Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာရှနွယ်ဖွား ဟိန္ဒူတစ်ဦး ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာတာကို ဘိုင်ဒန် ဂုဏ်ပြုကြိုဆို

ဆူနက်ခ်ဟာ အာဏာရ ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် ပြတ်ပြတ်သားသား မဲပေးရွေးချယ် ခံခဲ့ရတဲ့နောက် ချားလ်စ်ဘုရင်ဆီက အသိအမှတ် ပြုမှုကို ခံယူပြီး နိုင်ငံခေါင်းဆောင်သစ် ဖြစ်လာတော့မှာပါ။ သူဟာ ၄၅ ရက်တည်းနဲ့ ရာထူးက နုတ်ထွက်သွားခဲ့တဲ့ လစ်ဇ်ထရက်စ်ရဲ့ ဝန်ကြီးချုပ် အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

အာရှနွယ်ဖွား ဟိန္ဒူတစ်ဦး ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာတာကို ဘိုင်ဒန် ဂုဏ်ပြုကြိုဆို
အာရှနွယ်ဖွား ဟိန္ဒူတစ်ဦး ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာတာကို ဘိုင်ဒန် ဂုဏ်ပြုကြိုဆို

အာရှနွယ်ဖွားတစ်ဦး၊ ဟိန္ဒူဘာသာဝင် တစ်ဦးအနေနဲ့ ဗြိတိန်နိုင်ငံ သမိုင်းမှာ ပထမဆုံးအကြိမ် ဝန်ကြီးချုပ် ဖြစ်လာတဲ့ ရီရှီဆူးနက်ခ်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ချီးကျူး ဂုဏ်ပြုသွားခဲ့ပါတယ်။

ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဆူနက်ခ်ဟာ အသက် ၄၂ နှစ်သာ ရှိသေးတာကြောင့် ရောဘတ် ဘန့်ခ်စ် ဂျက်ဆင်ဆန်နောက်ပိုင်း ဗြိတိန်ရဲ့ နှစ်ပေါင်း ၂၀၀ ကျော် သမိုင်းကြောင်းတလျှောက် အသက် အငယ်ဆုံး ဝန်ကြီးချုပ် အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက ဒေးဗစ်ကင်မရွန် ဝန်ကြီးချုပ် ဖြစ်ခဲ့ချိန်မှာတောင် အသက် ၄၃ နှစ် ရှိနေပါပြီ။

ဆူနက်ခ်ဟာ အာဏာရ ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် ပြတ်ပြတ်သားသား မဲပေးရွေးချယ် ခံခဲ့ရတဲ့နောက် ချားလ်စ်ဘုရင်ဆီက အသိအမှတ် ပြုမှုကို ခံယူပြီး နိုင်ငံခေါင်းဆောင်သစ် ဖြစ်လာတော့မှာပါ။ သူဟာ ၄၅ ရက်တည်းနဲ့ ရာထူးက နုတ်ထွက်သွားခဲ့တဲ့ လစ်ဇ်ထရက်စ်ရဲ့ ဝန်ကြီးချုပ် အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

ဘိုင်ဒန်က ဗြိတိန်မှာ အာရှနွယ်ဖွားတစ်ဦး ပထမဆုံးအကြိမ် ဝန်ကြီးချုပ် ဖြစ်လာတယ် ဆိုတာက သိပ်အရေးကြီးတယ်လို့ ယူဆပြီး ထူးကဲတဲ့ ဖြစ်စဉ်တစ်ခုလို့ ညွှန်းဆိုခဲ့ပါတယ်။ ဟိန္ဒူရိုးရာ ဒေဝါလီနေ့ အခမ်းအနား တစ်ခုကို အိမ်ဖြူတော်မှာ လက်ခံ ကျင်းပနေရင်း ဘိုင်ဒန်က အိန္ဒိယမျိုးနွယ် မိဘတွေဆီက ဆင်းသက်လာသူ ဆူးနက်ခ်ကို အခုလို ဂုဏ်ပြုစကား ဆိုခဲ့တာပါ။

ဆူးနက်ခ်က ဗြိတိန် ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက် ခံရတာဟာ သူ့အတွက် ထူးကဲလွန်းတဲ့ အခြေအနေ တစ်ခုလို့ ဝန်ခံခဲ့ပါတယ်။ ပြီးတော့ ဗြိတိန် အနေနဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုကြီးတွေကို ရင်ဆိုင်နေရချိန်အတွင်း အာဏာရ ကွန်ဆာဗေးတစ် ပါတီထဲမှာရော၊ တစ်နိုင်ငံလုံး အနေနဲ့ပါ ပိုပြီး စည်းလုံးညီညွတ်ကြဖို့လည်း ဆူးနက်ခ်က တိုက်တွန်း တောင်းဆိုထားပါတယ်။

Facebook

You May Also Like

နိုင်ငံတကာ

ထရက်စ်ဟာ ရာထူးလက်ခံပြီး ၄၅ ရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၂၀ မှာ သူ့အနေနဲ့ ဝန်ကြီးချုပ် တစ်ဦးရဲ့ တာဝန် ဝတ္တရားတွေ ဆက်လက် ထမ်းဆောင်ဖို့ လုံလောက်တဲ့ အခြေအနေ မရှိကြောင်း ပြောကြားပြီး ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။

သတင်း

လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုအား မျက်ကွယ်ပြုသည့် မလေးရှားအစိုးရ၏ လုပ်ရပ် အပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်းလည်း ပေးစာ၌ ဖော်ပြသည်။

နိုင်ငံတကာ

အောက်တိုဘာ ၂၂ ရက်မှာတော့ သမ္မတ ဆာဂျီယို မက်တာရယ်လာက မယ်လိုနီကို နိုင်ငံရဲ့ အကြီးအကဲအဖြစ် ရာထူးအပ်နှံကြောင်း တရားဝင် လက်မှတ်ရေးထိုးပြီး ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့ပါတယ်။ မယ်လိုနီနဲ့အတူ ဝန်ကြီး ၂၄ ဦးလည်း ကျမ်းကျိန်ခဲ့ကြပါတယ်။

ဗီဒီယို

ဗြိတိန် ဘုရင်မကြီး မကွယ်လွန်မီ တစ်ရက်လောက်ကမှ ဝန်ကြီးချုပ် ဖြစ်လာတဲ့ ထရက်စ်ဟာ ၄၅ ရက် အကြာမှာ ရာထူးက ထွက်ခွာတော့မယ့် အဓိပ္ပါယ်ပါပဲ။ သူ့ရဲ့ နုတ်ထွက်စာကို ချားလ်စ်ဘုရင်ဆီ ပေးပို့ထားပြီလို့လည်း ထရက်စ်က ဆိုပါတယ်။