယူကရိန်းအပေါ် ဆင်နွှဲတဲ့ စစ်ပွဲကလည်း ကျူးကျော်မှု ရည်ရွယ်ချက် မပါဘူးလို့ တွင်တွင် ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။