Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ် ရေလက်ကြားမှာ ရေနံတင်သင်္ဘော နစ်မြုပ်ပြီး မြန်မာ အရာရှိတစ်ဦး သေဆုံး

ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြီးသတ်လိုက်တဲ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာတော့ ရေယာဉ် အမှုထမ်း ၂၀ အနက် ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကြေညာပါတယ်။ သေဆုံးသူက ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။

ထိုင်ဝမ် ရေလက်ကြားမှာ ရေနံတင်သင်္ဘော နစ်မြုပ်ပြီး မြန်မာ အရာရှိတစ်ဦး သေဆုံး
ထိုင်ဝမ် ရေလက်ကြားမှာ ရေနံတင်သင်္ဘော နစ်မြုပ်ပြီး မြန်မာ အရာရှိတစ်ဦး သေဆုံး

ထိုင်ဝမ် ရေလက်ကြားမှာ ရေနံတင်သင်္ဘောတစ်စီး နစ်မြုပ်ပြီး မြန်မာနိုင်ငံသား ရေယာဉ် အရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက ထိုင်ဝမ်ပိုင် ဝူကျူကျွန်းရဲ့ တောင်ဖက် ရေမိုင် ၂၅ မိုင်လောက် အကွာမှာ Kelsey 2 ရေနံတင်သင်္ဘော နစ်မြုပ်ခဲ့ကြောင်း မိခင် ကုမ္ပဏီဖြစ်တဲ့ Wooshin Marineက ထုတ်ပြန်ပါတယ်။ သင်္ဘောဟာ ရေနံနဲ့ တခြား ဓာတုဗေဒပစ္စည်း တန်ချိန် ၇၅၀၀ လောက်ကို တင်ဆောင်ပြီး ဟောင်ကောင်ကနေ တောင်ကိုရီးယားနိုင်ငံ၊ ဂွန်ဆန်မြို့ကို ဦးတည် ခုတ်မောင်းနေရင်း နစ်မြုပ်သွားခဲ့တာပါ။

ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြီးသတ်လိုက်တဲ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာတော့ ရေယာဉ် အမှုထမ်း ၂၀ အနက် ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကြေညာပါတယ်။ သေဆုံးသူက ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံက သင်္ဘောသားရေးရာ သတင်းအချက်အလက်တွေ ဖော်ပြနေတဲ့ Facebook စာမျက်နှာတွေရဲ့ အဆိုအရတော့ Kelsey 2 နစ်မြုပ်မှုမှာ သေဆုံးသူဟာ မြန်မာနိုင်ငံသား Chief Officer ကိုတင်မောင်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ရေယာဉ် နစ်မြုပ်မှုနဲ့ ပတ်သက်လို့ ကုမ္ပဏီက စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ကနဦး သတင်း အချက်အလက်တွေအရ သင်္ဘောဟာ ပင်လယ်ပြင်မှာ ချွတ်ယွင်းမှုတစ်ခု ကြုံတွေ့ခဲ့တာကြောင့် အရှိန်လျှော့ မောင်းနှင်နေရာက အင်ဂျင်ခန်းထဲ ရေတွေဝင်လာပြီး နစ်မြုပ်သွားခဲ့တာလို့ သိရပါတယ်။

Kelsey 2 သင်္ဘောကို ၂၀၀၂ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး တောင်ကိုရီးယား နိုင်ငံမှာ မှတ်ပုံတင်ထားကြောင်း ကုမ္ပဏီက ထုတ်ပြန်တဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တောပုကျေးရွာသ​ည် မုံရွာခရိုင်အတွင်း ပျူစောထီးအားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး ၎င်းကျေးရွာရှိ ပျူများသည် ပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့ဝင်များ၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ် မှုဖြစ်စဥ်များ၌ ပါဝင်ခဲ့သည်။

သတင်း

မဏိပူရပြည်နယ်ဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ပြည်နယ်ဖြစ်ပြီး ပြည်နယ်အတွင်းက ခရိုင် ငါးခုဟာ မြန်မာနဲ့ထိစပ်နေပါတယ်။

ဗီဒီယို

နောက်ပိုင်းမှာ သေနတ်သမား နှစ်ယောက်ကို ရုရှား လုံခြုံရေး တပ်ဖွဲ့တွေက သုတ်သင်နိုင်ခဲ့ကြောင်း၊ ဒီဖြစ်စဉ်မှာ နောက်ထပ် ဒဏ်ရာရသူ ၁၅ ဦးလည်း ရှိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

အောက်တိုဘာ ၁၄ ရက် ညပိုင်းက ဘာတင်ခရိုင်မှာရှိတဲ့ အေမက်စ်ရာမြို့က ကျောက်မီးသွေးတွင်း တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းရင်းကို မသိရသေးပေမယ့် အမှားအယွင်း တစ်ခုကြောင့် မီသိန်းဓာတ်ငွေ့တွေ ယိုစိမ့်ရာက အစပြုခဲ့တယ်လို့ ယုံကြည်ရပါတယ်။