Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာဏာရပါတီ ညီလာခံ ပိတ်ပွဲကနေ တရုတ် သမ္မတဟောင်း ထပြန်

ဟူဟာ တရုတ်သမ္မတအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ တရုတ် သမ္မတအဖြစ် ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ အခမ်းအနား တက်ရောက်လာချိန်မှာ ဟူဟာ အတော်လေး အိုမင်းနေပြီး ဆံပင်တွေ ဖြူနေတာကိုလည်း တွေ့ရပါတယ်။

အာဏာရပါတီ ညီလာခံ ပိတ်ပွဲကနေ တရုတ် သမ္မတဟောင်း ထပြန်
အာဏာရပါတီ ညီလာခံ ပိတ်ပွဲကနေ တရုတ် သမ္မတဟောင်း ထပြန်

တရုတ် အာဏာရ ကွန်မြူနစ် ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံ ပိတ်ပွဲ အခမ်းအနားမှာ သမ္မတဟောင်း ဟူဂျင်တောင်က ရုတ်တရက် ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၇၉ နှစ်အရွယ် ဟူဟာ အစောပိုင်းတုန်းက ပေါ်လစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်တွေ ထိုင်ခွင့်ရတဲ့ ရှေ့ဆုံးတန်းမှာ လက်ရှိ သမ္မတ ရှီကျင့်ဖျင်နဲ့အတူ ထိုင်နေခဲ့ပါတယ်။ နောက်တော့ သူဟာ ရှီရယ်၊ ဝန်ကြီးချုပ် လီကီကျန်းရယ်နဲ့ ခပ်တိုးတိုး စကားပြောပြီးတဲ့နောက် လုံခြုံရေး တစ်ဦးရဲ့ အကူအညီနဲ့ ဘေဂျင်းမြို့ မဟာပြည်သူ့ ခန်းမဆောင်ထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဟူက ဝန်ကြီးချုပ် လီရဲ့ ပခုံးကို လက်နဲ့ အသာပုတ်သွားခဲ့ပြီး သူဘာကြောင့် ထွက်သွားတယ် ဆိုတာကိုတော့ ကွန်မြူနစ် ပါတီက မှတ်ချက် မပေးခဲ့ပါဘူး။ သမ္မတဟောင်းရဲ့ မျှော်လင့်မထားတဲ့ ထွက်ခွာသွားမှုကို အခမ်းအနားတက်ရောက် သတင်းယူနေတဲ့ နိုင်ငံတကာ မီဒီယာတွေလည်း သတိပြုမိခဲ့ကြပါတယ်။

ဟူဟာ တရုတ်သမ္မတအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ တရုတ် သမ္မတအဖြစ် ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ အခမ်းအနား တက်ရောက်လာချိန်မှာ ဟူဟာ အတော်လေး အိုမင်းနေပြီး ဆံပင်တွေ ဖြူနေတာကိုလည်း တွေ့ရပါတယ်။

အသက် ၆၉ နှစ်အရွယ် လက်ရှိ သမ္မတ ရှီကတော့ သူ့ရဲ့ တတိယမြောက် ၅ နှစ် သမ္မတ သက်တမ်းကို အခုအခမ်းအနားမှာ ကြေညာမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေး ပေးခံထားရပါတယ်။ ပါတီညီလာခံ ပိတ်ပွဲ အခမ်းအနားမှာ ရှီက ပါတီဝင်တွေ အနေနဲ့ အောင်မြင်မှုတွေ ရယူဖို့အတွက် ရုန်းကန် လှုပ်ရှားရဲကြဖို့ တိုက်တွန်းခဲ့ပြီး ကျိုးကျိုးနွံနွံနဲ့ အလုပ်ကြိုးစားစေလိုကြောင်းလည်း မိန့်ခွန်း ပြောကြားသွားခဲ့ပါတယ်။

You May Also Like

နိုင်ငံတကာ

ဗြိတိန်မှာတင် မကဘဲ တခြား အနောက်ဥရောပ နိုင်ငံတချို့ရဲ့ လေယာဉ်မှူးတွေကိုလည်း လေ့ကျင့် သင်တန်းပေးရေး ကိစ္စအတွက် သွေးဆောင် ချဉ်းကပ်တာမျိုးတွေက မကြာသေးခင် လပိုင်းတွေအတွင်း ပိုမို ထူပြောလာတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမြန်ဆုံး ဖြေရှင်းချက်ပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ကလည်း ဒီကိစ္စအတွက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

သတင်း

လေးနှစ်တစ်ကြိမ် ပုံမှန်ကျင်းပရန် သတ်မှတ်ထားသည့် KNU ညီလာခံကို ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့် ရွှေ့ဆိုင်းခဲ့သည်မှာ နှစ်နှစ်ပြည့်ပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

သတင်း

သဝဏ်လွှာတွင်CPC၏ခိုင်မာသည့် ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများသည် ကြီးမားသည့်အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် စီးပွားရေးဖွံ့ဖြိုးရေးတွင်လည်း ကြီးမားသောအောင်မြင်မှုများရရှိခဲ့ကြောင်း ဖော်ပြသည်။