Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကျောက်ကပ်ပျက်လို့ ကလေး ၉၉ ဦးသေခဲ့တဲ့နောက် အင်ဒိုနီးရှားမှာ သောက်ဆေးအရည်တွေ ရောင်းချခွင့် ဆိုင်းငံ့ထား

ဒါပေမဲ့ ဂမ်ဘီယာကို တင်ပို့နေပြီး WHOက အသုံးပြုခွင့် ဆိုင်းငံ့စေခဲ့တဲ့ ဆေး ၄ မျိုးကို ပြည်တွင်းမှာ ရောင်းချနေတာတော့ မရှိဘူးလို့ အင်ဒိုနီးရှား အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး အေဂျင်စီက ပြောပါတယ်။

ကျောက်ကပ် ပျက်စီးမှုတွေကြောင့် ကလေး ၁၀၀ နီးပါး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး အင်ဒိုနီးရှားဟာ ချောင်းဆိုးပျောက်ဆေးနဲ့ တခြားသောက်ဆေးရည်တွေ အားလုံးကို ပြည်တွင်းမှာ ရောင်းချခွင့် ဆိုင်းငံ့ထားလိုက်ပါတယ်။

အင်ဒိုနီးရှား ကျန်းမာရေး ဝန်ကြီးဌာနက သောက်ဆေးရည်တွေ ရောင်းချခွင့် ပိတ်ပင်ကြောင်း အမိန့်ကို အခုသီတင်းပတ်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ပြည်တွင်းမှာ ဆိုးရွားတဲ့ ကျောက်ကပ် ပျက်စီးမှုတွေကြောင့် ကလေး ၉၉ ဦးထက်မနည်း သေဆုံးခဲ့တဲ့နောက် အခုလိုမျိုး အရေးပေါ် တုံ့ပြန်မှုတွေ စတင် ဆောင်ရွက်ခဲ့ရတာဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မိုဟာမက် ရှာရီလ်က ပြောပါတယ်။

အင်ဒိုနီးရှား ကျန်းမာရေး အာဏာပိုင်တွေဟာ စျေးကွက်ထဲ ပျံ့နှံ့နေတဲ့ မှတ်ပုံတင်မထားတဲ့ သောက်ဆေးတွေထဲမှာ ကျောက်ကပ် ထိခိုက်စေနိုင်တဲ့ အဆိပ်အတောက် ပစ္စည်းတွေ ပါဝင်နေသလား ဆိုတာကို ဓာတ်ခွဲ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ။ လက်ရှိ အချိန်ထိ အသက် ၆ နှစ်အောက် အရွယ်တွေ အများစု အပါအဝင် ကလေး ၂၀၆ ဦးဟာ ပြင်းထန်တဲ့ ကျောက်ကပ် ထိခိုက်မှုတွေ ကြုံတွေ့ခဲ့ပြီး ၉၉ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ရှာရီလ်က ဆိုပါတယ်။

ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကြိုတင် သတိထား တုံ့ပြန်တဲ့ အနေနဲ့ ဆေးဆိုင် အားလုံးမှာ သောက်ဆေးရည်တွေ လောလောဆယ် မရောင်းဖို့ မေတ္တာရပ်ခံထားကြောင်း သူက အတည်ပြုပါတယ်။

အစောပိုင်းမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ဂမ်ဘီယာမှာ သောက်ဆေးတွေကြောင့် ကလေး ၇၀ လောက် ကျောက်ကပ် ပျက်စီးပြီး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို အတည်ပြု ကြေညာခဲ့ပါသေးတယ်။ ကလေးတွေ သေဆုံးခဲ့မှုဟာ အိန္ဒိယ ကုမ္ပဏီ တစ်ခုက ထုတ်လုပ်တဲ့ ချောင်းဆိုးနဲ့ အဖျားပျောက် ဆေးရည် ၄ မျိုးနဲ့ ဆက်စပ်တယ်လို့ ယုံကြည်ရကြောင်း WHOက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဂမ်ဘီယာကို တင်ပို့နေပြီး WHOက အသုံးပြုခွင့် ဆိုင်းငံ့စေခဲ့တဲ့ ဆေး ၄ မျိုးကို ပြည်တွင်းမှာ ရောင်းချနေတာတော့ မရှိဘူးလို့ အင်ဒိုနီးရှား အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး အေဂျင်စီက ပြောပါတယ်။

ကနဦး တွေ့ရှိချက်တွေအရတော့ အင်ဒိုနီးရှားက နာမကျန်း ဖြစ်တဲ့ ကလေးငယ်တွေရဲ့ အိမ်တွေမှာ အသုံးပြုတဲ့ ချောင်းဆိုးပျောက် ဆေးရည်တွေမှာ ethylene glycolနဲ့ diethylene glycol ဓာတ်ပစ္စည်းတွေ ရောနှော ပါဝင်နေတာကို အင်ဒိုနီးရှား အာဏာပိုင်တွေက စိစစ် တွေ့ရှိထားပါတယ်။ အဲဒီ ဓာတ်ပစ္စည်းတွေဟာ သုတ်ဆေး၊ ပလပ်စတစ်နဲ့ အလှကုန်လို ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးဝင်ပြီး ချောင်းဆိုးပျောက်ဆေးထဲမှာ မရှိသင့်ကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး ဘူဒီ ဂူနာဒီ ဆာဒီကင်က ပြောကြားထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ မံယူးကြီးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာဆေးပေးခန်းနှင့် နေအိမ် ၅လုံးခန့်ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကို ပစ်မှတ်ထား တုန့်ပြန်ခြင်းသည် လူစိတ်မရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ကယားဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

သတင်း

ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်) နံနက် ၁၀ နာရီခန့်က ယင်းမာပင်နှင့် ပုလဲနယ်အတွင်းရှိ ကျေးရွာများကို မုံရွာ (နမခ)မှ ရဟတ်ယာဥ်လေးစီးဖြင့် လာရောက် ပစ်ခတ်ခဲ့သည်။

သတင်း

ယနေ့ (အောက်တိုဘာ ၁၉ရက်)နံနက်က ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း ပေါက်ကွဲမှု၊ ပစ်ခတ်မှုများနှင့် ပတ်သက်သောကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။