Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပစ်ခတ်မှုဖြစ်ရာ ထိုင်းမူကြိုကျောင်းထဲ ဗီဒီယို ဝင်ရိုက်ခဲ့တဲ့အပေါ် CNN ပြန်တောင်းပန်

လောလောဆယ်တော့ CNNဟာ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ဝေဖန်မှုတွေကို ဆက်လက် ရပ်ဆိုင်နေရဆဲပါ။ ထိုင်းသတင်းထောက်များ အဖွဲ့ချုပ်ကလည်း CNNရဲ့ သတင်းရယူမှုဟာ ကျင့်ဝတ်ကင်းမဲ့ပြီး စည်းမစောင့်ရာ ရောက်တယ်လို့ ထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုဖြစ်ရာ ထိုင်းမူကြိုကျောင်းထဲ ဗီဒီယို ဝင်ရိုက်ခဲ့တဲ့အပေါ် CNN ပြန်တောင်းပန်
ပစ်ခတ်မှုဖြစ်ရာ ထိုင်းမူကြိုကျောင်းထဲ ဗီဒီယို ဝင်ရိုက်ခဲ့တဲ့အပေါ် CNN ပြန်တောင်းပန်

ထိုင်းနိုင်ငံမှာ ဖြစ်ပွားတဲ့ မူကြိုကျောင်း ပစ်ခတ်မှုမှာ ကျင့်ဝတ်နဲ့ မလျော်ညီတဲ့ သတင်းရယူမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲခံနေရတဲ့နောက် CNN သတင်းဌာနက ပြန်လည် တောင်းပန်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက မူကြိုကျောင်း တစ်ခုမှာ ရဲဝန်ထမ်းဟောင်း တစ်ဦးက သေနတ်နဲ့ပစ်၊ ဓားနဲ့တိုက်ခိုက်မှုတွေကြောင့် ကလေး အများစု အပါအဝင် လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းယူနေတဲ့ CNN သတင်းထောက်တွေက ကျောင်းခန်းထဲကို ခွင့်ပြုချက် မရှိဘဲ ချဉ်းနင်းဝင်ရောက်ပြီး ဗီဒီယို မှတ်တမ်းတွေ ယူခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲပါတယ်။

ထိုင်းအာဏာပိုင်တွေက CNNရဲ့ ဂျာနယ်လစ် နှစ်ဦးကို ကမ္ဘာလှည့် ခရီးသွား ဗီဇာတွေနဲ့ ဝင်ရောက်လာပြီး သတင်းထောက် အလုပ် လုပ်ခဲ့တဲ့အတွက် ဒဏ်ငွေရိုက်ခဲ့ပေမယ့် မှုခင်းဧရိယာ သတ်မှတ်ထားရာ မူကြိုကျောင်းဝင်းထဲ ဝင်ရောက်ခဲ့တဲ့ လုပ်ရပ်အတွက်တော့ သီးခြား ပြစ်ဒဏ် မချမှတ်တော့ပါဘူး။ ဒါပေမဲ့ CNN သတင်းထောက်တွေရဲ့ လုပ်ရပ်အပေါ် ရဲတပ်ဖွဲ့က ရှုတ်ချခဲ့သလို ဘောင်ကျော်တဲ့ အပြုအမူကြောင့် ဝေဖန်သံတွေလည်း ဆူညံလာခဲ့ပါတယ်။

သတင်းထောက် နှစ်ယောက်ကို ဘတ်ငွေ ၅၀၀၀ စီ ဒဏ်ကြေးတပ်ရိုက်ပြီး ထိုင်းနိုင်ငံကနေ ထွက်ခွာဖို့ ညွှန်ကြားခဲ့ကြောင်း ရဲတွေက ဆိုပါတယ်။ နှစ်ယောက်စလုံးက သူတို့ရဲ့ လုပ်ရပ်အတွက် တောင်းပန်ခဲ့ကြောင်း ရဲတွေက အတည်ပြုပါတယ်။ CNNရဲ့ နိုင်ငံတကာ သတင်းဆိုင်ရာ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌနဲ့ စီမံအုပ်ချုပ်မှု ဒါရိုက်တာ မိုက်ခ် မက္ကာသီကလည်း ဒီအမှားအယွင်းအပေါ် ဝန်ချ တောင်းပန်ခဲ့ပါတယ်။

မက္ကာသီက သူ့သတင်းထောက်တွေဟာ သူတို့ အနေနဲ့ မူကြိုကျောင်းထဲ ဝင်လို့ရတယ်လို့သာ သဘောရိုးနဲ့ ယူဆခဲ့ပြီး စည်းမျဉ်းတွေကို ချိုးဖောက်ဖို့တော့ မရည်ရွယ်ခဲ့ကြောင်း၊ နောက်ပိုင်းမှသာ အာဏာပိုင်တွေက ဒီကိစ္စကို ခွင့်မပြုမှန်း သိရှိခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ CNNရဲ့ သတင်း ရယူမှုကြောင့် အနှောင့်အယှက် ဖြစ်သွားသူ အားလုံးကိုရော၊ ထိုင်းရဲတပ်ဖွဲ့ကိုပါ သူ့အနေနဲ့ အထူးတလည် ဝမ်းနည်း နောင်တရမိတယ်ဆိုတာ သိစေချင်ကြောင်း မက္ကာသီက ဆိုပါတယ်။ CNNဟာ ဗီဒီယို မှတ်တမ်းတွေကို သတင်းဝက်ဘ်ဆိုက်ကနေလည်း ပြန်လည် ဖယ်ရှားလိုက်ပါတယ်။

အောက်တိုဘာ ၆ ရက်က ဖြစ်စဉ်မှာ မူးယစ်ဆေးမှုတွေနဲ့ ဆက်နွှယ်နေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ယောက်က ရန်လို တိုက်ခိုက်မှုကြောင့် ကလေး ၂၄ ဦး အပါအဝင် လူ ၃၆ ဦး သေဆုံးခဲ့ပါတယ်။

လောလောဆယ်တော့ CNNဟာ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ဝေဖန်မှုတွေကို ဆက်လက် ရပ်ဆိုင်နေရဆဲပါ။ ထိုင်းသတင်းထောက်များ အဖွဲ့ချုပ်ကလည်း CNNရဲ့ သတင်းရယူမှုဟာ ကျင့်ဝတ်ကင်းမဲ့ပြီး စည်းမစောင့်ရာ ရောက်တယ်လို့ ထုတ်ပြန်ပါတယ်။

CNN သတင်းအဖွဲ့ဟာ ရဲတွေ အလုပ်ရှုပ်နေချိန်အတွင်း အခင်းဖြစ်ရာ ဧရိယာမှာ ၁၅ မိနစ်လောက် ဗီဒီယို ရိုက်ကူးပြီးမှ ပြန်ထွက်လာခဲ့တာလို့ ဆိုပါတယ်။ ပြန်ထွက်တဲ့ အချိန်မှာ ကျောင်းဝင်းကို ပိတ်ထားလိုက်တာကြောင့် သတင်းထောက် နှစ်ဦးက စည်းရိုးနံရံကို ကျော်ပြီး အပြင်ထွက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ဖြစ်စဉ်ဟာ ခေတ်သစ် ထိုင်းနိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး အနေနဲ့လည်း မှတ်တမ်းဆိုး တွင်ကျန်ခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း Under Ground UG Family အဖွဲ့မှ ဦးဆောင်ကာ ယနေ့ နေ့လည်ပိုင်းတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေရရှိရေး အလှူငွေကောက်ခံမှုများ ပြုလုပ်ခဲ့ကြသည်။

သတင်း

"သူကခက်ခဲပေမယ့်အရှုံးမပေးဘဲ နောက်ဆုံးချိန်ထိကြိုးစားခဲ့တာပါ"ဟု သူနာပြုဆရာမသိင်္ဂီ၏ မိတ်​ဆွေတစ်ဦးကလည်း​ပြောသည်။

သတင်း

တိုက်ပွဲများအတွင်း KNLA၊ KNDOနှင့် မိတ်ဖက် တော်လှန် ရေးတပ်များဖက်မှ ၅ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိဟု ဖော်ပြထားသည်။

နိုင်ငံတကာ

ပန်ယာဟာ အခင်းဖြစ်တဲ့ နေရာကနေ အဖြူရောင် ပစ်ကပ် ထရပ်ကား တစ်စီးကို မောင်းပြေးသွားပြီး လမ်းမှာ ဆိုင်ကယ်စီးလာသူ နှစ်ယောက်ကို ဝင်တိုက်ခဲ့ပါသေးတယ်။ နောက်ဆုံးတော့ သူ့ဇနီးနဲ့ မယားပါသားကိုရော၊ သူ့ကိုယ်သူပါ သတ်ပစ်ပြီး အခုလို စက်ဆုပ်စရာ မှုခင်းကြီးကို အဆုံးသတ်လိုက်ပါတယ်။