Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်း နယ်စပ်နားကို ချဉ်းကပ်ပြီး ဘီလားရုစ် စစ်တပ်တွေ ဖြန့်ကျက်

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဘီလားရုစ် တပ်တွေဟာ ယူကရိန်းကို ကျူးကျော်ဖို့ ဟန်ပြင်နေတယ်လို့ ယူဆကြောင်း ပြောကြားထားပြီး အဲဒီတပ်တွေရဲ့ လှုပ်ရှားမှုကို ကူညီ စောင့်ကြည့်ပေးဖို့ G7 အဖွဲ့ဆီ တိုက်တွန်း တောင်းဆိုထားကြောင်း သိရပါတယ်။

ယူကရိန်း နယ်စပ်နားကို ချဉ်းကပ်ပြီး ဘီလားရုစ် စစ်တပ်တွေ ဖြန့်ကျက်
ယူကရိန်း နယ်စပ်နားကို ချဉ်းကပ်ပြီး ဘီလားရုစ် စစ်တပ်တွေ ဖြန့်ကျက်

ယူကရိန်း နယ်စပ်နဲ့ ကီလိုမီတာ အနည်းငယ်လောက် အကွာအထိ ဘီလားရုစ် စစ်တပ်တွေ ရှေ့တိုးပြီး ဖြန့်ကျက်လာခဲ့ကြောင်း သိရပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အမာခံ မဟာမိတ် တစ်ဦးဖြစ်တဲ့ ဘီလားရုစ် ဝန်ကြီးချုပ် အလက်ဇန္ဒား လူကာရှန်ကိုက နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းရပ်တည်မယ်လို့ ပြောကြားခဲ့ပြီး ရက်ပိုင်း အကြာမှာ တပ်တွေက နယ်စပ်နား ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဘီလားရုစ်ဟာ ယူကရိန်းနိုင်ငံ မြောက်ပိုင်းမှာ ကပ်လျက် တည်ရှိပြီး ရုရှားရဲ့ ကျူးကျော်စစ်ပွဲ အစတုန်းကလည်း ရုရှားတပ်တွေ ယူကရိန်းကို ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့ဖူးပါတယ်။ အခုအခါ ဘီလားရုစ် တပ်တွေ တော်တော်များများဟာ ယူကရိန်း နယ်စပ်နဲ့ ၁၇ ကီလိုမီတာလောက်အကွာ ယဲ့လ်စ်ခ် မြို့ထဲကို ရောက်ရှိနေကြပါတယ်။

ယူကရိန်း နယ်စပ်နားကို ရောက်နေတဲ့ ဘီလားရုစ် စစ်တပ်ရဲ့ ရည်ရွယ်ချက်နဲ့ အင်အား ဘယ်လောက်များများ ပါဝင်ဖွဲ့စည်းထားသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ မြို့ထဲမှာ စစ်တပ်တွေ နေရာယူထားတဲ့ အဆောက်အအုံတွေနားက ကျောင်းတွေကိုလည်း ယာယီ ပိတ်ထားစေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဘီလားရုစ် အစိုးရကတော့ ဒီဖြန့်ကျက်မှုဟာ ရန်လိုတဲ့ အဓိပ္ပါယ် မဟုတ်ဘဲ ကာကွယ်ရေး ကဏ္ဍအတွက်သာ ရည်ရွယ်တယ်လို့ ပြောပါတယ်။ အဲဒီ မတိုင်ခင်မှာ လူကာရှန်ကိုက ဘီလားရုစ် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စွမ်းရည်ကို ပြန်လည် စစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ ကြေညာထားပါသေးတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဘီလားရုစ် တပ်တွေဟာ ယူကရိန်းကို ကျူးကျော်ဖို့ ဟန်ပြင်နေတယ်လို့ ယူဆကြောင်း ပြောကြားထားပြီး အဲဒီတပ်တွေရဲ့ လှုပ်ရှားမှုကို ကူညီ စောင့်ကြည့်ပေးဖို့ G7 အဖွဲ့ဆီ တိုက်တွန်း တောင်းဆိုထားကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခင်က နှစ်ကြိမ်နှစ်ခါ ဆောင်ရွက်ခဲ့သော အစဉ်အလာရှိခဲ့သည့်အတိုင်း မြန်မာစစ်တပ်မှ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ ရရှိထားသော သက်သေအထောက်အထားများကို အသုံးပြု၍ အရေးယူပေးနိုင်ရေးအတွက် ICC သို့ အဆိုပြုရမည်ဟု ၎င်းက တိုက်တွန်းခဲ့သည်။

သတင်း

ယမန်နေ့တွင် ကျင်းပသည့် (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေး၌ ကလေးသူငယ်များအခွင့်အရေးနှင့်ပတ်သက်၍ သံအမတ်ကြီးက မြန်မာနိုင်ငံရှိ ကလေးငယ်များသည် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များတွင် အဓိကပစ်မှတ်ထားခံနေရကြောင်း ထည့်သွင်းအစီရင်ခံသည်။

ဗီဒီယို

သူရည်ညွှန်းတာက ရုရှား သိမ်းပိုက်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်က တံတားတစ်စင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကို ဆိုလိုတာပါ။ ပူတင်က အဲဒီကိစ္စဟာ ယူကရိန်း ကျူးလွန်တဲ့ အကြမ်းဖက်မှုလို့ စွပ်စွဲထားပေမယ့် ယူကရိန်းကတော့ ဝန်ခံတာ၊ ငြင်းဆန်တာ ဘာတစ်ခုမှ မရှိဘဲ နှုတ်ဆိတ်နေပါတယ်။

သတင်း

ပြည်သူများ အနေဖြင့် စစ်ကော်စီတပ် စစ်ကြောင်းများရှိပါက စစ်ကြောင်းဦးတည်ရာ လမ်းကြောင်းများသို့ မသွားစေလိုဟုလည်း ထီးလင်း PDFက ​မေတ္တာရပ်ခံထားသည်။