Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန်ရဲ့ ရေရှည်ပြိုင်ဘက်က တရုတ်တစ်နိုင်ငံတည်း ရှိလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီး သုံးသပ်

ရုရှားနဲ့ တရုတ်တို့ဆီက အန္တရာယ် ပေးလာနိုင်စွမ်းတွေဟာ ကွဲပြားတဲ့ ပုံသဏ္ဍန်တွေနဲ့ အသီးသီး အရေးကြီးတယ် ဆိုပေမယ့် ရုရှားဟာ အမေရိကန်ကို ရေရှည် ဖိအားပေးနိုင်တဲ့ အစီအမံတွေ မရှိသေးဘူးလို့ ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲက သုံးသပ်ပါတယ်။

အမေရိကန်ရဲ့ ရေရှည်ပြိုင်ဘက်က တရုတ်တစ်နိုင်ငံတည်း ရှိလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီး သုံးသပ်
အမေရိကန်ရဲ့ ရေရှည်ပြိုင်ဘက်က တရုတ်တစ်နိုင်ငံတည်း ရှိလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီး သုံးသပ်

ရုရှားရဲ့ ခြိမ်းခြောက်မှုတွေက စိုးရိမ်ရပေမယ့် တရုတ်ကသာ အမေရိကန်ရဲ့ တစ်ခုတည်းသော စိန်ခေါ်မှုအဖြစ် ရှိနေဦးမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က မှတ်ချက် ပေးခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်တို့ဆီက အန္တရာယ် ပေးလာနိုင်စွမ်းတွေဟာ ကွဲပြားတဲ့ ပုံသဏ္ဍန်တွေနဲ့ အသီးသီး အရေးကြီးတယ် ဆိုပေမယ့် ရုရှားဟာ အမေရိကန်ကို ရေရှည် ဖိအားပေးနိုင်တဲ့ အစီအမံတွေ မရှိသေးဘူးလို့ ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲက သုံးသပ်ပါတယ်။

ရုရှားနဲ့ မတူဘဲ တရုတ်ကတော့ အင်ဒို-ပစိဖိတ် ဒေသကို လွှမ်းမိုး ချုပ်ကိုင်ရေးနဲ့ ကိုယ်ကျိုးအတွက် နိုင်ငံတကာ စည်းမျဉ်း ကျင့်ဝတ်တွေကို ပြောင်းလဲနိုင်ရေးအတွက် ထဲထဲဝင်ဝင် ကြိုးစားနေပြီး အဲဒီ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်တဲ့ အင်အားမျိုးလည်း ရှိနေတယ်လို့ အော်စတင်က သတိပေးခဲ့ပါတယ်။

ရုရှားက အိမ်နီးချင်း နိုင်ငံတွေအပေါ် ရန်လို ခြိမ်းခြောက်နေသလို တရုတ်ကလည်း ထိုင်ဝမ်ကို သိမ်းယူဖို့ အစဉ်တစိုက် အားထုတ်နေကြောင်း သူက ထောက်ပြပါတယ်။ ဒါပေမဲ့ ရေရှည်အတွက် ဆိုရင်တော့ တရုတ်ကသာ အမေရိကန်ကို အားပြိုင် ရပ်တည်လိမ့်မယ်လို့လည်း ဝန်ကြီးက ဆက်ပြောပါတယ်။

နောက်ပြီး အမေရိကန်ဟာ တရုတ်နဲ့ ရုရှားတို့ရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုတွေကို ပိုမို အလေးထားဖို့ လိုလာပြီလို့လည်း အော်စတင်က ဝန်ခံပါတယ်။ ရုရှားက နျူကလီးယား လက်နက် အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံအနေနဲ့ ရပ်တည်နှင့်ပြီး ဖြစ်သလို တရုတ်ကလည်း နျူကလီးယား လက်နက်တိုက်ကို နှစ်စဉ် ဖြည့်တင်းနေကြောင်း၊ ၂၀၃၀ ပြည့်လွန်နှစ်တွေလောက်ကျရင် အမေရိကန်ဟာ သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် နျူကလီးယား လက်နက်နိုင်ငံ နှစ်ခုဆီက ကွဲပြားတဲ့ ဖိအားပေးမှုတွေကို တပြိုင်တည်း ကြုံလာနိုင်ကြောင်း ကာကွယ်ရေး မဟာဗျူဟာ အစီရင်ခံစာ အသစ်ကို ထုတ်ပြန်ချိန်မှာ အော်စတင်က မှတ်ချက် ပေးသွားခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်တွေကိုပါ ထည့်သွင်း သတိပေး ဖော်ပြထားပါတယ်။ ဥရောပမှာ NATOနဲ့ ရုရှားတပ်တွေက နျူကလီးယား မဟာဗျူဟာ တပ်ဖွဲ့တွေရဲ့ လေ့ကျင့်မှုတွေကို အပြိုင် လုပ်ဆောင်နေချိန်မှာ နျူကလီးယား ခြိမ်းခြောက်မှုတွေကို ထည့်သွင်း ဖော်ပြထားတဲ့ ပင်တဂွန် အစီရင်ခံစာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

You May Also Like

သတင်း

ယမန်နေ့ (အောက်တိုဘာ ၂၆ရက်)က NUG ရေဒီယိုအစီအစဉ်မှ ထုတ်လွှင့်ခဲ့သည့် ဝန်ကြီးဦးရည်မွန်၏ PDF ရဲဘော်များသို့ ပြောကြားချက်တွင် ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

သံတမန် အသိုက်အဝန်းက ပုဂ္ဂိုလ်တစ်ဦးနဲ့ အမေရိကန် အစိုးရ အရာရှိ နှစ်ဦးက အမေရိကန် စစ်တပ်ဟာ ဥရောပက NATO မဟာမိတ် အခြေစိုက် စခန်းတွေမှာ B61-12 မြေဆွဲအား ဗုံးအသစ်တွေ အမြန်ဆုံး ဖြန့်ကျက်ထားနိုင်အောင် ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကာတာက အိုင်အက်စ် အဖွဲ့ရဲ့ အင်အားကြီးထွားမှုကို ထိထိရောက်ရောက် ချိုးနှိမ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးဘဝကို အဓိပ္ပါယ် သတ်မှတ်တဲ့ အကြီးမားဆုံး အကြောင်းအရာမျိုးလို့ ညွှန်းဆိုလေ့ ရှိပါတယ်။

နိုင်ငံတကာ

ဟူဟာ တရုတ်သမ္မတအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ တရုတ် သမ္မတအဖြစ် ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ အခမ်းအနား တက်ရောက်လာချိန်မှာ ဟူဟာ အတော်လေး အိုမင်းနေပြီး ဆံပင်တွေ ဖြူနေတာကိုလည်း တွေ့ရပါတယ်။