Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်မှုဖြစ်၊ လိုက်ပါလာသူတွေ အထိအခိုက်မရှိ

A330 ခရီးသည်တင် လေယာဉ်ဟာ ပြေးလမ်းဆီ ချဉ်းကပ်ပြီး ဆင်းသက်ဖို့ ကြိုးစားပေမယ့် ရာသီဥတု ဆိုးရွားနေတဲ့ အခြေအနေတွေကြောင့် နှစ်ကြိမ်တိုင် မအောင်မြင်ခဲ့ပါဘူး။ တတိယ ဆင်းသက်တဲ့ အချိန်မှာတော့ ပြေးလမ်းနဲ့ လွဲချော်ပြီး မြက်ခင်းထဲ ခေါင်းစိုက် ဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်မှုဖြစ်
ဖိလစ်ပိုင်မှာ ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်မှုဖြစ်

ဖိလစ်ပိုင် နိုင်ငံမှာ လူ ၁၇၀ ကျော် လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်တစ်စီး ပြေးလမ်းချော်မှု ဖြစ်ခဲ့ပေမယ့် ကံအားလျော်စွာနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

အောက်တိုဘာ ၂၃ ရက်က ကိုရီးယား လေကြောင်းပိုင် ခရီးစဉ် လေယာဉ်ဟာ စီဘူ နိုင်ငံတကာ လေဆိပ်ရဲ့ ပြေးလမ်းကနေ ချော်ထွက်ပြီး မြက်ခင်းတစ်ခုဆီ ထိုးဆင်းသွားတာ ဖြစ်ပါတယ်။ A330 အမျိုးအစား လေယာဉ်ဟာ တောင်ကိုရီးယားရဲ့ မြို့တော် ဆိုးလ်ကနေ စီဘူကို ဦးတည် ပျံသန်းလာခဲ့တာပါ။

A330 ခရီးသည်တင် လေယာဉ်ဟာ ပြေးလမ်းဆီ ချဉ်းကပ်ပြီး ဆင်းသက်ဖို့ ကြိုးစားပေမယ့် ရာသီဥတု ဆိုးရွားနေတဲ့ အခြေအနေတွေကြောင့် နှစ်ကြိမ်တိုင် မအောင်မြင်ခဲ့ပါဘူး။ တတိယ ဆင်းသက်တဲ့ အချိန်မှာတော့ ပြေးလမ်းနဲ့ လွဲချော်ပြီး မြက်ခင်းထဲ ခေါင်းစိုက် ဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ခရီးသည်နဲ့ အမှုထမ်း ၁၇၃ ဦးဟာ အထိတ်တလန့် ဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ ခရီးသည်တွေကို လေဆိပ်နားက ဟိုတယ်တွေဆီ ပို့ဆောင်ပေးခဲ့ပြီး လိုရာခရီးဆက်မယ့် သူတွေကိုလည်း တခြားလေယာဉ်တွေ ပြောင်းလဲ စီစဉ်ပေးထားကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

မှတ်တမ်း ဗီဒီယိုနဲ့ ဓာတ်ပုံတွေ အရတော့ လေယာဉ်ရဲ့ ခေါင်းပိုင်းက အတော်လေး ထိခိုက် ပျက်စီးသွားသလို ရှေ့ဖက်မှာရှိတဲ့ လေယာဉ်ဘီးရဲ့ ဝင်ရိုးကလည်း ကျိုးသွားဟန် ရှိပါတယ်။ လေကြောင်းလိုင်း ဥက္ကဋ္ဌ ကီဟွန်ဝူက ခရီးသည်တွေအတွက် အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ ကိစ္စမျိုး ကြုံခဲ့တဲ့အပေါ် လေကြောင်းလိုင်း ဝက်ဘ်ဆိုက်ကနေ တောင်းပန်ထားပြီး ဖိလစ်ပိုင်၊ တောင်ကိုရီးယား အာဏာပိုင်တွေနဲ့အတူ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

အခု မတော်တဆမှု ဖြစ်ခဲ့တဲ့ A-330-300 အမျိုးအစား ဂျက်လေယာဉ်ဟာ ကိုရီးယား လေကြောင်းလိုင်းဆီ ၁၉၉၈ ခုနှစ်မှာ စတင် ရောက်ရှိနေခဲ့တာလို့ ဆိုပါတယ်။ လေယာဉ် ပြေးလမ်းချော်မှု အပြီးမှာတော့ လေဆိပ်ရဲ့ လုပ်ငန်းဆောင်ရွက်မှု တချို့ကို ဆိုင်းငံ့ခဲ့ရသလို လေဆိပ်ဆီ ဦးတည်လာတဲ့ တခြားလေယာဉ်တွေကိုလည်း လမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့ပါတယ်။

ကိုရီးယား လေကြောင်းလိုင်းဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း လူအသေအပျောက် ဖြစ်တဲ့ မတော်တဆမှုမျိုး မရှိခဲ့ပါဘူး။ ၂၀၀၀ ပြည့်နှစ်တွေ မတိုင်ခင်ကတော့ လေကြောင်းလိုင်းရဲ့ လုံခြုံရေး အစီအမံတွေက အားနည်းခဲ့ပေမယ့် Boeing ကုမ္ပဏီ၊ ဒယ်လ်တာ လေကြောင်းလိုင်းတွေရဲ့ အကူအညီကို ရယူခဲ့တဲ့နောက်ပိုင်း ကိုရီးယား လေကြောင်းလိုင်းရဲ့ လုံခြုံရေးဆိုင်ရာ စံနှုန်း အဆင့်တွေက သိသိသာသာ တိုးတက်လာခဲ့ပါတယ်။

Facebook

You May Also Like

သတင်း

ယာဉ်တိုက်မှုဖြစ်သည့် ခရီးသည်တင်ယာဉ်သည် ‌ရွှေစင်စင်္ကြာယာဉ်လိုင်းမှဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

နိုင်ငံတကာ

မားကို့စ်ဟာ အောက်တိုဘာ ၃ ရက် မနက်ပိုင်းမှာတော့ ဖိလစ်ပိုင်ကို ပြန်ရောက်နေပြီး မနီလာမြို့တော်က မြေအောက်ရထား ပရောဂျက်တစ်ခု အုတ်မြစ်ချ အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဗီဒီယို

မုန်တိုင်းကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လေပြင်းတွေလည်း တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့ပြီး အသေအပျောက်ကလည်း လက်ရှိထက် မြင့်တက်လာနိုင်ပါတယ်။

သတင်း

မကြာသေးမီက အတိုက်အခံတက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်ခြင်းနှင့် နိုင်ငံအတွင်း ရှည်ကြာနေသော နိုင်ငံရေးအကျပ်အတည်းအပါအဝင် မြန်မာ့အရေးကို လွန်စွာစိုးရိမ် ကြောင်းလည်း ခေါင်းဆောင်နှစ်ဦးက ပူးတွဲထုတ်ပြန်သည်။