Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ခင်ပွန်း တိုက်ခိုက်ခံရမှုကို ဘိုင်ဒန် ပြင်းပြင်းထန်ထန် ရှုတ်ချ

ဒီကိစ္စမျိုးဟာ စက်ဆုပ်စရာ ကောင်းလွန်းကြောင်း၊ အကြမ်းဖက်မှုတွေ၊ နိုင်ငံရေးအရ ရန်လိုတိုက်ခိုက်မှုတွေ၊ အမုန်းတရားတွေဟာ အမေရိကန်မှာ လုံးဝ မရှိသင့်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ခင်ပွန်း တိုက်ခိုက်ခံရမှုကို ဘိုင်ဒန် ပြင်းပြင်းထန်ထန် ရှုတ်ချ
အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ခင်ပွန်း တိုက်ခိုက်ခံရမှုကို ဘိုင်ဒန် ပြင်းပြင်းထန်ထန် ရှုတ်ချ

အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ ခင်ပွန်းဖြစ်သူ ရန်ပြုတိုက်ခိုက် ခံရတဲ့ ကိစ္စကို အစွန်းရောက် နိုင်ငံရေး ရန်လိုမှု တစ်ခုလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဝေဖန် ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက်က အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလော့စီရဲ့ ဆန်ဖရန်ဆစ္စကိုမြို့ နေအိမ်ထဲ ကျူးကျော်လာသူ တစ်ဦးက နန်စီရဲ့ ခင်ပွန်းသည် ပေါလ်ပလော့စီကို တိုက်ခိုက်ခဲ့ပါတယ်။ တူတစ်လက်ကို ကိုင်ပြီး ရန်ပြုခဲ့တဲ့ အမျိုးသားကို အသက် ၈၂ နှစ်အရွယ် ပေါလ်က အစွမ်းကုန် တုံ့ပြန် ခုခံခဲ့ပေမယ့် ဦးခေါင်းခွံ ကွဲအက်ပြီး ညာဖက်လက်မောင်းနဲ့ လက်ဖျံတွေမှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ အခုတော့ သူဟာ ခွဲစိတ်ကုသမှု ခံယူပြီး အခြေအနေ တိုးတက်လာနေပြီ ဖြစ်ပါတယ်။ ကျူးလွန်တဲ့ အမျိုးသားလည်း ဆေးရုံ ရောက်နေပါတယ်။

ရဲတွေက ဒေးဗစ်ဒီပေ့ပ်လို့ နာမည်ဖော်ပြထားတဲ့ အမျိုးသားဟာ တူကိုကိုင်ရင်း နန်စီရှိသလားလို့ အော်ဟစ်မေးမြန်းပြီး အိမ်ထဲ ဝင်လာခဲ့တာလို့ ဆိုပါတယ်။ အဲဒီအချိန်က နန်စီဟာ ဝါရှင်တန်ကို ရောက်နေခဲ့တာပါ။ နောက်တော့ ဒီပေ့ပ်က ပေါလ်ကို ရန်ပြုပြီး နှစ်ယောက်သား လုံးထွေး သတ်ပုတ်နေကြတဲ့ အချိန်မှာ ရဲတွေ ရောက်သွားကြတာပါ။ ဒီပေ့ပ်ကို လူသတ်ရန် ကြံစည်မှုနဲ့ စွဲချက်တင်သွားမယ်လို့ ဆန်ဖရန်ဆစ္စကို ရှေ့နေချုပ်ရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

သမ္မတ ဘိုင်ဒန်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချပြီး နိုင်ငံရေး အကြမ်းဖက်မှုတွေကို လုံးဝ လက်မခံဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။ ကျူးလွန်သူဟာ နန်စီရဲ့ နာမည်ကိုခေါ်ပြီး အိမ်ထဲ ဝင်လာကတည်းက သူဟာ အောက်လွှတ်တော် ဥက္ကဋ္ဌကို ပစ်မှတ်ထားခဲ့တယ်ဆိုတာ သိသာနေကြောင်း ဘိုင်ဒန်က ပြောပါတယ်။

ဒီကိစ္စမျိုးဟာ စက်ဆုပ်စရာ ကောင်းလွန်းကြောင်း၊ အကြမ်းဖက်မှုတွေ၊ နိုင်ငံရေးအရ ရန်လိုတိုက်ခိုက်မှုတွေ၊ အမုန်းတရားတွေဟာ အမေရိကန်မှာ လုံးဝ မရှိသင့်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

နန်စီဟာ ခင်ပွန်းသည်ရဲ့ သတင်းကို ကြားကြားချင်း ဝါရှင်တန်ကနေ ချက်ချင်းပြန်လာပြီး ဆေးရုံကို လိုက်သွားခဲ့ပါတယ်။ ပေါလ်ရဲ့ ဒဏ်ရာတွေက ပြင်းထန်ပေမယ့်လည်း သူဟာ အပြည့်အဝ ပြန်လည်သက်သာ ကျန်းမာလာမယ်လို့ ဆရာဝန်တွေက ပြောဆိုထားကြောင်း သိရပါတယ်။

You May Also Like

သတင်း

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း (၇)၊ တပ်ရင်း(၈)၊တပ်ရင်း(၁၉)၊ PRA နှင့် ဒေသခံPDFများပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

သတင်း

"ကောင်းကောင်းထိရင် အသေပဲဗျ။ ရှပ်ထိတာဖြစ်နိုင်တယ်။ ထိထိမိမိဆိုရင်နေရာတင် ပွဲချင်းပီးမှာ သေချာပါတယ်။ဒဏ်ရာရပြီး ပေါင်းတည်ဆေးရုံမှာ သုံးယောက်လို့ပဲ သိရသေးတယ်"ဟု ၎င်းက ပြောသည်။

သတင်း

ထိုဖြစ်စဥ်တွင် ရေဦးမြို့ဘက်သို့ စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်းသယ်လာပြီး ​ဒဏ်ရာရသူ ၅ဦး​ရှိကြောင်း KSO အဖွဲ့ တာဝန်ခံက ဆိုသည်။

သတင်း

“လက်ဦးမှုယူပြီးတိုက်တာ သေဆုံးဒဏ်ရာရတာတော့ သေချာမသိသေးဘူး”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။