Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အီတလီရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် မယ်လိုနီ ကျမ်းသစ္စာကျိန်ဆို

အောက်တိုဘာ ၂၂ ရက်မှာတော့ သမ္မတ ဆာဂျီယို မက်တာရယ်လာက မယ်လိုနီကို နိုင်ငံရဲ့ အကြီးအကဲအဖြစ် ရာထူးအပ်နှံကြောင်း တရားဝင် လက်မှတ်ရေးထိုးပြီး ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့ပါတယ်။ မယ်လိုနီနဲ့အတူ ဝန်ကြီး ၂၄ ဦးလည်း ကျမ်းကျိန်ခဲ့ကြပါတယ်။

အီတလီရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် မယ်လိုနီ ကျမ်းသစ္စာကျိန်ဆို
အီတလီရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် မယ်လိုနီ ကျမ်းသစ္စာကျိန်ဆို

အီတလီရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် ဂျော်ဂျီယာ မယ်လိုနီက တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်က အသက် ၄၅ နှစ်အရွယ် မယ်လိုနီဟာ ရောမမြို့မှာရှိတဲ့ သမ္မတ နန်းတော်မှာ သမ္မတ ရှေ့မှောက် ကျမ်းကျိန်ခဲ့တာ ဖြစ်ပါတယ်။ အီတလီ သမိုင်းမှာ အရင်တုန်းက အမျိုးသမီးတစ်ဦး ဝန်ကြီးချုပ် ဖြစ်တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးသေးပါဘူး။

မယ်လိုနီဟာ ဒုတိယ ကမ္ဘာစစ်တုန်းက သမိုင်းဆိုး တွင်ကျန်ရစ်သူ ဖက်ဆစ်ခေါင်းဆောင် ဘင်နီတို မူဆိုလီနီနောက်ပိုင်း အီတလီမှာ ပထမဆုံး အာဏာရလာတဲ့ လက်ယာစွန်း နိုင်ငံခေါင်းဆောင် အနေနဲ့လည်း သတ်မှတ် ခံရပါတယ်။ မယ်လိုနီက အီတလီသာ ပဓာနဆိုတဲ့ မူကို ကိုင်ဆွဲထားပေမယ့် သူ့အစိုးရဟာ ဥရောပနဲ့ NATO မဟာမိတ်တွေရဲ့ အကျိုးစီးပွားကိုလည်း ရှေ့ရှုသွားမယ်လို့ ဆိုပါတယ်။

သူဦးဆောင်တဲ့ အီတလီ ညီနောင်များ ပါတီဟာ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အရေအတွက် အများဆုံး ရရှိခဲ့ပါတယ်။ သူဟာ ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီရဲ့ ဖော်ဇာပါတီ အပါအဝင် လက်ယာယိမ်း နိုင်ငံရေး မဟာမိတ်တွေကို စည်းရုံးပြီး စုဖွဲ့ထားတဲ့ အစိုးရသစ်ကို ကျမ်းမကျိန်ခင် တစ်ရက် အလိုကတည်းက ကြေညာခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်မှာတော့ သမ္မတ ဆာဂျီယို မက်တာရယ်လာက မယ်လိုနီကို နိုင်ငံရဲ့ အကြီးအကဲအဖြစ် ရာထူးအပ်နှံကြောင်း တရားဝင် လက်မှတ်ရေးထိုးပြီး ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့ပါတယ်။ မယ်လိုနီနဲ့အတူ ဝန်ကြီး ၂၄ ဦးလည်း ကျမ်းကျိန်ခဲ့ကြပါတယ်။

ထူးခြားမှုက သူ့ရဲ့ အစိုးရ အဖွဲ့ထဲမှာ ဝန်ကြီး ၅ ဦးက ပါတီလက်ကိုင် မရှိသူတွေ ဖြစ်ပါတယ်။ ပြီးတော့ အစိုးရအဖွဲ့မှာ အမျိုးသမီး ၆ ဦး ပါရှိခဲ့ပါတယ်။ မယ်လိုနီဟာ မာရီယို ဒရာဂီ ဦးဆောင်တဲ့ အစိုးရဟောင်းရဲ့ နေရာမှာ အစားထိုး ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။

You May Also Like

ဗီဒီယို

ဗြိတိန် ဘုရင်မကြီး မကွယ်လွန်မီ တစ်ရက်လောက်ကမှ ဝန်ကြီးချုပ် ဖြစ်လာတဲ့ ထရက်စ်ဟာ ၄၅ ရက် အကြာမှာ ရာထူးက ထွက်ခွာတော့မယ့် အဓိပ္ပါယ်ပါပဲ။ သူ့ရဲ့ နုတ်ထွက်စာကို ချားလ်စ်ဘုရင်ဆီ ပေးပို့ထားပြီလို့လည်း ထရက်စ်က ဆိုပါတယ်။

သတင်း

ပြစ်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသား ရင်သား၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ စီရင်ဆောင်ရွက်နေသည်ဟုလည်း AAက ထုတ်ပြန်သည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေး ဟာ မြို့ပေါ်မှာတင် လုယက်တာ ၊ဓားပြတိုက်တာ ၊သတ်ဖြတ်တာတွေ မကြာခဏ ဖြစ်ပွားနေတာပါ။

သတင်း

ဒီလို နိုင်ငံရေးအကျဉ်းသူ တစ်ဦးကို အကြောင်းမဲ့ တိုက်ပိတ်တာကို ပြန်ထုတ်ပေးဖို့ တောင်းဆိုသူတွေကိုပါ ပြစ်ဒဏ် တိုက်ထဲ ထည့်ထားခဲ့တယ် အဲဒီစာမှာဖော်ပြထားပါတယ်။