Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆိုမာလီယာက လူစည်ကားရာ လမ်းဆုံမှာ ဗုံးကွဲမှုတွေကြောင့် ၁၀၀ ကျော်သေဆုံး

မျက်မြင်တွေရဲ့ အဆိုအရ ရပ်နားထားတဲ့ ကားနှစ်စီးဟာ မိနစ် အနည်းငယ်ပဲ ခြားပြီးတော့ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲတဲ့ အရှိန်က ပြင်းထန်လွန်းတာကြောင့် အနားမှာ ရှိနေတဲ့ အဆောက်အအုံတွေက မှန်တွေပါ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေကုန်ပါတယ်။

ဆိုမာလီယာက လူစည်ကားရာ လမ်းဆုံမှာ ဗုံးကွဲမှုတွေကြောင့် ၁၀၀ ကျော်သေဆုံး
ဆိုမာလီယာက လူစည်ကားရာ လမ်းဆုံမှာ ဗုံးကွဲမှုတွေကြောင့် ၁၀၀ ကျော်သေဆုံး

ဆိုမာလီယာ နိုင်ငံက လူအသွားအလာ စည်ကားရာ လမ်းဆုံလမ်းခွ တစ်ခုမှာ ဗုံးတွေ ဆက်တိုက် ပေါက်ကွဲခဲ့တာကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မိုဂါဒစ်ရှူး မြို့တော်က လူအသွားအလာ အရမ်းထူထပ်တဲ့ ဇိုဘီ လမ်းဆုံမှာ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့်အသိပ် တင်ထားပုံရတဲ့ ကားနှစ်စီး အချိန်ခြားပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးတဲ့နောက် မိုဂါဒစ်ရှူးမှာ ရှိတဲ့ ဆိုမာလီယာ ပညာရေး ဝန်ကြီးဌာနကို သေနတ်သမား တချို့က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ပါသေးတယ်။

အောက်တိုဘာ ၂၉ ရက်က တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ လတ်တလော ရထားတဲ့ သတင်းတွေအရ သေဆုံးသူ ၁၀၀ ကျော်ရှိပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း၊ သေကြေဒဏ်ရာရမှု စာရင်းတွေက ဆက်လက် မြင့်တက်လာနေဆဲဖြစ်ကြောင်း သမ္မတ ဟာဆန် ရှိတ်ခ် မိုဟာမွတ်က ပြောပါတယ်။ သမ္မတဟာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရာ လမ်းဆုံနေရာကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ရပ်နားထားတဲ့ ကားနှစ်စီးဟာ မိနစ် အနည်းငယ်ပဲ ခြားပြီးတော့ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲတဲ့ အရှိန်က ပြင်းထန်လွန်းတာကြောင့် အနားမှာ ရှိနေတဲ့ အဆောက်အအုံတွေက မှန်တွေပါ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေကုန်ပါတယ်။

ဇိုဘီလမ်းဆုံမှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်တုန်းကလည်း ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ ထရပ်ကားကြီးတစ်စီး ပေါက်ကွဲမှုကြောင့် လူ ၅၁၂ ဦး သေဆုံးပြီး ၂၉၀ ကျော် ဒဏ်ရာရခဲ့ဖူးပါတယ်။ အခုတော့ တူညီတဲ့ နေရာမှာ တူညီတဲ့ ဖြစ်စဉ်ကြောင့် နောက်ထပ် အပြစ်မဲ့ ပြည်သူတွေ ထိခိုက်ခဲ့ရကြောင်း သမ္မတက ဆိုပါတယ်။

ဆိုမာလီယာမှာ ဂျီဟတ် အစွန်းရောက် အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ အယ်လ်ရှာဘက်ဘ်ဟာ ကုလသမဂ္ဂ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ အစိုးရကို နှစ်ရှည်လများ တိုက်ခိုက်နေခဲ့ပါတယ်။ အယ်လ်ရှာဘက်ဘ်တွေဟာ အရင်ကလည်း မိုဂါဒစ်ရှူးမှာ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကတင် မိုဂါဒစ်ရှူးက ဟေးယက် ဟိုတယ်ကို အယ်လ်ရှာဘက် အကြမ်းဖက်သမားတွေက နာရီပေါင်း ၃၀ လောက် စီးနင်းထားခဲ့ရာက ၂၁ ဦးသေပြီး ၁၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။

You May Also Like

သတင်း

လျက်ဆားပုလင်းဗုံးနှင့်အတူသေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ရဲများ​သေဆုံးမှုအ​ရေအတွက်ကိုPeople's Spring ကသီးခြားအတည်မပြုနိုင်ပါ။

ဗီဒီယို

ကနဦးမှာတော့ နိုက်ကလပ် တစ်ခုမှာ အဆိပ်မိရာက လူတွေ သေကုန်တယ်လို့ ကောလာဟလတွေ ပျံ့နှံ့လာပေမယ့် ရဲတွေကတော့ လူအရမ်းများလို့ ပိမိကြ၊ အသက်ရှူကျပ်ကြပြီး သေဆုံးကုန်တာလို့ ပြောပါတယ်။ သေဆုံးသူ အများစုဟာ အသက် ၂၀ ကျော် မိန်းကလေးငယ်တွေ ဖြစ်ကြပါတယ်။

နိုင်ငံတကာ

အသေအပျောက် ပမာဏကို အတိအကျ အတည်မပြနိုင်ပေမယ့် လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ သေဆုံးသွားသူ အတော်များများရဲ့ ရုပ်အလောင်းတွေကို တန်းစီချထားပြီး လိုက်လံ ဖုံးကွယ်နေတာကို တွေ့ရပါတယ်။

နိုင်ငံတကာ

ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်မှာ အဓိက ကျွန်းမကြီးဖြစ်တဲ့ လူဇန်ကို မုန်တိုင်းက ကန့်လန့်ဖြတ် ဖြတ်သန်းသွားပြီး တောင်တရုတ် ပင်လယ်ဖက်ကို ဆက်လက် ရွေ့လျားသွားခဲ့ပါတယ်။